ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (10/10/20)

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ သူ အလိုရှိခဲ့တဲ့ ဒေါ့မွန်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဟာလန်းနဲ့ ဆန်ချို ကို မခေါ်နိုင်ဘဲ လက်လွှတ်ခဲ့ရတဲ့ အပေါ် စိတ်ပျက်နေပြီး ယူနိုက်တက်ဘက်က ထို တိုက်စစ်သမား နှစ်ဦးလုံးကို လက်မလျှော့သေးဘဲ ဆက်လက် စောင့်ကြည့်နေကာ နောက်အပြောင်းအရွှေ့များမှာ ထပ်မံ လှုပ်ရှားဖို့ ကြံရွယ်နေပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ကိုဗစ် ကာလအတွင်း ကလေးသူငယ်တွေရဲ့ စားနပ်ရိက္ခာအတွက် အဓိက ထောက်ပံ့တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကြောင့် ဂုဏ်ထူးဆောင် ဘွဲ့ MBE ချီးမြှင့် ခံလိုက်ရပါတယ်။ ရက်ဖို့ဒ်ကတော့ ကျောင်းတွေမှာ အခမဲ့ကျွေးတဲ့ ကိစ္စကို ဆက်လက် လုပ်ဆောင်ဖို့ ဝန်ကြီးချုပ်နဲ့ ပြောဆို ဆွေးနွေးလိုကြောင်း တောင်းဆိုထားခဲ့ပါတယ်။

စပါးကို ရှုံးနိမ့်တဲ့ပွဲမှာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က ကွင်းထဲမှာရော အဝတ်လဲခန်းမှာပါ အသင်းဖော်တွေကို လှုံ့ဆော် ပြောဆိုလွှမ်းမိုးခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားလဲလိုက်တကာ ၎င်းရဲ့ အပြုအမူတွေကြောင့် မဟုတ်ဘဲ ဆိုးရှားက နည်းဗျူဟာ အရ အပြောင်းအလဲ လုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တိုက်စစ်မှူးသစ် ကာဗာနီက ယနေ့မှာ အသင်းဝဘ်ဆိုဒ်ကနေ အင်တာဗျူး ပြုလုပ်သွားခဲ့ပြီး ယူနိုက်တက်သို့ ပြောင်းရွှေ့ မလာခင် အသင်းနည်းပြ ဆိုးရှားနဲ့ ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့ကာ နော်ဝေသားကြီးနဲ့ ပြောခဲ့ဆိုခဲ့တာတွေက အသင်းပြောင်းလာဖို့ အားတစ်ရပ် ဖြစ်စေခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ကာဗာနီဟာ ယူနိုက်တက် အတွက် စိတ်ဝင်စားစရာ မကောင်းတဲ့ ခေါ်ယူမှုဖြစ်သလို ကလပ်မှာ အဓိက ပြဿနာရှိနေတာက ခံစစ်ဖြစ်ပြီး နောက်တန်းအားဖြည့်မှုမရှိရင် ကာဗာနီကိုခေါ်တာက ဘာမှ အကျိုးရှိမှာမဟုတ်ဘူးလို့ ပေါလ်မာဆွန်က ပြောဆိုခဲ့ပါတယ်။

ကွင်းလယ် ကစားသမား ပေါ့ဘာက ဘောလုံးသမားတိုင်းဟာ ရီးရဲလ်မက်ဒရစ် လို အသင်းမှာ ကစားဖို့က အိပ်မက် ဖြစ်တယ်လို့ လမ်းဖွင့် စကား ဆိုလိုက်ပေမယ့် ရီးရဲလ်ဘက်ကတော့ ပေါ့ဘာကို ခေါ်ဖို့ အစီအစဉ် မရှိတော့ကြောင်း စပိန် နာမည်ကြီး AS သတင်းဌာနက ဖော်ထုတ်သွားပါတယ်။

