ခြေစွမ်းညံ့တဲ့ အသင်းေ်ဖာ်တွေကို ဆူပူပြီး နည်းပြဆိုးရှားရဲ့ နည်းစနစ်ကိုပါ ဝေဖန်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းပေးတွေကနေ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ဘရူနို ဖာနန်ဒက်စ်ဟာ စပါးနဲ့ ပွဲ ပွဲချိန်ဝက်မှာ ခြေစွမ်းညံ့ဖျင်းတဲ့ ယူနိုက်တက် အသင်းဖော်တွေကို အော်ဟစ် သတိပေး ဆူပူခဲ့ပြီး နည်းပြ ဆိုးရှားရဲ့ နည်းစနစ်ကိုပါ ဝေဖန်မှုတေါ ရှိခဲ့တယ်လို့ သိရပါတယ်။

မော်ရင်ညိုရဲ့ စပါးအသင်းနဲ့ အတွေ့မှာ အရေးနိမ့်ခဲ့တာကြောင့် ဘောလုံးရာသီ အစောပိုင်းမှာတင် ယူနိုက်တက်က အိုးထရက်ဖို့ဒ်မှာ အိမ်ကွင်း ရှုံးပွဲ ၂ ပွဲ ရှိသွားပြီ ဖြစ်ပါတယ်။ စပါးအသင်းကို ပထမပိုင်း အပြီးမှာတည်းက ယူနိုက်တက်က ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး မာရှယ်ရဲ့ အငြင်းပွားဖွယ် အနီကတ်ကြောင့် စပါးကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့တာ ဖြစ်ပါတယ်။

ထိုပွဲမှာ ယူနိုက်တက်အတွက် ပင်နယ်တီကနေ အစောပိုင်း ဦးဆောင် ဂိုး သွင်းပေးခဲ့တဲ့ ဖာနန်ဒက်စ်က သူ့ရဲ့ အသင်းဖော်တွေကို အားမလို အားမရ ဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ကစားနေတာ ဒီလို မဖြစ်ရဘူးလို့ ပွဲချိန်ဝက် အဝတ်လဲခန်းထဲမှာ ပြောဆိုခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဖာနန်ဒက်စ်က တော်မီနေးနဲ့ လူစားလဲခံခဲ့ရပြီး ပေါ်တူဂီသားဟာ နည်းပြ ဆိုးရှား အပေါ်လည်း စိတ်ပျက်သွားခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန် သတင်းတွေနဲ့ ယူနိုက်တက် အသိုင်းအဝိုင်း အတွင်း သတင်းတွေ အဆိုအရတော့ ဖာနန်ဒက်စ်ဟာ ဆိုးရှားရဲ့ ပွဲ အစီအမံတွေက စပါးကို အစွယ်ကင်းသွားအောင် လုပ်နိုင်စွမ်း မရှိဘူးလို့ ထောက်ပြ ပြောဆိုခဲ့သေးတယ်လို့ ဆိုပါတယ်။

” ဖာနန်ဒက်စ် က လုံး၀ မုန်တိုင်းထန် ပြိုကွဲနေတဲ့ မျက်နှာနဲ့ ဥမင်ထဲကို ပြေးသွားခဲ့တာပါ။ သူက အသင်းဖော်တွေကိုလည်း မန်ချက်စတာ ယူနိုက်တက် ဆိုတဲ့ အသင်းအတွက် ဂုဏ်ယူဖွယ် မကစားကြဘူးလို့ စွပ်စွဲ ပြောဆိုပြီး ‘ဒါက ယူနိုက်တက် အတွက်လေ .. ငါတို့ ဒီလို ဖြစ်လို့ မရဘူးလို့ ‘ ဆက်တိုက် အော်ဟစ်နေခဲ့တယ်။ မန်နေဂျာကလည်း မှားယွင်းတဲ့ နည်းစနစ်တွေကြောင့် ဖိအားတွေ ဝင်နေတာ အမှန်ပါ။ အဲဒီတုန်းက တခြား ဆူညံ ပြန်အော်ဟစ်နေတဲ့ အသံတွေလည်း ကြားရတယ်။ ဒါပေမယ့် အကျယ်ဆုံး အသံနဲ့ အပြင်းထန်ဆုံးက ဖာနန်ဒက်စ်ပဲ။ ” လို့ ယူနိုက်တက် အသင်းနဲ့ နီးစပ်သူ တစ်ဦးက ဖော်ထုတ် ပြောဆိုခဲ့ပါတယ်။

