ဆောက်သမ်တန်နဲ့ ပွဲမှာ မြင်ရဖို့ ရှိတဲ့ ချယ်ဆီးအသင်းရဲ့ အလန်းဆုံး အပျံစား တိုက်စစ်အင်အားစု

ချယ်ဆီးအသင်းဟာ နွေမှာ ပါရမီရှိ တိုက်စစ်သမားတွေ အများအပြား ခေါ်ယူအားဖြည့်ထားခဲ့တာ ဖြစ်ပါတယ်။ ဂျာမန် အတွဲ ဖြစ်တဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ ရောက်ရှိလာခဲ့တာက ချယ်ဆီး အသင်းမှာ ရှိပြီးသား တိုက်စစ်ကောင်းတွေ ဖြစ်တဲ့ ပူလီဆစ်၊ အိုဒွိုင်း၊ အေဗရာဟမ်တို့နဲ့ ပေါင်းရင် အလန်းစား ဖြစ်သွားမယ် မျှော်လင့်ထားခဲ့ကြပါတယ်။

ဒါပေမယ့် တကယ့် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပေါင်းစပ်မှုကတော့ ဟာကင် ဇီယက်ချ် ပါမှ ဖြစ်မယ်လို့ လန်ဒန် သတင်းဌာနက သုံးသပ်ထားပါတယ်။ အသက် ၂၇ နှစ် အရွယ် မော်ရိုကိုသားကို ချယ်ဆီးအသင်းဟာ အေဂျက်စ် အသင်းထံကနေ ပေါင် ၃၃.၄ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဇန်ဝါရီ အပြောင်းအရွှေ့ ပြီးတည်းက ကြိုတင်လှုပ်ရှားကာ သဘောတူညီမှု အရင် ယူထားခဲ့ရသူ ဖြစ်ပါတယ်။

ဇီယက်ဟာ အသင်းသစ် ချယ်ဆီးအတွက် အခုချိန်ထိ ပါဝင် ကစားရခြင်း မရှိသေးပါဘူး။ သြဂုတ်လထဲက ရာသီကြို ပြင်ဆင်မှု အနေနဲ့ ဘရိုက်တန်နဲ့ ခြေစမ်းပွဲ ကန်ခဲ့ရာမှာ ဇီယက်က ဒူးဒဏ်ရာ ရသွားခဲ့တာကြောင့် အခုထိ မပါဝင်နိုင်သေးပေမယ့် နိုင်ငံတကာ သီတင်းပတ်မှာ မော်ရိုကို အသင်းနဲ့ အတူ ကစားနေပြီဖြစ်တာကြောင့် နိုင်ငံပွဲတွေ အပြီး ဆောက်သမ်တန်နဲ့ ချယ်ဆီးတို့ ရင်ဆိုင်မယ့် ပွဲမှာ ပါဝင်နိုင်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ လတည်းက ဇီယက်ဟာ ချယ်ဆီးအသင်းနဲ့ အတူ လေ့ကျင့်ရေး ပြန်စတင်နေပေမယ့် လမ်းပတ်ကတော့ သူ့ရဲ့ ပလေးမိတ်ကာ ကစားသမားကို ပွဲကစားခွင့်ပေးဖို့ စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ အခုလို ဇီယက် ပွဲပြန် ကစားနေပြီ ဖြစ်တာကြောင့် စိန့်နဲ့ ပွဲမှာ ဇီယက် ပါဝင်လာမယ့် ချယ်ဆီးအသင်းရဲ့ အလန်းဆုံး တိုက်စစ် အင်အား အစုဖွဲ့ကို မြင်ရဖို့ ရှိနေတာပါ။

ဇီယက်ဟာ သွင်းဂိုး ပေးဖို့ ဖန်တီးမှုတွေ အပြင် ဖရီးကစ် တည်ကန်ဘောတွေမှာလည်း တစ်လက်မ မလွဲ ကန်နိုင်သူ အဖြစ် နာမည်ကောင်း ရှိထားသူ ဖြစ်ပါတယ်။ တကယ်လို့ လမ်းပတ်ကသာ ချယ်ဆီး တိုက်စစ်မှာ ဝါနာ ကို အထောင်ထားကာ ပံ့ပိုးမယ့်သူတွေ အဖြစ် ဇီယက်၊ ဟာဗက်ဇ်နဲ့ ပူလီဆစ်ကို ထားမယ် ဆိုရင် ချယ်ဆီးအသင်းရဲ့ အကောင်းဆုံး ဆိုတဲ့ အပျျံစား တိုက်စစ်ကို မြင်ရမယ်လို့ လန်ဒန် သတင်းဌာနက သုံးသပ်ထားပါတယ်။

လမ်းပတ်ကတော့ ဇီယက်နဲ့ ပူလီဆစ်တို့ နှစ်ယောက်လုံးကို ပိုင်ဆိုင်ထားတာက ချယ်ဆီးအသင်းအတွက် ကောင်းမွန်ခြင်း တစ်ခု ဖြစ်ပြီး ၎င်းတို့ နှစ်ယောက်လုံးကို တွဲ မကစားခိုင်းနိုင်သေးတာက စိတ်ပျက်ဖွယ် ပဲလို့ ယခင်က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ၎င်းတို့ နှစ်ဦးကို တွဲကစားစေဖို့ အကြံကောင်းတွေ ရှိထားတယ်လို့ လမ်းပတ်က ဆိုထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ေႏြမွာ ပါရမီရွိ တုိက္စစ္သမားေတြ အမ်ားအျပား ေခၚယူအားျဖည့္ထားခဲ့တာ ျဖစ္ပါတယ္။ ဂ်ာမန္ အတြဲ ျဖစ္တဲ့ တီမို၀ါနာနဲ႕ ကိုင္ဟာဗက္ဇ္တို႔ ေရာက္ရွိလာခဲ့တာက ခ်ယ္ဆီး အသင္းမွာ ရွိျပီးသား တိုက္စစ္ေကာင္းေတြ ျဖစ္တဲ့ ပူလီဆစ္၊ အိုဒြိဳင္း၊ ေအဗရာဟမ္တို႔နဲ႕ ေပါင္းရင္ အလန္းစား ျဖစ္သြားမယ္ ေမွ်ာ္လင့္ထားခဲ့ၾကပါတယ္။

