ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (10/10/20)

ချယ်ဆီး ဂိုးသမား မန်ဒီဟာ ဒဏ်ရာကြောင့် ဆီနီဂေါ လက်ရွေးစင်အသင်းကနေ နုတ်ထွက်ခဲ့ရပေမယ့် စတန်းဖို့ဒ်ဘရစ်ခ်ျကို ပြန်ရောက်လာတဲ့နောက် သူ့ဒဏ်ရာ အခြေအနေက စိုးရိမ်စရာ မရှိတော့ပဲ ကောင်းမွန် လာပြီလို့ သိရပါတယ်။

ချယ်ဆီး အပယ်ခံကစားသမား ဗစ်တာ မော့ဆက်ဟာ နောက်နွေရာသီမှာ စာချုပ်သက်တမ်းမကုန်ခင် နောက်ထ ပ်အငှားချခံရဦးမှာဖြစ်ပြီး ရုရှားကလပ် စပါးတပ် မော်စကိုထံ အငှားပြောင်းရွှေ့ ကစားတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ်လူ ဟာကင် ဇီယက်ခ်ျဟာ ဆီနီဂေါကို ၃-ဝနဲ့နိုင်ခဲ့တဲ့ပွဲမှာ မော်ရိုကို အသင်းအတွက် မိနစ်၃၀ လူစားဝင်ကစားပေးခဲ့ပြီး အထင်ကြီးစရာ စွမ်းဆောင်ရည်ကို ပြသခဲ့သလို ဖရီးကစ်နေ အေရာဘီရဲ့ ခေါင်းတိုက်ဂိုးအတွက် ဖန်တီးပေးခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီနွေမှာ ဒီကလန်ရိုက်စ်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် နောက်နှစ်မှာ ထပ်မံကြိုးစားဦးမှာဖြစ်သလို ဝက်စ်ဟမ်းကတော့ ၎င်းကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ သေချာပြင်ဆင်ထားပြီး လစာ၂ဆနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အသင့် ပြင်နေပါတယ်။

ချယ်ဆီးဟာ နောက်နွေရာသီမှာ အတ္တလန္တာ ကွင်းလယ်လူ မာတင် ဒီရွန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနိုင်ပါတယ်။ အသက်၂၉နှစ်အရွယ် ကစားသမားဟာ နောက်နွေရာသီမှာ ဖရီးအေးဂျင့်ဖြစ်လာမှာဖြစ်သလို ဒီကလန် ရိုက်စ်ထက် ပိုသက်သာတဲ့ ရွေးချယ်စရာလဲဖြစ်ပါတယ်။

အိုလီဗီယာ ဂျီရူးဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဦးစားပေး မခံခဲ့ရတဲ့နောက် ဇန်နဝါရီနဲ့ နွေရာသီမှာထွက်ခွာဖို့ချိတ်ဆက်မှုရှိခဲ့ပေမယ့် ချယ်ဆီးမှာပဲ ဆက်နေဖြစ်ခဲ့တာပါ။ ဒါပေမယ့် သူဟာ ဒီနွေမှာ စီးရီးအေထံ ရောက်ရှိဖို့ နီးစပ်ခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးကစားသမားသစ် ဟာကင်ဇီယက်ခ်ျဟာ ရာသီကြိုခြေစမ်းပွဲဒဏ်ရာကြောင့် ရာသီအဖွင့်ပွဲတွေကို လွဲချော်ခဲ့ပေမယ့် နောက်တစ်ပတ် ဆောက်သမ်တန်နဲ့ပွဲမှာ ချယ်ဆီးအသင်းအတွက် သူ့ရဲ့ ပွဲဦးထွက်ကို ကစားရနိုင်ခြေရှိပါတယ်။

ချယ်ဆီး တိုက်စစ်မှူး ဂျီရူးဟာ လာမယ့်ဇန်နဝါရီမှာ စတန်းဖို့ဒ်ဘရစ်ခ်ျ သူ့အနာဂတ်ကို စဉ်းစားတော့မှာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူဟာ ကစားသမားသစ်တွေနဲ့ ရာသီသစ်မှာ နေရာပျောက်ခဲ့တဲ့နောက် ကာရာဘောင်းဖ လား၂ပွဲ အပါအဝင် စုစုပေါင်း ၃ပွဲသာ ကစားခဲ့ရတာပါ။

