ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (12/10/20)

ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ညက ဘယ်လ်ဂျီယံနဲ့ နေးရှင်းလိဂ်ပွဲမှာ အင်္ဂလန်အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပေမယ့် ရွိုင်ကိန်းကတော့ ရက်ဖို့ဒ်ရဲ့ လှုပ်ရှားမှုတွေက လိုအပ်ချက်တွေ ရှိနေပြီး အကောင်းဆုံး အနေအထား မရောက်ကြောင်း ထောက်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာ ကို စိတ်ဝင်စားနေသေးပေမယ့် နည်းပြ ဇီဒန်း ဆက်ရှိမယ့် အနေအထားကို ချိန်ဆကာ နောက်နှစ်နွေမှ ကမ်းလှမ်းဖို့ ဆုံးဖြတ်သွားဖို့ ရှိကြောင်း သိရပါတယ်။

ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါလ်စခိုးလ်ဟာ လိဂ်တူးကလပ် ဆဲလ်ဖို့ဒ် စီးတီးကို ယာယီနည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။ ဆဲလ်ဖို့ဒ်အသင်းဟာ ၉၂ခုနှစ် ယူနိုက်တက် မျိုးဆက် အသင်းသားတွေ ရှယ်ယာ ပိုင်ဆိုင်တဲ့ အသင်း ဖြစ်ပါတယ်။

ကလပ်အဆင့်မှာ ဝေဖန်မှုများစွာ ခံခဲ့ရပေမယ့် ဘယ်လ်ဂျီယမ်နဲ့ပွဲမှာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားဟာ ဘောလုံးပေးပို့မှု ၈၁ကြိမ်မှာ အထင်ကြီးဖွယ် ၇၈ကြိမ် (၉၆.၂၉%)အောင်မြင်ခဲ့ပြီး အင်္ဂလန်အတွက် အကျိုး အရှိဆုံး ဘောလုံးပေးပို့သူ ဖြစ်ခဲ့ပါတယ်။

လိုက်ပ်ဇစ်မှာ အငှားထွက် ကစားနေတဲ့ မန်စီးတီး ခံစစ်မှူး အိန်ဂျယ်လီနိုက ချန်ပီယံလိဂ်မှာ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ယူနိုက်တက်က သာမန် အလယ်အလတ် တစ်သင်းသာ ဖြစ်နေတာကြောင့် စိတ်ပူစရာ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး အီဗရာကတော့ ယူနိုက်တက်မှာ အမှားအယွင်းတွေ စခဲ့တာက ဆိုးရှားဟာ လူကာကူကို ရောင်းပြီး အစားထိုး တိုက်စစ်မှူး မခေါ်ခဲ့သလို ခံစစ်မှူး ခေါ်ပြီး အသင်းရောက်တာ မကြာတဲ့ မက်ဂွဲရားကို အသင်းခေါင်းဆောင် ပေးလိုက်တာက ပိုဆိုးသွားစေတယ်လို့ ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ဟာ ညက ဘယ္လ္ဂ်ီယံနဲ႕ ေနးရွင္းလိဂ္ပြဲမွာ အဂၤလန္အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို ပင္နယ္တီကေန သြင္းယူေပးခဲ့ေပမယ့္ ရြိဳင္ကိန္းကေတာ့ ရက္ဖို႔ဒ္ရဲ႕ လႈပ္ရွားမႈေတြက လိုအပ္ခ်က္ေတြ ရွိေနျပီး အေကာင္းဆံုး အေနအထား မေရာက္ေၾကာင္း ေထာက္ျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ယူနိုက္တက္ ကြင္းလယ္သမား ေပါ့ဘာ ကို စိတ္၀င္စားေနေသးေပမယ့္ နည္းျပ ဇီဒန္း ဆက္ရွိမယ့္ အေနအထားကို ခ်ိန္ဆကာ ေနာက္နွစ္ေႏြမွ ကမ္းလွမ္းဖို႔ ဆံုးျဖတ္သြားဖို႔ ရွိေၾကာင္း သိရပါတယ္။

ယူနိုက္တက္ ကြင္းလယ္ေဟာင္း ေပါလ္စခိုးလ္ဟာ လိဂ္တူးကလပ္ ဆဲလ္ဖို႔ဒ္ စီးတီးကို ယာယီနည္းျပ အျဖစ္ တာ၀န္ယူ ကိုင္တြယ္ေတာ့မွာ ျဖစ္ပါတယ္။ ဆဲလ္ဖို႔ဒ္အသင္းဟာ ၉၂ခုနွစ္ ယူနိုက္တက္ မ်ိဳးဆက္ အသင္းသားေတြ ရွယ္ယာ ပိုင္ဆိုင္တဲ့ အသင္း ျဖစ္ပါတယ္။

ကလပ္အဆင့္မွာ ေဝဖန္မႈမ်ားစြာ ခံခဲ့ရေပမယ့္ ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ေဘာလုံးေပးပို႔မႈ ၈၁ႀကိမ္မွာ အထင္ႀကီးဖြယ္ ၇၈ႀကိမ္ (၉၆.၂၉%)ေအာင္ျမင္ခဲ့ၿပီး အဂၤလန္အတြက္ အက်ိဳး အရွိဆုံး ေဘာလုံးေပးပို႔သူ ျဖစ္ခဲ့ပါတယ္။

လိုက္ပ္ဇစ္မွာ အငွားထြက္ ကစားေနတဲ့ မန္စီးတီး ခံစစ္မွဴး အိန္ဂ်ယ္လီနိုက ခ်န္ပီယံလိဂ္မွာ တစ္အုပ္စုတည္း က်ေရာက္ေနတဲ့ ယူနိုက္တက္က သာမန္ အလယ္အလတ္ တစ္သင္းသာ ျဖစ္ေနတာေၾကာင့္ စိတ္ပူစရာ မရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ဂႏၱ၀င္ ကစားသမားၾကီး အီဗရာကေတာ့ ယူနိုက္တက္မွာ အမွားအယြင္းေတြ စခဲ့တာက ဆိုးရွားဟာ လူကာကူကို ေရာင္းျပီး အစားထိုး တိုက္စစ္မွဴး မေခၚခဲ့သလို ခံစစ္မွဴး ေခၚျပီး အသင္းေရာက္တာ မၾကာတဲ့ မက္ဂြဲရားကို အသင္းေခါင္းေဆာင္ ေပးလိုက္တာက ပိုဆိုးသြားေစတယ္လို႔ ေထာက္ျပ ေ၀ဖန္ခဲ့ပါတယ္။