ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (11/10/20)

ပူလီဆစ်ဟာ ချယ်ဆီးမှာ ဟာဇက်နဲ့ ဝီလီယံတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံခွင့်ရခဲ့တဲ့ ၎င်းရဲ့ပျော်ရွှင်မှုကို ဖွင့်ဟခဲ့ပြီး ယခင်ပိုင်ရှင်တွေလို ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုဗစ်နဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့ပေမယ့်လဲ ဝေးလ်နဲ့ ကစားရမယ့်ပွဲမတိုင်ခင် ဆန်ချိုနဲ့ အေဗရာဟမ်တို့ကို အင်္ဂလန်အသင်းထံ ပြန်ခေါ်တာက သက်ညှာပေးမှု တစ်ခုသာ ဖြစ်တယ်လို့ ဆောက်ဂိတ်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ခံစစ်က အဆိုးဝါးဆုံးလို့ ထင်ရပေမယ့်လဲ အချက်အလက်တွေ အရတော့ သူတို့အမှားကြောင့် ဂိုးပေးရမှု လုံးဝ မရှိသေးပဲ ချယ်ဆီးနဲ့ လီဗာပူးတို့ကသာ အမှားတွေကနေ ၃ကြိမ်စီ ဂိုးပေးခဲ့ ရတာ ဖြစ်နေပါတယ်။

ဟာကင်ဇီယက်ခ်ျဟာ ချယ်ဆီးထံ ရောက်လာပြီးထဲက တစ်ပွဲမှ မကစားရသေးတာနဲ့အတူ ကလပ်ထံပြန်ပြီးလေ့ကျင့်ရေးဆင်းဖို့အတွက် မော်ရိုကို လက်ရွေးစင်အသင်းက သဘောတူညီခဲ့ပြီး သူ့ကို လူစာရင်းကနေ ပယ်ဖျက်ပေးခဲ့ကာ ပြန်လွှတ်ခဲ့ပါတယ်။

ဒီနွေမှာ ဒရင့်ဝါးတားကို ခေါ်ဖို့ ပြင်သစ်ကလပ် အန်းဂါးစ်က စဉ်းစားခဲ့ပေမယ့် ချယ်ဆီးကွင်းလယ်လူဟာ ပြင်သစ်ဘောလုံးလောကနဲ့ ကျွမ်းဝင်မှုမရှိတာကြောင့် အပြောင်းအရွှေ့လုပ်ဆောင်ဖို့ မကြိုးစားတော့ပဲ နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီး နောက်ခံလူ ဘာဘာရာမန်ကို ဝက်ဖို့ဒ်နဲ့ မစ်ဒယ်ဘရော့တို့က စိတ်ဝင်စားနေပြီး အောက်တိုဘာ ၁၆မှာ ချန်ပီယံရှစ် အပြောင်းအရွှေ့ရာသီ မပြီးဆုံးခင် သူ့ကို တစ်ရာသီအငှားနဲ့ခေါ်ယူဖို့ အပြိုင် ကြိုးစားနေပါတယ်။

လူသစ်တွေ ထပ်ဝယ်ခဲ့ပေမယ့် လူဟောင်းတွေ ရောင်းမထုတ်နိုင်ခဲ့တဲ့ ချယ်ဆီးမှာ ဗဟိုနောက်ခံလူ ၅ယောက်၊ ဘယ်နောက်ခံလူ ၃ယောက် ပုံနေသလို နည်းပြ လမ်းပတ်ကတော့ ကစားချိန်ပေးဖို့အကြောင်း သူတို့တွေနဲ့ ဆွေးနွေးရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒဏ်ရာကြောင့် နိုင်ငံအသင်းကနေ ကလပ်ထံ ပြန်လာခဲ့ရပေမယ့်လဲ ဂိုးသမားသစ် မန်ဒီဟာ ကြံ့ခိုင်မှု ပြန်လည်ရရှိနေပြီဖြစ်ပြီး လမ်းပတ်ရဲ့အသင်းမှာ နေရာရရှိရေး ကြိုးစားဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပရိသတ်တွေကို သတင်းပေးခဲ့ပါတယ်။