Zawgyi – ခ်ယ္ဆီး ဂိုးသမား မန္ဒီဟာ ဒဏ္ရာေၾကာင့္ ဆီနီေဂါ လက္ေ႐ြးစင္အသင္းကေန ႏုတ္ထြက္ခဲ့ရေပမယ့္ စတန္းဖို႔ဒ္ဘရစ္ခ္်ကို ျပန္ေရာက္လာတဲ့ေနာက္ သူ႔ဒဏ္ရာ အေျခအေနက စိုးရိမ္စရာ မရွိေတာ့ပဲ ေကာင္းမြန္ လာၿပီလို႔ သိရပါတယ္။

ခ်ယ္ဆီး အပယ္ခံကစားသမား ဗစ္တာ ေမာ့ဆက္ဟာ ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းမကုန္ခင္ ေနာက္ထ ပ္အငွားခ်ခံရဦးမွာျဖစ္ၿပီး ႐ုရွားကလပ္ စပါးတပ္ ေမာ္စကိုထံ အငွားေျပာင္းေ႐ႊ႕ ကစားေတာ့မွာ ျဖစ္ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္လူ ဟာကင္ ဇီယက္ခ္်ဟာ ဆီနီေဂါကို ၃-ဝနဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ေမာ္႐ိုကို အသင္းအတြက္ မိနစ္၃၀ လူစားဝင္ကစားေပးခဲ့ၿပီး အထင္ႀကီးစရာ စြမ္းေဆာင္ရည္ကို ျပသခဲ့သလို ဖရီးကစ္ေန ေအရာဘီရဲ႕ ေခါင္းတိုက္ဂိုးအတြက္ ဖန္တီးေပးခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဒီေႏြမွာ ဒီကလန္႐ိုက္စ္ကို မေခၚယူႏိုင္ခဲ့ေပမယ့္ ေနာက္ႏွစ္မွာ ထပ္မံႀကိဳးစားဦးမွာျဖစ္သလို ဝက္စ္ဟမ္းကေတာ့ ၄င္းကို ဆက္လက္ ထိန္းသိမ္းႏိုင္ဖို႔ ေသခ်ာျပင္ဆင္ထားၿပီး လစာ၂ဆနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အသင့္ ျပင္ေနပါတယ္။

ခ်ယ္ဆီးဟာ ေနာက္ေႏြရာသီမွာ အတၱလႏၲာ ကြင္းလယ္လူ မာတင္ ဒီ႐ြန္းကို ေခၚယူဖို႔ ပစ္မွတ္ထားႏိုင္ပါတယ္။ အသက္၂၉ႏွစ္အ႐ြယ္ ကစားသမားဟာ ေနာက္ေႏြရာသီမွာ ဖရီးေအးဂ်င့္ျဖစ္လာမွာျဖစ္သလို ဒီကလန္ ႐ိုက္စ္ထက္ ပိုသက္သာတဲ့ ေ႐ြးခ်ယ္စရာလဲျဖစ္ပါတယ္။

အိုလီဗီယာ ဂ်ီ႐ူးဟာ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ဦးစားေပး မခံခဲ့ရတဲ့ေနာက္ ဇန္နဝါရီနဲ႔ ေႏြရာသီမွာထြက္ခြာဖို႔ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ ခ်ယ္ဆီးမွာပဲ ဆက္ေနျဖစ္ခဲ့တာပါ။ ဒါေပမယ့္ သူဟာ ဒီေႏြမွာ စီးရီးေအထံ ေရာက္ရွိဖို႔ နီးစပ္ခဲ့တယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးကစားသမားသစ္ ဟာကင္ဇီယက္ခ္်ဟာ ရာသီႀကိဳေျခစမ္းပြဲဒဏ္ရာေၾကာင့္ ရာသီအဖြင့္ပြဲေတြကို လြဲေခ်ာ္ခဲ့ေပမယ့္ ေနာက္တစ္ပတ္ ေဆာက္သမ္တန္နဲ႔ပြဲမွာ ခ်ယ္ဆီးအသင္းအတြက္ သူ႔ရဲ႕ ပြဲဦးထြက္ကို ကစားရႏိုင္ေျခရွိပါတယ္။

ခ်ယ္ဆီး တိုက္စစ္မႉး ဂ်ီ႐ူးဟာ လာမယ့္ဇန္နဝါရီမွာ စတန္းဖို႔ဒ္ဘရစ္ခ္် သူ႔အနာဂတ္ကို စဥ္းစားေတာ့မွာျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။ သူဟာ ကစားသမားသစ္ေတြနဲ႔ ရာသီသစ္မွာ ေနရာေပ်ာက္ခဲ့တဲ့ေနာက္ ကာရာေဘာင္းဖ လား၂ပြဲ အပါအဝင္ စုစုေပါင္း ၃ပြဲသာ ကစားခဲ့ရတာပါ။