ယူနိုက်တက်က လီဗာပူးနဲ့ လက်တွဲပြီး ပရီးမီးယားလိဂ်ကို ၁၈ သင်းထိ လျော့ချရေး ကြိုးပမ်းနေ

ယူနိုက်တက်နဲ့ လီဗာပူးတို့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ် ကြီး ၆ ကြီးက အင်္ဂလန် ဘောလုံးလောကကို လွှမ်းမိုးဖို့ စတင်ကာ ကြိုးစားနေကြပြီလို့ သိရပါတယ်။

တယ်လီဂရပ်က ဖော်ထုတ်လာမှုမှာတော့ လီဗာပူးပိုင်ရှင်တွေက ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေမှုကို ယူနိုက်တက်က အားပေးထောက်ခံပေးထားတယ်။ ဒီကိစ္စအတွက် ကြီး ၆ ကြီးအပြင် အင်္ဂလန် သမ္ဘာရင့်ကလပ် ၃ သင်းကလည်း ပူးပေါင်းပြီး ကလပ် ၉ သင်းက စုပေါင်း ကြိုးစားနေမှုလည်း ဖြစ်ပါတယ်။

ကြီး ၆ ကြီးရဲ့ ကြိုးစားမှုမှာတော့ လိဂ်ဖလားကို ပွဲနေ့ ပြက္ခဒိန်ကနေ ဖယ်ထုတ်ရေး၊ ကွန်မြူနတီဒိုင်းကိုလည်း ဖယ်ထုတ်ရေး၊ ပရီးမီးယားလိဂ်ကလပ်ကို ၁၈ သင်းထိ လျော့ချရေး၊ EFL ကလပ်တွေကို ပေါင် သန်း ၂၅၀ ထောက်ပံ့ခြင်းနဲ့ အက်ဖ်အေကို ပေါင် သန်း ၁၀၀ ထောက်ပံ့ခြင်းတွေ ပါဝင်တယ်လို့ သိရတယ်။

ပရီးမီးယားလိဂ်မှာ ကာလရှည် ရပ်တည်ခဲ့တဲ့ ထိပ်သီးအသင်းတွေက လိဂ်ရဲ့ သြဇာကို ၎င်းတို့ လက်ထဲမှာ ထားဖို့ကို ကြိုးစားတဲ့ အစီအစဉ်ဖြစ်ကာ လိဂ်ကို ဆက်လက် လွှမ်းမိုးဖို့ ကြံစည်လာခြင်းဖြစ်တယ်။ ပရီးမီးယားလိဂ်ကို စတင်ခဲ့စဉ်က သဘောတူညီခဲ့တဲ့ စည်းမျဉ်းအချို့က ဒီကနေ့ခေတ်မှာ အပြောင်းအလဲလုပ်ဖို့ လိုအပ်လာပြီလို့ ၎င်းတို့က ယုံကြည်တယ်။

ပရီးမီးယားလိဂ်ကို ၁၈ သင်းအထိ ထားရာမှာ တန်းတက်၊ တန်းဆင်း စနစ်ကို ပြောင်းလဲမှာဖြစ်သလို လိဂ်ဖလားကိုတော့ ဥရောပဝင်ခွင့်ရ ကလပ်တွေ ဝင်ပြိုင်ဖို့ မလိုတာကလွဲလို့ ဆက်လက် ထားရှိဖို့လည်း ပါရှိပါတယ်။

ZAWGYI

ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ ဦးေဆာင္မႈနဲ႔အတူ ပရီးမီးယားလိဂ္ ၾကီး ၆ ၾကီးက အဂၤလန္ ေဘာလံုးေလာကကို လႊမ္းမိုးဖို႔ စတင္ကာ ၾကိဳးစားေနၾကျပီလို႔ သိရပါတယ္။

တယ္လီဂရပ္က ေဖာ္ထုတ္လာမႈမွာေတာ့ လီဗာပူးပိုင္ရွင္ေတြက ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးေနမႈကို ယူႏုိက္တက္က အားေပးေထာက္ခံေပးထားတယ္။ ဒီကိစၥအတြက္ ၾကီး ၆ ၾကီးအျပင္ အဂၤလန္ သမၻာရင့္ကလပ္ ၃ သင္းကလည္း ပူးေပါင္းျပီး ကလပ္ ၉ သင္းက စုေပါင္း ၾကိဳးစားေနမႈလည္း ျဖစ္ပါတယ္။

ၾကီး ၆ ၾကီးရဲ႕ ၾကိဳးစားမႈမွာေတာ့ လိဂ္ဖလားကို ပြဲေန႔ ျပကၡဒိန္ကေန ဖယ္ထုတ္ေရး၊ ကြန္ျမဴနတီဒိုင္းကိုလည္း ဖယ္ထုတ္ေရး၊ ပရီးမီးယားလိဂ္ကလပ္ကို ၁၈ သင္းထိ ေလ်ာ့ခ်ေရး၊ EFL ကလပ္ေတြကို ေပါင္ သန္း ၂၅၀ ေထာက္ပံ့ျခင္းနဲ႔ အက္ဖ္ေအကို ေပါင္ သန္း ၁၀၀ ေထာက္ပံ့ျခင္းေတြ ပါဝင္တယ္လို႔ သိရတယ္။

ပရီးမီးယားလိဂ္မွာ ကာလရွည္ ရပ္တည္ခဲ့တဲ့ ထိပ္သီးအသင္းေတြက လိဂ္ရဲ႕ ၾသဇာကို ၄င္းတို႔ လက္ထဲမွာ ထားဖို႔ကို ၾကိဳးစားတဲ့ အစီအစဥ္ျဖစ္ကာ လိဂ္ကို ဆက္လက္ လႊမ္းမိုးဖို႔ ၾကံစည္လာျခင္းျဖစ္တယ္။ ပရီးမီးယားလိဂ္ကို စတင္ခဲ့စဥ္က သေဘာတူညီခဲ့တဲ့ စည္းမ်ဥ္းအခ်ိဳ႔က ဒီကေန႔ေခတ္မွာ အေျပာင္းအလဲလုပ္ဖို႔ လိုအပ္လာျပီလုိ႔ ၄င္းတို႔က ယံုၾကည္တယ္။

ပရီးမီးယားလိဂ္ကို ၁၈ သင္းအထိ ထားရာမွာ တန္းတက္၊ တန္းဆင္း စနစ္ကို ေျပာင္းလဲမွာျဖစ္သလို လိဂ္ဖလားကိုေတာ့ ဥေရာပဝင္ခြင့္ရ ကလပ္ေတြ ဝင္ျပိဳင္ဖို႔ မလိုတာကလြဲလို႔ ဆက္လက္ ထားရွိဖို႔လည္း ပါရွိပါတယ္။