ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (10/10/20)

ဒန်နီ ဆီဘယ်လော့ဟာ အာတီတာလက်အောက်မှာ အငှား ကစားရင်း ပျော်ရွှင်မှုတွေ ရခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ကနေ တစ်ရာသီအငှားနဲ့ အမ်းမရိတ်စ်ထံ နောက်တစ်ခေါက် ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ လိုင်ယွန် ကွင်းလယ်လူ အော်ဝါကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အော်ဝါရဲ့အစ်ကိုဖြစ်သူ ကိုယ်စားလှယ် ဘရာဟင်ကို အေးဂျင့်ကြေး ပေါင် ၁၀သန်း ပေးဖို့ ငြင်းပယ်ခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာလို့ သိရပါတယ်။

အိုဇေးဟာ ဒီရာသီ အာဆင်နယ် အတွက် လုံးဝ ကစားခွင့်မရတဲ့အပြင် အာတီတာရဲ့ ယူရိုပါလိဂ် လူစာရင်းကနေ ချန်လှပ်ခံထားခဲ့ရတဲ့နောက် အနာဂတ်က မေးခွန်းထုတ်စရာဖြစ်ခဲ့ပေမယ့် စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးမှု မလုပ်ရသေးဘူးလို့ သိရပါတယ်။

ဂွမ်ဒူဇီဟာ မနှစ်က အာတီတာရဲ့ သဘောကျမှုကို မခံခဲ့ရတဲ့နောက် ဒီနွေမှာ ဟာသာဘာလင်ကို အငှားပြောင်းရွှေ့ခဲ့ပေမယ့် သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝက မပြီးဆုံးသေးပဲ အမ်းမရိတ်စ်ထံ အကောင်းဆုံး ပုံစံနဲ့ ပြန်လာဦးမှာပါလို့ ပြောဆိုခဲ့ပါတယ်။

အိုဇေးဟာ အမ်းမရိတ်စ်မှာ နေရာမရတဲ့အပြင် အာဆင်နယ်က တာဝန်ရပ်စဲခဲ့တဲ့ လာဘ်ကောင်အရုပ် ဂန်းနားဆောရပ်စ်ကို လစာစိုက်ပေးဖို့ လူသိရှင်ကြား ဖွင့်ဟခဲ့ပြီး ကလပ်ရဲ့အမြင်မကြည်မှုကို ခံခဲ့ရပေမယ့် သူ့ကို နေရာပြန်ပေးဖို့ အာတီတာက တံခါးဖွင့်ထားဆဲလို့ သိရပါတယ်။

ကိုလာဆီနက်ဟာ ဘော့စနီးယား အတွက် ကစားပေးရင်း ဒဏ်ရာရခဲ့တဲ့နောက် သူ့ရဲ့ ကြံ့ခိုင်မှုအခြေအနေကို စောင့်ကြည့်ရဦးမှာဖြစ်သလို တီရာနေးမပါနိုင်တဲ့အချိန် သူပါ ဒဏ်ရာပြင်းထန်ခဲ့ရင်တော့ အာဆင်နယ် အတွက် စိတ်ပျက်စရာ ဖြစ်စေမှာပါ။

အာဆင်နယ်ဟာ စာချုပ် သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေတဲ့ အိုဇေးကို ရောင်းထုတ်ချင်နေပေမယ့် ကွင်းလယ်လူက အာဆင်နယ်မှာ ဆက်နေဖို့အတွက် ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ် ခဲ့တာကြောင့် ခရွန်ကီက စိတ်ပျက်နေပါတယ်။

မက်ဒရစ်ဟာ ဆီဘယ်လော့ကို အပြီးသတ် ဝယ်ယူခွင့်နဲ့အတူ အငှားခေါ်ချင်တဲ့ အာဆင်နယ်ရဲ့ တောင်းဆိုမှုကို လက်မခံတာကြောင့် အာတီတာက သူ့ကို အငှားမခေါ်နိုင်မှာစိုးတဲ့အတွက် မက်ဒရစ်ရဲ့ဆန္ဒကိုလိုက်လျောဖို့ ကလပ်ကို တိုက်တွန်းခဲ့တယ် လို့ သိရပါတယ်။

