မော်ရင်ဟို ကို လေးစားပေမယ့် ချယ်ဆီးထံ မပြောင်းဖြစ်ခဲ့ခြင်း အကြောင်း ဂျရတ် ဖွင့်ဟလာ

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က မော်ရင်ဟို စတန်းဖို့ဘရစ်ချ်မှာ ပထမဆုံး အကြိမ် ချယ်ဆီးနည်းပြ အဖြစ် တာဝန်ယူစဉ် ကာလက အသင်းပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ပြီးမှ ပျက်ပြယ်ခဲ့ရတဲ့ အကြောင်းများ ဖွင့်ဟလာခဲ့ပါတယ်။

အသင်းမပြောင်းဖြစ်ခဲ့ခြင်းမှာ လီဗာပူးအသင်းကို ချစ်မြတ်နိုးတာနဲ့ အသင်းပရိသတ်တွေရဲ့ တားဆီးမှုတွေက အရေးပါခဲ့ကြောင်း ဂျရတ်က ဖွင့်ဟဝန်ခံခဲ့ပါတယ်။

” လီဗာပူး ပရိသတ်တွေက ဒီကိစ္စမှာ အများကြီး သက်ရောက်မှု ရှိခဲ့တယ် ကျနော် ထင်တယ်။ သူတိုနဲ့ ကျနော့်ကြား ဆက်နွယ်မှု၊ သူတို့ရှေ့မှာ ကစားနေရတာ ပျော်ရွှင်ကျေနပ်မှုက ဘာနဲ့မှ မတူပါဘူး။ ကျနော် ဒီမြို့မှာပဲ သက်ဆိုင်မှု ရှိတယ်လို့ ခံစားရတယ်။ ကျနော် ဘယ်သွားသွား အမြဲ လီဗာပူးကိုပဲ ပြန်ချင်ခဲ့တာ။ လီဗာပူးပွဲတွေ ဆိုရင် ကျနော့် မိသားစုကို ကျနော့် ကလေးတွေကို ခေါ်သွားတယ် ။ သူတို့ကိုလည်း ကျနော် စိတ် မပျက်စေချင်ဘူး။

ဒီကိစ္စကို ကျနော် ခဏခဏ ထုတ်ပြောဖူးပါတယ်။ မော်ရင်ဟိုလို မန်နေဂျာ တစ်ယောက်က စိတ်ဝင်စားမှု ပြသလိုက်တာကို ကျနော် ကျေနပ်တာပေါ့။ သူလို ထိပ်သီး မန်နေဂျာ တစ်ယောက်က ဆုဖလားတွေ ယူဆောင်ပေးလာနိုင်တာ ကျနော် သိတယ်။ ဒါပေမယ့် မှားခဲ့သည် ဆိုဆို မှန်ခဲ့သည် ဆိုဆို ကျနော်ကတော့ ချခဲ့တဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ယုံကြည်တယ်။ ဆုဖလားတွေကို ရချင်တာ ပိုအရေးကြီးတယ် ဆို ချယ်ဆီးတင်မှ မဟုတ်ဘူး တခြား ကလပ်အသင်းတွေလည်း ပြောင်းလို့ ရပါတယ်။ ” လို့ ဂျရတ်က ဆိုပါတယ်။

ဒါ့အပြင် ဂျရတ်က နည်းပြ မော်ရင်ညိုရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုကို ဖွင့်ဟပြောဆိုခဲ့ပြီး လေးစားမှု အပြည့် ရှိကြောင်းလည်း ဆိုခဲ့ပါတယ်။

” ကျနော် သူနဲ့ ထိပ်တိုက်ဆုံတာ အကြိမ် နည်းနည်းလောက် ရှိခဲ့တယ်။ သူက အမြဲ လူကြီးလူကောင်းပုံစံပဲ။ ကျနော် လေးစားမှု အပြည့်ရှိရတဲ့ မန်နေဂျာကောင်း တစ်ဦးပါ။ သူက အောင်နိုင်သူ တစ်ဦး ဖြစ်ပြီး ဒါကို ကျနော် သဘောကျ အထင်ကြီးပါတယ်။ ဒါပေမယ့် အသင်းပြောင်းရွှေ့ဖို့ အတွက် သူနဲ့ တိုက်ရိုက် ပြောဆိုဖြစ်တာတော့ မရှိခဲ့ဘူး။ နှစ်ဦးနှစ်ဘက်လုံး အတွက် လေးစားမှု ရှိခဲ့တယ်လို့ ကျနော် ထင်တယ်။ ” လို့ ဂျရတ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းထံ မပြောင်းဖြစ်ခဲ့တဲ့ ဂျရတ်က အခြားအသင်း ပြောင်းရွှေ့ဖို့လည်း မကြိုးစားဖြစ်ခဲ့ဘဲ ၂၀၁၅ မေမှာတော့ လီဗာပူးအသင်းနဲ့ လမ်းခွဲ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် မေဂျာလိဂ်မှာ သွားရောက် ကစားခဲ့ကာ အခုတော့ အသင်းနည်းပြ အဖြစ် ရိမ်းဂျားစ်အသင်းကို ကိုင်တွယ်နေပြီ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္က ေမာ္ရင္ဟို စတန္းဖို႔ဘရစ္ခ်္မွာ ပထမဆံုး အၾကိမ္ ခ်ယ္ဆီးနည္းျပ အျဖစ္ တာ၀န္ယူစဥ္ ကာလက အသင္းေျပာင္းေရႊ႕ဖို႕ အလြန္နီးစပ္ခဲ့ျပီးမွ ပ်က္ျပယ္ခဲ့ရတဲ့ အေၾကာင္းမ်ား ဖြင့္ဟလာခဲ့ပါတယ္။