ဒီတစ်ပတ် အစောပိုင်း ပေါ်တူဂီ က သတင်းတွေ အရတော့ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရဲ့ စိတ်ဓာတ်နဲ့ ကာယပိုင်း အနားမရဘဲ လန်းဆန်းဖို့ လိုအပ်နေတဲ့ အပေါ် စိုးရိမ်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီ နှောင်းပိုင်း သြဂုတ်လထဲထိ ယူရိုပါလိဂ် ပွဲတွေ ဆက် ကစားခဲ့ရကာ ပရီးမီးယားလိဂ်က စက်တင်ဘာမှာ ပြန်စတင်ခဲ့တာကြောင့် လုံလောက်တဲ့ နားချိန် မရှိခဲ့ဘူး ဖြစ်နေခဲ့ပါတယ်။

ဆိုးရှားကတော့ နိုင်ငံတကာ သီတင်းပတ် အပြီး စနေနေ့ စိန့်ဂျိမ်းပါ့ခ်မှာ နယူးကာဆယ်ကို ရင်ဆိုင်ရမယ့် ပွဲမှာတော့ ယူနိုက်တက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်မယ်လို့ မျှော်လင့် ပြင်ဆင်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္နဲ႕ နီးစပ္တဲ့ သတင္းေပးေတြကေန ထြက္ေပၚလာတဲ့ သတင္းေတြ အရ ဘရူနို ဖာနန္ဒက္စ္ဟာ စပါးနဲ႕ ပြဲ ပြဲခ်ိန္၀က္မွာ ေျခစြမ္းညံ့ဖ်ငး္တဲ့ ယူနိုက္တက္ အသင္းေဖာ္ေတြကို ေအာ္ဟစ္ သတိေပး ဆူပူခဲ့ျပီး နည္းျပ ဆိုးရွားရဲ႕ နည္းစနစ္ကိုပါ ေ၀ဖန္မႈေတါ ရွိခဲ့တယ္လို႕ သိရပါတယ္။

ေမာ္ရင္ညိဳရဲ႕ စပါးအသင္းနဲ႕ အေတြ႔မွာ အေရးနိမ့္ခဲ့တာေၾကာင့္ ေဘာလံုးရာသီ အေစာပိုင္းမွာတင္ ယူနိုက္တက္က အိုးထရက္ဖို႔ဒ္မွာ အိမ္ကြင္း ရွံုးပြဲ ၂ ပြဲ ရွိသြားျပီ ျဖစ္ပါတယ္။ စပါးအသင္းကို ပထမပိုင္း အျပီးမွာတည္းက ယူနိုက္တက္က ၄-၁ နဲ႕ ရွံဳးနိမ့္ခဲ့ျပီး မာရွယ္ရဲ႕ အျငင္းပြားဖြယ္ အနီကတ္ေၾကာင့္ စပါးကို ၁၀ ေယာက္တည္းနဲ႕ ကစားခဲ့တာ ျဖစ္ပါတယ္။

ထိုပြဲမွာ ယူနိုက္တက္အတြက္ ပင္နယ္တီကေန အေစာပိုင္း ဦးေဆာင္ ဂိုး သြင္းေပးခဲ့တဲ့ ဖာနန္ဒက္စ္က သူ႔ရဲ႕ အသင္းေဖာ္ေတြကို အားမလို အားမရ ျဖစ္ခဲ့ျပီး မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ကစားေနတာ ဒီလို မျဖစ္ရဘူးလို႔ ပြဲခ်ိန္၀က္ အ၀တ္လဲခန္းထဲမွာ ေျပာဆိုခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ဖာနန္ဒက္စ္က ေတာ္မီေနးနဲ႕ လူစားလဲခံခဲ့ရျပီး ေပၚတူဂီသားဟာ နည္းျပ ဆိုးရွား အေပၚလည္း စိတ္ပ်က္သြားခဲ့တယ္လို႔ သိရပါတယ္။