Zawgyi – ပူလီဆစ္ဟာ ခ်ယ္ဆီးမွာ ဟာဇက္နဲ႔ ဝီလီယံတို႔ ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၁၀ ကို ဆက္ခံခြင့္ရခဲ့တဲ့ ၎ရဲ႕ေပ်ာ္႐ႊင္မႈကို ဖြင့္ဟခဲ့ၿပီး ယခင္ပိုင္ရွင္ေတြလို ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ကိုဗစ္နဲ႔ ပတ္သက္တဲ့ စည္းကမ္းေတြကို ခ်ိဳးေဖာက္ခဲ့ေပမယ့္လဲ ေဝးလ္နဲ႔ ကစားရမယ့္ပြဲမတိုင္ခင္ ဆန္ခ်ိဳနဲ႔ ေအဗရာဟမ္တို႔ကို အဂၤလန္အသင္းထံ ျပန္ေခၚတာက သက္ညႇာေပးမႈ တစ္ခုသာ ျဖစ္တယ္လို႔ ေဆာက္ဂိတ္က ကာကြယ္ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ ခံစစ္က အဆိုးဝါးဆုံးလို႔ ထင္ရေပမယ့္လဲ အခ်က္အလက္ေတြ အရေတာ့ သူတို႔အမွားေၾကာင့္ ဂိုးေပးရမႈ လုံးဝ မရွိေသးပဲ ခ်ယ္ဆီးနဲ႔ လီဗာပူးတို႔ကသာ အမွားေတြကေန ၃ႀကိမ္စီ ဂိုးေပးခဲ့ ရတာ ျဖစ္ေနပါတယ္။

ဟာကင္ဇီယက္ခ္်ဟာ ခ်ယ္ဆီးထံ ေရာက္လာၿပီးထဲက တစ္ပြဲမွ မကစားရေသးတာနဲ႔အတူ ကလပ္ထံျပန္ၿပီးေလ့က်င့္ေရးဆင္းဖို႔အတြက္ ေမာ္႐ိုကို လက္ေ႐ြးစင္အသင္းက သေဘာတူညီခဲ့ၿပီး သူ႔ကို လူစာရင္းကေန ပယ္ဖ်က္ေပးခဲ့ကာ ျပန္လႊတ္ခဲ့ပါတယ္။

ဒီေႏြမွာ ဒရင့္ဝါးတားကို ေခၚဖို႔ ျပင္သစ္ကလပ္ အန္းဂါးစ္က စဥ္းစားခဲ့ေပမယ့္ ခ်ယ္ဆီးကြင္းလယ္လူဟာ ျပင္သစ္ေဘာလုံးေလာကနဲ႔ ကြၽမ္းဝင္မႈမရွိတာေၾကာင့္ အေျပာင္းအေ႐ႊ႕လုပ္ေဆာင္ဖို႔ မႀကိဳးစားေတာ့ပဲ ေနာက္ဆုတ္ခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီး ေနာက္ခံလူ ဘာဘာရာမန္ကို ဝက္ဖို႔ဒ္နဲ႔ မစ္ဒယ္ဘေရာ့တို႔က စိတ္ဝင္စားေနၿပီး ေအာက္တိုဘာ ၁၆မွာ ခ်န္ပီယံရွစ္ အေျပာင္းအေ႐ႊ႕ရာသီ မၿပီးဆုံးခင္ သူ႔ကို တစ္ရာသီအငွားနဲ႔ေခၚယူဖို႔ အၿပိဳင္ ၾကိဳးစားေနပါတယ္။

လူသစ္ေတြ ထပ္ဝယ္ခဲ့ေပမယ့္ လူေဟာင္းေတြ ေရာင္းမထုတ္ႏိုင္ခဲ့တဲ့ ခ်ယ္ဆီးမွာ ဗဟိုေနာက္ခံလူ ၅ေယာက္၊ ဘယ္ေနာက္ခံလူ ၃ေယာက္ ပုံေနသလို နည္းျပ လမ္းပတ္ကေတာ့ ကစားခ်ိန္ေပးဖို႔အေၾကာင္း သူတို႔ေတြနဲ႔ ေဆြးေႏြးရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒဏ္ရာေၾကာင့္ ႏိုင္ငံအသင္းကေန ကလပ္ထံ ျပန္လာခဲ့ရေပမယ့္လဲ ဂိုးသမားသစ္ မန္ဒီဟာ ႀကံ့ခိုင္မႈ ျပန္လည္ရရွိေနၿပီျဖစ္ၿပီး လမ္းပတ္ရဲ႕အသင္းမွာ ေနရာရရွိေရး ႀကိဳးစားဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ပရိသတ္ေတြကို သတင္းေပးခဲ့ပါတယ္။