အသင္းမေျပာင္းျဖစ္ခဲ့ျခင္းမွာ လီဗာပူးအသင္းကို ခ်စ္ျမတ္နုိးတာနဲ႕ အသင္းပရိသတ္ေတြရဲ႕ တားဆီးမႈေတြက အေရးပါခဲ့ေၾကာင္း ဂ်ရတ္က ဖြင့္ဟ၀န္ခံခဲ့ပါတယ္။

” လီဗာပူး ပရိသတ္ေတြက ဒီကိစၥမွာ အမ်ားၾကီး သက္ေရာက္မႈ ရွိခဲ့တယ္ က်ေနာ္ ထင္တယ္။ သူတိုနဲ႕ က်ေနာ့္ၾကား ဆက္ႏြယ္မႈ၊ သူတို႔ေရွ႕မွာ ကစားေနရတာ ေပ်ာ္ရႊင္ေက်နပ္မႈက ဘာနဲ႕မွ မတူပါဘူး။ က်ေနာ္ ဒီျမိဳ႔မွာပဲ သက္ဆိုင္မႈ ရွိတယ္လုိ႔ ခံစားရတယ္။ က်ေနာ္ ဘယ္သြားသြား အျမဲ လီဗာပူးကိုပဲ ျပန္ခ်င္ခဲ့တာ။ လီဗာပူးပြဲေတြ ဆိုရင္ က်ေနာ့္ မိသားစုကို က်ေနာ့္ ကေလးေတြကို ေခၚသြားတယ္ ။ သူတို႔ကိုလည္း က်ေနာ္ စိတ္ မပ်က္ေစခ်င္ဘူး။

ဒီကိစၥကို က်ေနာ္ ခဏခဏ ထုတ္ေျပာဖူးပါတယ္။ ေမာ္ရင္ဟိုလို မန္ေနဂ်ာ တစ္ေယာက္က စိတ္၀င္စားမႈ ျပသလိုက္တာကို က်ေနာ္ ေက်နပ္တာေပါ့။ သူလို ထိပ္သီး မန္ေနဂ်ာ တစ္ေယာက္က ဆုဖလားေတြ ယူေဆာင္ေပးလာနိုင္တာ က်ေနာ္ သိတယ္။ ဒါေပမယ့္ မွားခဲ့သည္ ဆိုဆို မွန္ခဲ့သည္ ဆိုဆို က်ေနာ္ကေတာ့ ခ်ခဲ့တဲ့ ဆံုးျဖတ္ခ်က္ မွန္တယ္လို႔ ယံုၾကည္တယ္။ ဆုဖလားေတြကို ရခ်င္တာ ပိုအေရးၾကီးတယ္ ဆို ခ်ယ္ဆီးတင္မွ မဟုတ္ဘူး တျခား ကလပ္အသင္းေတြလည္း ေျပာင္းလို႔ ရပါတယ္။ ” လို႔ ဂ်ရတ္က ဆိုပါတယ္။

ဒါ့အျပင္ ဂ်ရတ္က နည္းျပ ေမာ္ရင္ညိဳရဲ႕ ပေရာ္ဖက္ရွင္နယ္ ဆန္မႈကို ဖြင့္ဟေျပာဆိုခဲ့ျပီး ေလးစားမႈ အျပည့္ ရွိေၾကာင္းလည္း ဆိုခဲ့ပါတယ္။

” က်ေနာ္ သူနဲ႕ ထိပ္တိုက္ဆံုတာ အၾကိမ္ နည္းနည္းေလာက္ ရွိခဲ့တယ္။ သူက အျမဲ လူၾကီးလူေကာင္းပံုစံပဲ။ က်ေနာ္ ေလးစားမႈ အျပည့္ရွိရတဲ့ မန္ေနဂ်ာေကာင္း တစ္ဦးပါ။ သူက ေအာင္နိုင္သူ တစ္ဦး ျဖစ္ျပီး ဒါကို က်ေနာ္ သေဘာက် အထင္ၾကီးပါတယ္။ ဒါေပမယ့္ အသင္းေျပာင္းေရႊ႕ဖို႔ အတြက္ သူနဲ႕ တိုက္ရိုက္ ေျပာဆိုျဖစ္တာေတာ့ မရွိခဲ့ဘူး။ နွစ္ဦးနွစ္ဘက္လံုး အတြက္ ေလးစားမႈ ရွိခဲ့တယ္လို႔ က်ေနာ္ ထင္တယ္။ ” လုိ႔ ဂ်ရတ္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းထံ မေျပာင္းျဖစ္ခဲ့တဲ့ ဂ်ရတ္က အျခားအသင္း ေျပာင္းေရႊ႕ဖို႔လည္း မၾကိဳးစားျဖစ္ခဲ့ဘဲ ၂၀၁၅ ေမမွာေတာ့ လီဗာပူးအသင္းနဲ႕ လမ္းခြဲ ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ ေမဂ်ာလိဂ္မွာ သြားေရာက္ ကစားခဲ့ကာ အခုေတာ့ အသင္းနည္းျပ အျဖစ္ ရိမ္းဂ်ားစ္အသင္းကို ကုိင္တြယ္ေနျပီ ျဖစ္ပါတယ္။