အာဆင်နယ်ဟာ ယူရိုပါလိဂ် ဒီတစ်ပတ် လူစာရင်းမှာ ဝီလီယံ ဆလီဘာကို ချန်လှပ်ထားခဲ့ပြီးတဲ့နောက် သူ့ကို ချန်ပီယံရှစ်မှာ အငှားချထားဖို့ စီစဉ်နေပြီး ဝက်ဖို့ဒ်၊ ဘရန့်ဖို့ဒ် အသင်းတို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။
အိုဇေးဟာ ကလပ်မှာ နေရာပျောက်ခဲ့တဲ့နောက် ဒီရာသီမှာလဲ ကစားရဖို့ မရှိသလို အာဆင်နယ်ကတော့ သူ့ကို ဇန်နဝါရီမှာ ရောင်းထုတ်ဖို့ စဉ်းစားထားပြီး ဂျာမန်သားအနေနဲ့ မေဂျာလိဂ်ကို သွားရောက် ကစားဖွယ် ရှိနေပါတယ်။
နောက်တစ်ပတ် ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ တွေ့ဆုံဖို့ရှိနေတဲ့ အာဆင်နယ် အတွက် ကွာရန်တင်းဝင်နေရတဲ့ တီရာနေး နေရာကို အစားထိုးဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီး မက်ဂါးလက်စ်အတွက် အခွင့်အရေး ရရှိလာနိုင်ပါတယ်။
ဖိုလာရန် ဘာလိုဂန်ဟာ ဒီနွေမှာ အသင်းပြောင်းဖို့ မလုပ်နိုင်ခဲ့ပဲ အမ်းမရိတ်စ်မှာ ဆက်နေခဲ့ရပေမယ့် စာချုပ် သက်တမ်းတိုးဖို့လဲ ဆန္ဒမရှိတာနဲ့အတူ နောက်နွေရာသီမှာ အာဆင်နယ်ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ လိုင်ယွန် ကွင်းလယ်လူ အာဝါကို ခေါ်ယူဖို့ကြိုးစားရာမှာ မအောင်မြင်ခဲ့ပေမယ့် ၂၀၂၁မှာ အသင်းကနေ ထွက်ခွာတော့မယ့် အိုဇေးအတွက် အစားထိုးအနေနဲ့ သူ့ကို ခေါ်ယူပေးဖို့ ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။
ဝီလီယံ ဆလီဘာဟာ ဒီနွေမှာ အာဆင်နယ်ကို ရောက်ရှိလာခဲ့ပေမယ့် တစ်ပွဲမှ မကစားရသေးတဲ့အပြင် စိန့်အက်တီယန်ကို အငှားချဖို့လဲ မအောင်မြင်ခဲ့တဲ့နောက် ဒီအတိုင်း ထားမယ့်အတူတူ ချန်ပီယံရှစ်ကို အငှား ချထားဖို့ မာတင်ကီယွန်က တိုက်တွန်းခဲ့ပါတယ်။
ဖာဘရီဂက်စ် နောက်ပိုင်း အာဆင်နယ် ခေါ်ယူခဲ့တဲ့ စုစုပေါင်း ကွင်းလယ်လူ ၁၁ ယောက်ကို အဆင့်ခွဲခြား သတ်မှတ်ခဲ့ရာ ကာဇိုလာ၊ အာတီတာ၊ ချိန်ဘာလိန်တို့က အဆင့်၁၊ ၂၊ ၃ ရခဲ့ပြီး ရှာကာ၊ ဆီဘယ်လော့နဲ့ ဂွမ်ဒူဇီတို့က သူတို့နောက်မှာ အစဉ်လိုက် ရပ်တည်နေပါတယ်။
ဆီဘယ်လော့ဟာ မနှစ်က အမ်းမရိတ်စ်မှာ အငှားကစားရင်း အောင်မြင်ခဲ့တဲ့နောက် ဒီရာသီမှာလဲ ပြန်လာခဲ့သလို အာဆင်နယ်ဟာ မိမိရဲ့ ကလပ်ပါပဲလို့ ပြောဆိုလိုက်ပြီး မက်ဒရစ်ကနေ အပြီးသတ် ပြောင်းရွှေ့ဖို့ကို အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
