ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (12/10/20)

အင်္ဂလန်ဟာ ဖီဖာအဆင့် သတ်မှတ်ချက် နံပါတ်၁ ရရှိထားတဲ့ ဘယ်လ်ဂျီယမ်နဲ့ နေးရှင်းလိဂ်မှာ တွေ့ဆုံခဲ့ရာမှာ လူကာကူရဲ့ဂိုးနဲ့ ဦးဆောင်ခံခဲ့ရပေယ့် ရက်ရှ်ဖို့ဒ်၊ မေဆန်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ comeback နိုင်ပွဲ ရရှိခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်ကို ဝင်ဘလေမှာ ၂-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အင်္ဂလန်အတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ၄ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကို ရရှိခဲ့ပြီး အင်္ဂလန်ဂန္တဝင်တွေဖြစ်တဲ့ ဘော်ဘီ ချာလ်တန်၊ ဘက်ခမ်းနဲ့ ဝိန်းရွန်းနီတို့နဲ့ အတူ မှတ်တမ်းဝင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်နဲ့ နေးရှင်းလိဂ် ချန်ပီယံ ပေါ်တူဂီတို့ မနေ့က ထိပ်တိုက် တွေ့ဆုံခဲ့ရာမှာ ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရပေမယ့် ပွဲကတော့ ဂိုးမရှိ သရေ ရလဒ်နဲ့ ပြီးဆုံး သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့မှာ ဗဟိုခံစစ် တစ်ယောက်မှ မခေါ်ယူနိုင်ခဲ့တာကြောင့် ခံစစ်ပိုင်းမှာ မေးခွန်း ထုတ်စရာတွေ ဖြစ်ခဲ့တဲ့နောက် လာမယ့်ဇန်နဝါရီမှာ မက်ဒရစ်နောက်ခံလူ ဗာရိန်းကို ခေါ်ယူဖို့ လျာထားပါတယ်။

နွေ အပြောင်းအရွှေ့အတွင်း မန်စီးတီးဟာ ဥရုဂွေး တောင်ပံကစားသမား ပယ်လစ်စထွီကို ပထမဆုံး ပေါင် ၆သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် နောက်ဆုံးမှာ ယူနိုက်တက်က ကြားဖြတ်ပြီး စီးတီးကို ကျော်ကာ ပေါင် ၁၀သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဝက်ဖို့ဒ်ကြယ်ပွင့် အစ္စမာလီယာ ဆားကို အငှားခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပဲလေ့စ်က ၎င်းတို့ရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀နဲ့ ကမ်းလှမ်းတော့မှာဖြစ်လို့ ယူနိုက်တက် တို့ ပစ်မှတ် တစ်ခု လက်လွှတ်ရဦးမှာပါ။

မနေ့က ပေါ်တူဂီနဲ့ နေးရှင်းလိဂ်ပွဲမှာ ပေါ့ဘာဟာ ပွဲချိန်ပြည့်ကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့သလို ကွင်းထဲမှာသူ့ရဲ့ အင်အားတောင့်တင်းတဲ့ ခေါင်းဆောင်နိုင်စွမ်းကို ပြသခဲ့တယ်လို့ ဂိုးသမား လိုရစ်က ချီးကျူးပြောဆိုခဲ့ပါတယ်။

Zawgyi – အဂၤလန္ဟာ ဖီဖာအဆင့္ သတ္မွတ္ခ်က္ နံပါတ္၁ ရရွိထားတဲ့ ဘယ္လ္ဂ်ီယမ္နဲ႔ ေနးရွင္းလိဂ္မွာ ေတြ႕ဆုံခဲ့ရာမွာ လူကာကူရဲ႕ဂိုးနဲ႔ ဦးေဆာင္ခံခဲ့ရေပယ့္ ရက္ရွ္ဖို႔ဒ္၊ ေမဆန္ေမာင့္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ comeback ႏိုင္ပြဲ ရရွိခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္ကို ဝင္ဘေလမွာ ၂-၁နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ အဂၤလန္အတြက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ ၄ပြဲဆက္ ဂိုးသြင္းႏိုင္တဲ့ စံခ်ိန္ကို ရရွိခဲ့ၿပီး အဂၤလန္ဂႏၲဝင္ေတြျဖစ္တဲ့ ေဘာ္ဘီ ခ်ာလ္တန္၊ ဘက္ခမ္းနဲ႔ ဝိန္း႐ြန္းနီတို႔နဲ႔ အတူ မွတ္တမ္းဝင္ခဲ့ပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္နဲ႔ ေနးရွင္းလိဂ္ ခ်န္ပီယံ ေပၚတူဂီတို႔ မေန႔က ထိပ္တိုက္ ေတြ႕ဆုံခဲ့ရာမွာ ေပါ့ဘာနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔က ၿပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ခဲ့ရေပမယ့္ ပြဲကေတာ့ ဂိုးမရွိ သေရ ရလဒ္နဲ႔ ၿပီးဆုံး သြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ေႏြအေျပာင္းအေ႐ႊ႕မွာ ဗဟိုခံစစ္ တစ္ေယာက္မွ မေခၚယူႏိုင္ခဲ့တာေၾကာင့္ ခံစစ္ပိုင္းမွာ ေမးခြန္း ထုတ္စရာေတြ ျဖစ္ခဲ့တဲ့ေနာက္ လာမယ့္ဇန္နဝါရီမွာ မက္ဒရစ္ေနာက္ခံလူ ဗာရိန္းကို ေခၚယူဖို႔ လ်ာထားပါတယ္။

ေႏြ အေျပာင္းအေ႐ႊ႕အတြင္း မန္စီးတီးဟာ ဥ႐ုေဂြး ေတာင္ပံကစားသမား ပယ္လစ္စထြီကို ပထမဆုံး ေပါင္ ၆သန္းနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ေပမယ့္ ေနာက္ဆုံးမွာ ယူႏိုက္တက္က ၾကားျဖတ္ၿပီး စီးတီးကို ေက်ာ္ကာ ေပါင္ ၁၀သန္းနဲ႔ ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဝက္ဖို႔ဒ္ၾကယ္ပြင့္ အစၥမာလီယာ ဆားကို အငွားေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပဲေလ့စ္က ၎တို႔ရဲ႕ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၃၀နဲ႔ ကမ္းလွမ္းေတာ့မွာျဖစ္လို႔ ယူႏိုက္တက္ တို႔ ပစ္မွတ္ တစ္ခု လက္လႊတ္ရဦးမွာပါ။

မေန႔က ေပၚတူဂီနဲ႔ ေနးရွင္းလိဂ္ပြဲမွာ ေပါ့ဘာဟာ ပြဲခ်ိန္ျပည့္ကစားခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၃ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့သလို ကြင္းထဲမွာသူ႔ရဲ႕ အင္အားေတာင့္တင္းတဲ့ ေခါင္းေဆာင္ႏိုင္စြမ္းကို ျပသခဲ့တယ္လို႔ ဂိုးသမား လိုရစ္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။