ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (11/10/20)

ယူနိုက်တက် တိုက်စစ် ကြယ်ပွင့်တွေဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်နဲ့ မာရှယ်တို့အနေနဲ့ လေ့ကျင့်ရေးတွေမှာ အလုပ်ပိုကြိုးစားရင် အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်မှုတွေ ရဖို့ အဓိက ကျလိမ့်မယ်လို့ ကာဗာနီက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လိဂ်၃ပွဲမှာ ၂ပွဲရှုံးခဲ့တဲ့ ယူနိုက်တက် အသင်းအနေနဲ့ ရှေ့ဆက်ပြီး တိုးတက်မလာပဲ ရလဒ်တွေ ပိုဆိုးလာရင် ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ အဒ်ဝုဒ်ဝဒ်က ဆန္ဒရှိနေပြီး ပိုချက်တီနိုနဲ့ အစားထိုးဖို့ ချိတ်ဆက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ ဆန်ချိုအစား ဒမ်ဘီလီကို ခေါ်ဖို့ကြိုးစားခဲ့ပေမယ့် ကစားသမားက ငြင်းပယ်ခဲ့တာဖြစ်သလို ဘာစီလိုနာ ကတော့ ဇန်နဝါရီကျရင် သူ့ကို လျှော့ဈေး ပေါင်၄၅သန်းနဲ့ အပြီးသတ် ရောင်းချဖို့ အဆင်သင့် ပြင်ထားပါတယ်။

လူကာကူဟာ ယူနိုက်တက်ကို စွန့်ခွာခဲ့ပြီး အင်တာမီလန်မှာ အောင်မြင်ခဲ့တဲ့နောက် အလက်ဆစ် ဆန်းချက်နဲ့ အက်ရှ်လေယန်းတို့ကိုလဲ အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာပြီး ဆန်စီရိုထံ အရောက်လာဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဂွာဒီယိုလာနဲ့ ဆိုးလ်ရှားတို့ရဲ့ အနာဂတ်တွေက သံသယဖြစ်စရာ ရှိနေတာနဲ့အတူ စပါးနည်းပြဟောင်း ပိုချက်တီနိုကို မန်ချက်စတာယူနိုက်တက်ရော၊ မန်စီးတီးကပါ အလိုရှိနေပြီး ၎င်းတို့ရဲ့ နည်းပြသစ် နေရာမှာ ခန့်အပ်ဖို့ စောင့်ကြည့်နေပါတယ်။

ဖာကန်ဒို ပယ်လစ်စထွီဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် နွေအပြောင်းအရွှေ့ အပိတ် ကာလတွေမှာ လိုင်ယွန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။သူဟာ ယူရို ၁၀သန်း ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာပြီး ၅နှစ် စာချုပ် ချုပ်ဆိုခဲ့တာပါ။

စပါးကို ရှုံးခဲ့တဲ့ပွဲ အတွင်း ပထမပိုင်းအပြီးမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ဒေါသထွက်နေခဲ့ပြီး ဆိုးဝါးတဲ့ စွမ်းဆောင်ရည်အတွက် အသင်းဖော်တွေကို ဝေဖန်ပြစ်တင်ခဲ့သလို စပါးကို အပြတ်ဖြုတ်ချင်တဲ့ ဆိုးလ်ရှားရဲ့ ဗျူဟာကလဲ မှားယွင်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ တိုက္စစ္ ၾကယ္ပြင့္ေတြျဖစ္တဲ့ ေမဆန္ ဂရင္းဝုဒ္နဲ႔ မာရွယ္တို႔အေနနဲ႔ ေလ့က်င့္ေရးေတြမွာ အလုပ္ပိုႀကိဳးစားရင္ အိုးလ္ထရက္ဖို႔ဒ္မွာ ေအာင္ျမင္မႈေတြ ရဖို႔ အဓိက က်လိမ့္မယ္လို႔ ကာဗာနီက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

လိဂ္၃ပြဲမွာ ၂ပြဲရႈံးခဲ့တဲ့ ယူႏိုက္တက္ အသင္းအေနနဲ႔ ေရွ႕ဆက္ၿပီး တိုးတက္မလာပဲ ရလဒ္ေတြ ပိုဆိုးလာရင္ ဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ အဒ္ဝုဒ္ဝဒ္က ဆႏၵရွိေနၿပီး ပိုခ်က္တီႏိုနဲ႔ အစားထိုးဖို႔ ခ်ိတ္ဆက္ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ဟာ ဒီေႏြမွာ ဆန္ခ်ိဳအစား ဒမ္ဘီလီကို ေခၚဖို႔ႀကိဳးစားခဲ့ေပမယ့္ ကစားသမားက ျငင္းပယ္ခဲ့တာျဖစ္သလို ဘာစီလိုနာ ကေတာ့ ဇန္နဝါရီက်ရင္ သူ႔ကို ေလွ်ာ့ေဈး ေပါင္၄၅သန္းနဲ႔ အၿပီးသတ္ ေရာင္းခ်ဖို႔ အဆင္သင့္ ျပင္ထားပါတယ္။

လူကာကူဟာ ယူႏိုက္တက္ကို စြန္႕ခြာခဲ့ၿပီး အင္တာမီလန္မွာ ေအာင္ျမင္ခဲ့တဲ့ေနာက္ အလက္ဆစ္ ဆန္းခ်က္နဲ႔ အက္ရွ္ေလယန္းတို႔ကိုလဲ အိုးလ္ထရက္ဖို႔ဒ္ကို စြန႔္ခြာၿပီး ဆန္စီ႐ိုထံ အေရာက္လာဖို႔ တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။

ဂြာဒီယိုလာနဲ႔ ဆိုးလ္ရွားတို႔ရဲ႕ အနာဂတ္ေတြက သံသယျဖစ္စရာ ရွိေနတာနဲ႔အတူ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကို မန္ခ်က္စတာယူႏိုက္တက္ေရာ၊ မန္စီးတီးကပါ အလိုရွိေနၿပီး ၎တို႔ရဲ႕ နည္းျပသစ္ ေနရာမွာ ခန္႔အပ္ဖို႔ ေစာင့္ၾကည့္ေနပါတယ္။

ဖာကန္ဒို ပယ္လစ္စထြီဟာ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ေႏြအေျပာင္းအေ႐ႊ႕ အပိတ္ ကာလေတြမွာ လိုင္ယြန္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္လို႔သိရပါတယ္။သူဟာ ယူ႐ို ၁၀သန္း ဝန္းက်င္နဲ႔ ေရာက္ရွိလာခဲ့တာၿပီး ၅ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။

စပါးကို ရႈံးခဲ့တဲ့ပြဲ အတြင္း ပထမပိုင္းအၿပီးမွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေဒါသထြက္ေနခဲ့ၿပီး ဆိုးဝါးတဲ့ စြမ္းေဆာင္ရည္အတြက္ အသင္းေဖာ္ေတြကို ေဝဖန္ျပစ္တင္ခဲ့သလို စပါးကို အျပတ္ျဖဳတ္ခ်င္တဲ့ ဆိုးလ္ရွားရဲ႕ ဗ်ဴဟာကလဲ မွားယြင္းခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။