ဒါေပမယ့္ တကယ့္ စိတ္လႈပ္ရွားစရာ အေကာငး္ဆံုး ေပါင္းစပ္မႈကေတာ့ ဟာကင္ ဇီယက္ခ်္ ပါမွ ျဖစ္မယ္လို႔ လန္ဒန္ သတင္းဌာနက သံုးသပ္ထားပါတယ္။ အသက္ ၂၇ နွစ္ အရြယ္ ေမာ္ရိုကိုသားကို ခ်ယ္ဆီးအသင္းဟာ ေအဂ်က္စ္ အသင္းထံကေန ေပါင္ ၃၃.၄ သန္းနဲ႕ ေခၚယူခဲ့တာ ျဖစ္ျပီး ဇန္၀ါရီ အေျပာင္းအေရႊ႕ ျပီးတည္းက ၾကိဳတင္လႈပ္ရွားကာ သေဘာတူညီမႈ အရင္ ယူထားခဲ့ရသူ ျဖစ္ပါတယ္။

ဇီယက္ဟာ အသင္းသစ္ ခ်ယ္ဆီးအတြက္ အခုခ်ိန္ထိ ပါ၀င္ ကစားရျခင္း မရွိေသးပါဘူး။ ၾသဂုတ္လထဲက ရာသီၾကိဳ ျပင္ဆင္မႈ အေနနဲ႕ ဘရိုက္တန္နဲ႕ ေျခစမ္းပြဲ ကန္ခဲ့ရာမွာ ဇီယက္က ဒူးဒဏ္ရာ ရသြားခဲ့တာေၾကာင့္ အခုထိ မပါ၀င္နုိင္ေသးေပမယ့္ နိုင္ငံတကာ သီတင္းပတ္မွာ ေမာ္ရိုကို အသင္းနဲ႕ အတူ ကစားေနျပီျဖစ္တာေၾကာင့္ နိုင္ငံပြဲေတြ အျပီး ေဆာက္သမ္တန္နဲ႕ ခ်ယ္ဆီးတို႔ ရင္ဆိုင္မယ့္ ပြဲမွာ ပါ၀င္နိုင္ဖို႔ ရွိေနပါတယ္။

ျပီးခဲ့တဲ့ လတည္းက ဇီယက္ဟာ ခ်ယ္ဆီးအသင္းနဲ႕ အတူ ေလ့က်င့္ေရး ျပန္စတင္ေနေပမယ့္ လမ္းပတ္ကေတာ့ သူ႔ရဲ႕ ပေလးမိတ္ကာ ကစားသမားကို ပြဲကစားခြင့္ေပးဖို႔ ေစာင့္ၾကည့္ေနခဲ့တာ ျဖစ္ပါတယ္။ အခုလို ဇီယက္ ပြဲျပန္ ကစားေနျပီ ျဖစ္တာေၾကာင့္ စိန္႔နဲ႕ ပြဲမွာ ဇီယက္ ပါ၀င္လာမယ့္ ခ်ယ္ဆီးအသင္းရဲ႕ အလန္းဆံုး တိုက္စစ္ အင္အား အစုဖြဲ႕ကို ျမင္ရဖို႔ ရွိေနတာပါ။

ဇီယက္ဟာ သြင္းဂိုး ေပးဖို႔ ဖန္တီးမႈေတြ အျပင္ ဖရီးကစ္ တည္ကန္ေဘာေတြမွာလည္း တစ္လက္မ မလြဲ ကန္နို္င္သူ အျဖစ္ နာမည္ေကာင္း ရွိထားသူ ျဖစ္ပါတယ္။ တကယ္လို႔ လမ္းပတ္ကသာ ခ်ယ္ဆီး တုိက္စစ္မွာ ၀ါနာ ကို အေထာင္ထားကာ ပံ့ပိုးမယ့္သူေတြ အျဖစ္ ဇီယက္၊ ဟာဗက္ဇ္နဲ႕ ပူလီဆစ္ကို ထားမယ္ ဆိုရင္ ခ်ယ္ဆီးအသင္းရဲ႕ အေကာင္းဆံုး ဆိုတဲ့ အပ််ံစား တိုက္စစ္ကို ျမင္ရမယ္လို႔ လန္ဒန္ သတင္းဌာနက သံုးသပ္ထားပါတယ္။

လမ္းပတ္ကေတာ့ ဇီယက္နဲ႕ ပူလီဆစ္တို႔ နွစ္ေယာက္လံုးကို ပိုင္ဆိုင္ထားတာက ခ်ယ္ဆီးအသင္းအတြက္ ေကာင္းမြန္ျခင္း တစ္ခု ျဖစ္ျပီး ၄င္းတို႔ နွစ္ေယာက္လံုးကို တြဲ မကစားခိုင္းနိုင္ေသးတာက စိတ္ပ်က္ဖြယ္ ပဲလို႔ ယခင္က ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ၄င္းတို႔ ႏွစ္ဦးကို တြဲကစားေစဖို႔ အၾကံေကာင္းေတြ ရွိထားတယ္လို႔ လမ္းပတ္က ဆိုထားပါတယ္။