Zawgyi – ဒန္နီ ဆီဘယ္ေလာ့ဟာ အာတီတာလက္ေအာက္မွာ အငွား ကစားရင္း ေပ်ာ္႐ႊင္မႈေတြ ရခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ကေန တစ္ရာသီအငွားနဲ႔ အမ္းမရိတ္စ္ထံ ေနာက္တစ္ေခါက္ ျပန္လာဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ေႏြအေျပာင္းအေ႐ႊ႕မွာ လိုင္ယြန္ ကြင္းလယ္လူ ေအာ္ဝါကို ေခၚယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ေအာ္ဝါရဲ႕အစ္ကိုျဖစ္သူ ကိုယ္စားလွယ္ ဘရာဟင္ကို ေအးဂ်င့္ေၾကး ေပါင္ ၁၀သန္း ေပးဖို႔ ျငင္းပယ္ခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕ မျဖစ္ခဲ့တာလို႔ သိရပါတယ္။

အိုေဇးဟာ ဒီရာသီ အာဆင္နယ္ အတြက္ လုံးဝ ကစားခြင့္မရတဲ့အျပင္ အာတီတာရဲ႕ ယူ႐ိုပါလိဂ္ လူစာရင္းကေန ခ်န္လွပ္ခံထားခဲ့ရတဲ့ေနာက္ အနာဂတ္က ေမးခြန္းထုတ္စရာျဖစ္ခဲ့ေပမယ့္ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ေဆြးေႏြးမႈ မလုပ္ရေသးဘူးလို႔ သိရပါတယ္။

ဂြမ္ဒူဇီဟာ မႏွစ္က အာတီတာရဲ႕ သေဘာက်မႈကို မခံခဲ့ရတဲ့ေနာက္ ဒီေႏြမွာ ဟာသာဘာလင္ကို အငွားေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ သူ႔ရဲ႕ အာဆင္နယ္ ကစားသမားဘဝက မၿပီးဆုံးေသးပဲ အမ္းမရိတ္စ္ထံ အေကာင္းဆံုး ပုံစံနဲ႔ ျပန္လာဦးမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

အိုေဇးဟာ အမ္းမရိတ္စ္မွာ ေနရာမရတဲ့အျပင္ အာဆင္နယ္က တာဝန္ရပ္စဲခဲ့တဲ့ လာဘ္ေကာင္အ႐ုပ္ ဂန္းနားေဆာရပ္စ္ကို လစာစိုက္ေပးဖို႔ လူသိရွင္ၾကား ဖြင့္ဟခဲ့ၿပီး ကလပ္ရဲ႕အျမင္မၾကည္မႈကို ခံခဲ့ရေပမယ့္ သူ႔ကို ေနရာျပန္ေပးဖို႔ အာတီတာက တံခါးဖြင့္ထားဆဲလို႔ သိရပါတယ္။

ကိုလာဆီနက္ဟာ ေဘာ့စနီးယား အတြက္ ကစားေပးရင္း ဒဏ္ရာရခဲ့တဲ့ေနာက္ သူ႔ရဲ႕ ႀကံ့ခိုင္မႈအေျခအေနကို ေစာင့္ၾကည့္ရဦးမွာျဖစ္သလို တီရာေနး မပါႏိုင္တဲ့အခ်ိန္ သူပါ ဒဏ္ရာျပင္းထန္ခဲ့ရင္ေတာ့ အာဆင္နယ္ အတြက္ စိတ္ပ်က္စရာ ျဖစ္ေစမွာပါ။

အာဆင္နယ္ဟာ စာခ်ဳပ္ သက္တမ္း ေနာက္ဆုံးႏွစ္ကို ေရာက္ေနတဲ့ အိုေဇးကို ေရာင္းထုတ္ခ်င္ေနေပမယ့္ ကြင္းလယ္လူက အာဆင္နယ္မွာ ဆက္ေနဖို႔အတြက္ ေဆာ္ဒီကလပ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ ခဲ့တာေၾကာင့္ ခ႐ြန္ကီက စိတ္ပ်က္ေနပါတယ္။

မက္ဒရစ္ဟာ ဆီဘယ္ေလာ့ကို အၿပီးသတ္ ဝယ္ယူခြင့္နဲ႔အတူ အငွားေခၚခ်င္တဲ့ အာဆင္နယ္ရဲ႕ ေတာင္းဆိုမႈကို လက္မခံတာေၾကာင့္ အာတီတာက သူ႔ကို အငွားမေခၚႏိုင္မွာစိုးတဲ့အတြက္ မက္ဒရစ္ရဲ႕ဆႏၵကိုလိုက္ေလ်ာဖို႔ ကလပ္ကို တိုက္တြန္းခဲ့တယ္ လို႔ သိရပါတယ္။