Zawgyi – အာဆင္နယ္ဟာ ယူ႐ိုပါလိဂ္ ဒီတစ္ပတ္ လူစာရင္းမွာ ဝီလီယံ ဆလီဘာကို ခ်န္လွပ္ထားခဲ့ၿပီးတဲ့ေနာက္ သူ႔ကို ခ်န္ပီယံရွစ္မွာ အငွားခ်ထားဖို႔ စီစဥ္ေနၿပီး ဝက္ဖို႔ဒ္၊ ဘရန္႕ဖို႔ဒ္ အသင္းတို႔နဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ေနပါတယ္။
အိုေဇးဟာ ကလပ္မွာ ေနရာေပ်ာက္ခဲ့တဲ့ေနာက္ ဒီရာသီမွာလဲ ကစားရဖို႔ မရွိသလို အာဆင္နယ္ကေတာ့ သူ႔ကို ဇန္နဝါရီမွာ ေရာင္းထုတ္ဖို႔ စဥ္းစားထားၿပီး ဂ်ာမန္သားအေနနဲ႔ ေမဂ်ာလိဂ္ကို သြားေရာက္ ကစားဖြယ္ ရွိေနပါတယ္။
ေနာက္တစ္ပတ္ ပရီးမီးယားလိဂ္မွာ မန္စီးတီးနဲ႔ ေတြ႕ဆုံဖို႔ရွိေနတဲ့ အာဆင္နယ္ အတြက္ ကြာရန္တင္းဝင္ေနရတဲ့ တီရာေနး ေနရာကို အစားထိုးဖို႔ ခက္ခဲတဲ့ စိန္ေခၚမႈနဲ႔ ရင္ဆိုင္ေနရၿပီး မက္ဂါးလက္စ္အတြက္ အခြင့္အေရး ရရွိလာႏိုင္ပါတယ္။
ဖိုလာရန္ ဘာလိုဂန္ဟာ ဒီေႏြမွာ အသင္းေျပာင္းဖို႔ မလုပ္ႏိုင္ခဲ့ပဲ အမ္းမရိတ္စ္မွာ ဆက္ေနခဲ့ရေပမယ့္ စာခ်ဳပ္ သက္တမ္းတိုးဖို႔လဲ ဆႏၵမရွိတာနဲ႔အတူ ေနာက္ေႏြရာသီမွာ အာဆင္နယ္ကေန အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာသြားေတာ့မွာ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ ဒီေႏြမွာ လိုင္ယြန္ ကြင္းလယ္လူ အာဝါကို ေခၚယူဖို႔ႀကိဳးစားရာမွာ မေအာင္ျမင္ခဲ့ေပမယ့္ ၂၀၂၁မွာ အသင္းကေန ထြက္ခြာေတာ့မယ့္ အိုေဇးအတြက္ အစားထိုးအေနနဲ႔ သူ႔ကို ေခၚယူေပးဖို႔ ပရိသတ္ေတြက ေတာင္းဆိုေနၾကပါတယ္။
ဝီလီယံ ဆလီဘာဟာ ဒီေႏြမွာ အာဆင္နယ္ကို ေရာက္ရွိလာခဲ့ေပမယ့္ တစ္ပြဲမွ မကစားရေသးတဲ့အျပင္ စိန႔္အက္တီယန္ကို အငွားခ်ဖို႔လဲ မေအာင္ျမင္ခဲ့တဲ့ေနာက္ ဒီအတိုင္း ထားမယ့္အတူတူ ခ်န္ပီယံရွစ္ကို အငွား ခ်ထားဖို႔ မာတင္ကီယြန္က တိုက္တြန္းခဲ့ပါတယ္။
ဖာဘရီဂက္စ္ ေနာက္ပိုင္း အာဆင္နယ္ ေခၚယူခဲ့တဲ့ စုစုေပါင္း ကြင္းလယ္လူ ၁၁ ေယာက္ကို အဆင့္ခြဲျခား သတ္မွတ္ခဲ့ရာ ကာဇိုလာ၊ အာတီတာ၊ ခ်ိန္ဘာလိန္တို႔က အဆင့္၁၊ ၂၊ ၃ ရခဲ့ၿပီး ရွာကာ၊ ဆီဘယ္ေလာ့နဲ႔ ဂြမ္ဒူဇီတို႔က သူတို႔ေနာက္မွာ အစဥ္လိုက္ ရပ္တည္ေနပါတယ္။
ဆီဘယ္ေလာ့ဟာ မႏွစ္က အမ္းမရိတ္စ္မွာ အငွားကစားရင္း ေအာင္ျမင္ခဲ့တဲ့ေနာက္ ဒီရာသီမွာလဲ ျပန္လာခဲ့သလို အာဆင္နယ္ဟာ မိမိရဲ႕ ကလပ္ပါပဲလို႔ ေျပာဆိုလိုက္ၿပီး မက္ဒရစ္ကေန အၿပီးသတ္ ေျပာင္းေ႐ႊ႕ဖို႔ကို အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။