ယူနိုက်တက်ဟာ နွေဈေးကွက် အပြောင်းအရွှေ့ ပိတ်ရက် မှာ ကစားသမားအချို့ ရခဲ့ပေမယ့် ဗဟိုနောက်ခံလူ မပါခဲ့သလို နောက်နွေရာသီမှာ ဗဟိုခံစစ် အသစ် တစ်ယောက်ကို ခေါ်ယူမှာဖြစ်ပြီး အူပါမီကာနို၊ ရာဖေး ဗာရန်း၊ ကူလီဘာလီတို့ကို လျာထားတယ်လို့သိရပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ သူ အလိုရွိခဲ့တဲ့ ေဒါ့မြန္ၾကယ္ပြင့္ေတြ ျဖစ္တဲ့ ဟာလန္းနဲ႕ ဆန္ခ်ိဳ ကို မေခၚနိုင္ဘဲ လက္လႊတ္ခဲ့ရတဲ့ အေပၚ စိတ္ပ်က္ေနျပီး ယူနိုက္တက္ဘက္က ထို တုိက္စစ္သမား နွစ္ဦးလံုးကို လက္မေလွ်ာ့ေသးဘဲ ဆက္လက္ ေစာင့္ၾကည့္ေနကာ ေနာက္အေျပာင္းအေရႊ႕မ်ားမွာ ထပ္မံ လႈပ္ရွားဖို႔ ၾကံရြယ္ေနပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ဟာ ကိုဗစ္ ကာလအတြင္း ကေလးသူငယ္ေတြရဲ႕ စားနပ္ရိကၡာအတြက္ အဓိက ေထာက္ပံ့ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့တဲ့ လႈပ္ရွားမႈေတြေၾကာင့္ ဂုဏ္ထူးေဆာင္ ဘြဲ႕ MBE ခ်ီးျမွင့္ ခံလိုက္ရပါတယ္။ ရက္ဖို႔ဒ္ကေတာ့ ေက်ာင္းေတြမွာ အခမဲ့ေကၽြးတဲ့ ကိစၥကို ဆက္လက္ လုပ္ေဆာင္ဖို႔ ၀န္ၾကီးခ်ဳပ္နဲ႕ ေျပာဆို ေဆြးေႏြးလိုေၾကာင္း ေတာင္းဆိုထားခဲ့ပါတယ္။

စပါးကို ရွံဳးနိမ့္တဲ့ပြဲမွာ ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္က ကြင္းထဲမွာေရာ အ၀တ္လဲခန္းမွာပါ အသင္းေဖာ္ေတြကို လွံဳ႕ေဆာ္ ေျပာဆိုလႊမ္းမိုးခဲ့ေပမယ့္ ဒုတိယပိုင္းမွာ လူစားလဲလိုက္တကာ ၄င္းရဲ႕ အျပဳအမူေတြေၾကာင့္ မဟုတ္ဘဲ ဆိုးရွားက နည္းဗ်ဴဟာ အရ အေျပာင္းအလဲ လုပ္ခဲ့ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

တိုက္စစ္မွဴးသစ္ ကာဗာနီက ယေန႔မွာ အသင္း၀ဘ္ဆိုဒ္ကေန အင္တာဗ်ဴး ျပဳလုပ္သြားခဲ့ျပီး ယူနိုက္တက္သို႔ ေျပာင္းေရႊ႕ မလာခင္ အသင္းနည္းျပ ဆိုးရွားနဲ႔ ေျပာဆိုေဆြးေႏြးမႈ ျပဳလုပ္ခဲ့ကာ ေနာ္ေ၀သားၾကီးနဲ႕ ေျပာခဲ့ဆိုခဲ့တာေတြက အသင္းေျပာင္းလာဖို႔ အားတစ္ရပ္ ျဖစ္ေစခဲ့ေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

ကာဗာနီဟာ ယူႏိုက္တက္ အတြက္ စိတ္ဝင္စားစရာ မေကာင္းတဲ့ ေခၚယူမႈျဖစ္သလို ကလပ္မွာ အဓိက ျပႆနာရွိေနတာက ခံစစ္ျဖစ္ၿပီး ေနာက္တန္းအားျဖည့္မႈမရွိရင္ ကာဗာနီကိုေခၚတာက ဘာမွ အက်ိဳးရွိမွာမဟုတ္ဘူးလို႔ ေပါလ္မာဆြန္က ေျပာဆိုခဲ့ပါတယ္။

ကြင္းလယ္ ကစားသမား ေပါ့ဘာက ေဘာလံုးသမားတိုင္းဟာ ရီးရဲလ္မက္ဒရစ္ လို အသင္းမွာ ကစားဖို႔က အိပ္မက္ ျဖစ္တယ္လို႔ လမ္းဖြင့္ စကား ဆိုလိုက္ေပမယ့္ ရီးရဲလ္ဘက္ကေတာ့ ေပါ့ဘာကို ေခၚဖို႔ အစီအစဥ္ မရွိေတာ့ေၾကာင္း စပိန္ နာမည္ၾကီး AS သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္။

ယူႏိုက္တက္ဟာ ေႏြေဈးကြက္ အေျပာင္းအေရႊ႕ ပိတ္ရက္ မွာ ကစားသမားအခ်ိဳ႕ ရခဲ့ေပမယ့္ ဗဟိုေနာက္ခံလူ မပါခဲ့သလို ေနာက္ေႏြရာသီမွာ ဗဟိုခံစစ္အသစ္တစ္ေယာက္ကို ေခၚယူမွာျဖစ္ၿပီး အူပါမီကာႏို၊ ရာေဖး ဗာရန္း၊ ကူလီဘာလီတို႔ကို လ်ာထားတယ္လို႔သိရပါတယ္။