အဂၤလန္ သတင္းေတြနဲ႕ ယူနိုက္တက္ အသိုင္းအ၀ိုင္း အတြင္း သတင္းေတြ အဆိုအရေတာ့ ဖာနန္ဒက္စ္ဟာ ဆိုးရွားရဲ႕ ပြဲ အစီအမံေတြက စပါးကို အစြယ္ကင္းသြားေအာင္ လုပ္နုိင္စြမ္း မရွိဘူးလို႔ ေထာက္ျပ ေျပာဆိုခဲ့ေသးတယ္လို႔ ဆိုပါတယ္။

” ဖာနန္ဒက္စ္ က လံုး၀ မုန္တိုင္းထန္ ျပိဳကြဲေနတဲ့ မ်က္နွာနဲ႕ ဥမင္ထဲကို ေျပးသြားခဲ့တာပါ။ သူက အသင္းေဖာ္ေတြကိုလည္း မန္ခ်က္စတာ ယူနိုက္တက္ ဆိုတဲ့ အသင္းအတြက္ ဂုဏ္ယူဖြယ္ မကစားၾကဘူးလို႔ စြပ္စြဲ ေျပာဆိုျပီး ‘ဒါက ယူနိုက္တက္ အတြက္ေလ .. ငါတို႔ ဒီလို ျဖစ္လို႔ မရဘူးလို႕ ‘ ဆက္တိုက္ ေအာ္ဟစ္ေနခဲ့တယ္။ မန္ေနဂ်ာကလည္း မွားယြင္းတဲ့ နည္းစနစ္ေတြေၾကာင့္ ဖိအားေတြ ၀င္ေနတာ အမွန္ပါ။ အဲဒီတုန္းက တျခား ဆူညံ ျပန္ေအာ္ဟစ္ေနတဲ့ အသံေတြလည္း ၾကားရတယ္။ ဒါေပမယ့္ အက်ယ္ဆံုး အသံနဲ႕ အျပင္းထန္ဆံုးက ဖာနန္ဒက္စ္ပဲ။ ” လို႔ ယူနိုက္တက္ အသင္းနဲ႕ နီးစပ္သူ တစ္ဦးက ေဖာ္ထုတ္ ေျပာဆိုခဲ့ပါတယ္။

ဒီတစ္ပတ္ အေစာပိုင္း ေပၚတူဂီ က သတင္းေတြ အရေတာ့ ယူနိုက္တက္ဟာ ဖာနန္ဒက္စ္ရဲ႕ စိတ္ဓာတ္နဲ႕ ကာယပိုင္း အနားမရဘဲ လန္းဆန္းဖို႔ လိုအပ္ေနတဲ့ အေပၚ စိုးရိမ္ေနတယ္လို႔ သိရပါတယ္။ ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ရာသီ ေနွာင္းပိုင္း ၾသဂုတ္လထဲထိ ယူရိုပါလိဂ္ ပြဲေတြ ဆက္ ကစားခဲ့ရကာ ပရီးမီးယားလိဂ္က စက္တင္ဘာမွာ ျပန္စတင္ခဲ့တာေၾကာင့္ လံုေလာက္တဲ့ နားခ်ိန္ မရွိခဲ့ဘူး ျဖစ္ေနခဲ့ပါတယ္။

ဆိုးရွားကေတာ့ နုိင္ငံတကာ သီတင္းပတ္ အျပီး စေနေန႔ စိန္႔ဂ်ိမ္းပါ့ခ္မွာ နယူးကာဆယ္ကို ရင္ဆုိင္ရမယ့္ ပြဲမွာေတာ့ ယူနိုက္တက္ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္နုိင္မယ္လို႔ ေမွ်ာ္လင့္ ျပင္ဆင္ေနပါတယ္။