ယေန႔ ေနာက္ဆံုးရ လီဗာပူးနဲ႕ ယူနိုက္တက္ သတင္းတိုမ်ား

လီဗာပူးအသင္းဟာ ညက ဘုန္းေမာက္နဲ႕ ပြဲမွာ တိုက္စစ္မွဴး ဆာလက္၊ မာေနးတို႔ သြင္းဂိုးေတြနဲ႕ အနိုင္ရရွိခဲ့ျပီး အမွတ္ေပးဖလား ခ်န္ပီယံ ျဖစ္ဖို႔ ေျခတစ္လွမ္း တိုးသြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ကစားသမားေဟာင္းၾကီးေတြျဖစ္တဲ့ ခေရာ့နဲ႔ ဖာဒီနန္တို႔က လီဗာပူးအသင္းသား ဂ်ိမ္းမီလ္နာရဲ႕ စိတ္ဓါတ္ ျပင္းျပမႈနဲ႔ ေနာက္ဆံုးခ်ိန္ ထိ မေလ်ာ့တဲ့ အားထုတ္မႈေတြကို အထူးခ်ီးက်ဴးမႈ လုပ္သြားခဲ့ပါတယ္။

ဘုန္းေမာက္ မန္ေနဂ်ာ ဟိုဝီက ဒီအေျခအေနမွာ လီဗာပူးက ကမၻာအေကာင္းဆံုး အသင္းပါလို႔ ဆိုလိုက္ပါတယ္။ သူတို႔အသင္းက ႏွလံုးသားနဲ႔ ပြဲကို ကစားခဲ့ေပမယ့္ အန္ဖီးမွာ လီဗာပူးထံက ရမွတ္ခြဲယူဖို႔ကေတာ့ မျဖစ္ႏုိင္ဘူးလို႔ ဝန္ခံလိုက္ပါတယ္။

ယူႏိုက္တက္ကြင္းလယ္လူ မာတစ္ဟာ စာခ်ဳပ္သစ္မွာ လက္မွတ္ထိုးဖို႔ သေဘာတူညီလိုက္ျပီ ျဖစ္ၾကာင္း မန္ခ်က္စတာဒါဘီပြဲၾကိဳမွာ ဆိုးရွားက ထုတ္ေျပာခဲပါတယ္။ မာတစ္က လာမယ့္ရာသီမွာလည္း ကလပ္မွာ ဆက္ရွိေနဖို႔ ရာႏႈန္းျပည့္ ေသခ်ာတယ္လို႔ ၄င္းက ဆိုပါတယ္။

မန္စီးတီး ေတာင္ပံသမား စတာလင္ က ဒီည ပြဲမွာ ဂိုး ရေအာင္ သြင္းၿပီး မန္ခ်က္စတာ ယူႏိုက္တက္ ဘက္ကို ဂိုး မသြင္း ႏိုင္ေသးတဲ့ မွတ္တမ္း ကို ေခ်ဖ်က္ ပစ္မယ္ လို႔ ေျပာဆို သြားခဲ့ ပါတယ္။ စတာလင္ဟာ ၁၁ ပြဲ ဆက္တိုက္ ဂိုးေပါက္ ေပ်ာက္ဆုံး ေနသူ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ရွက္ဖီးယူႏိုက္တက္မွာ လက္စြမ္းျပေနတဲ့ ယူႏိုက္တက္ အရံဂိုးသမား ဟန္ဒါဆန္ရဲ႕ လက္စြမ္းကို သေဘာက်တာေၾကာင့္ ကစားသမားကို ေစာင့္ၾကည့္ေနၿပီး အခြင့္အေရး ရလာပါက တရားဝင္ ကမ္းလွမ္းမႈေတြ ျပဳလုပ္လာဖြယ္ ရွိေနပါတယ္။

Unicode – လီဗာပူးအသင်းဟာ ညက ဘုန်းမောက်နဲ့ ပွဲမှာ တိုက်စစ်မှူး ဆာလက်၊ မာနေးတို့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ဖို့ ခြေတစ်လှမ်း တိုးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ ခရော့နဲ့ ဖာဒီနန်တို့က လီဗာပူးအသင်းသား ဂျိမ်းမီလ်နာရဲ့ စိတ်ဓါတ် ပြင်းပြမှုနဲ့ နောက်ဆုံးချိန် ထိ မလျော့တဲ့ အားထုတ်မှုတွေကို အထူးချီးကျူးမှု လုပ်သွားခဲ့ပါတယ်။

ဘုန်းမောက် မန်နေဂျာ ဟိုဝီက ဒီအခြေအနေမှာ လီဗာပူးက ကမ္ဘာအကောင်းဆုံး အသင်းပါလို့ ဆိုလိုက်ပါတယ်။ သူတို့အသင်းက နှလုံးသားနဲ့ ပွဲကို ကစားခဲ့ပေမယ့် အန်ဖီးမှာ လီဗာပူးထံက ရမှတ်ခွဲယူဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ဝန်ခံလိုက်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ မာတစ်ဟာ စာချုပ်သစ်မှာ လက်မှတ်ထိုးဖို့ သဘောတူညီလိုက်ပြီ ဖြစ်ကြာင်း မန်ချက်စတာဒါဘီပွဲကြိုမှာ ဆိုးရှားက ထုတ်ပြောခဲပါတယ်။ မာတစ်က လာမယ့်ရာသီမှာလည်း ကလပ်မှာ ဆက်ရှိနေဖို့ ရာနှုန်းပြည့် သေချာတယ်လို့ ၎င်းက ဆိုပါတယ်။

မန်စီးတီး တောင်ပံသမား စတာလင် က ဒီည ပွဲမှာ ဂိုး ရအောင် သွင်းပြီး မန်ချက်စတာ ယူနိုက်တက် ဘက်ကို ဂိုး မသွင်း နိုင်သေးတဲ့ မှတ်တမ်း ကို ချေဖျက် ပစ်မယ် လို့ ပြောဆို သွားခဲ့ ပါတယ်။ စတာလင်ဟာ ၁၁ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံး နေသူ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ရှက်ဖီးယူနိုက်တက်မှာ လက်စွမ်းပြနေတဲ့ ယူနိုက်တက် အရံဂိုးသမား ဟန်ဒါဆန်ရဲ့ လက်စွမ်းကို သဘောကျတာကြောင့် ကစားသမားကို စောင့်ကြည့်နေပြီး အခွင့်အရေး ရလာပါက တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိနေပါတယ်။