ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (12/10/20)

ဘယ်လ်ဂျီယမ်နဲ့ ပွဲအတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ဂျက်ဂရီးလစ်ရှ်ထက် မေဆန်မောင့်ကို ရွေးချယ်ခဲ့တဲ့အချိန်မှာ ဝေဖန်မှုတွေရှိခဲ့တဲ့ကြားက အနိုင်ဂိုးသွင်းပြခဲ့တဲ့ မောင့်ဟာ အထင်ကြီးမခံရပေမယ့် သိပ်တော်တဲ့သူ ဖြစ်ကြောင်း ဆောက်ဂိတ်က ချီးကျူးခဲ့ပါတယ်။

အင်္ဂလန်အတွက် အနိုင်ဂိုး သွင်းယူခဲ့တဲ့ မေဆန်မောင့်က သူ့ရဲ့ဂိုးဟာ လမ်းကြောင်းပြောင်းပြီး ဝင်သွားခဲ့တာက ကံကောင်းသွားတယ် ဆိုတာကို ပွဲအပြီးမှာ ဝန်ခံခဲ့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဂိုးဝင်ရင် ပြီးတာပါပဲ လို့ ပြောဆိုခဲ့ပါတယ်။

မနှစ်က အဆင့်၄အတွင်း ဝင်ခဲ့တဲ့ ချယ်ဆီးဟာ ရည်မှန်းချက်ကြီးမားစွာနဲ့ ဒီနွေမှာ ကစားသမားသစ် ခေါ်ယူမှုများစွာ လုပ်ခဲ့သလို အသင်းဖော်သစ်တွေက အသင်းကို ဆုဖလား စိန်ခေါ်နိုင်အောင် ကူညီ ပေးနိုင်တယ်လို့ ပူလီဆစ်က ယုံကြည်နေပါတယ်။

ဘယ်လ်ဂျီယမ်နဲ့ပွဲမှာ အင်္ဂလန်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ မေဆန်မောင့်ဟာ ဒီဘရိုင်းလို့ အဆင့်မျိုးရောက်ချင်ရင် သူ့လိုမျိုး ဘောလုံးများများ ကိုင်ကစားနိုင်အောင် လုပ်ဖို့လိုတယ်လို့ ဂျေမီရက်နပ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

နယူးကာဆယ်ဟာ ဒီနွေမှာ လော့ဖ်တပ်ချိခ်နဲ့ ရော့စ် ဘာကလေတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူတို့အသင်းက ကစားသမား ၄ယောက်ကို မရောင်းထုတ်နိုင်ခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဘီလီဂေလ်မာဟာ မနှစ်က အသင်းကြီးကို ရောက်ရှိခဲ့ပြီး ၁၉နှစ်သာ ရှိသေးပေမယ့် သူ့ရဲ့ရင့်ကျက်မှုကို ပြသခဲ့သလို ထပ်မံ တိုးတက်လာဖို့အတွက် ဇန်နဝါရီမှာ တိုမိုရီနဲ့အတူ အငှားပြောင်းရွှေ့ ကစားရနိုင်ဖွယ် ရှိကြောင်း အေးဂျင့်က အတည်ပြုခဲ့ပါတယ်။

ဒီနွေမှာ ချယ်ဆီးမှာ ဆက်ရှိနေခဲ့တဲ့ ရူဒီဂါဟာ လုံလောက်တဲ့ ကစားချိန်မရရင် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်သလို ဟိုဆေးမော်ရင်ညိုရဲ့ အသင်းအနေနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့ ထပ်မံ ကြိုးစားသင့်တယ်လို့ ကီဗင်ဖီးလစ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ခံစစ်မှူး ဘင်ချီဝဲဟာ သီးသန့် ခွဲနေရတာကြောင့် ဘယ်လ်ဂျီယမ်ကို ၂-၁နဲ့နိုင်ခဲ့တဲ့ပွဲမှာ အင်္ဂလန်အတွက် မပါဝင်နိုင်ခဲ့သလို နောက်ထပ် ဒိန်းမတ်နဲ့ပွဲမှာလဲ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ အင်္ဂလန်အသင်း နည်းပြဆောက်ဂိတ်က အတည်ပြုခဲ့ပါတယ်။

Zawgyi – ဘယ္လ္ဂ်ီယမ္နဲ႔ ပြဲအတြက္ အဂၤလန္အသင္း လူစာရင္းမွာ ဂ်က္ဂရီးလစ္ရွ္ထက္ ေမဆန္ေမာင့္ကို ေ႐ြးခ်ယ္ခဲ့တဲ့အခ်ိန္မွာ ေဝဖန္မႈေတြရွိခဲ့တဲ့ၾကားက အႏိုင္ဂိုးသြင္းျပခဲ့တဲ့ ေမာင့္ဟာ အထင္ႀကီးမခံရေပမယ့္ သိပ္ေတာ္တဲ့သူ ျဖစ္ေၾကာင္း ေဆာက္ဂိတ္က ခ်ီးက်ဴးခဲ့ပါတယ္။

အဂၤလန္အတြက္ အႏိုင္ဂိုး သြင္းယူခဲ့တဲ့ ေမဆန္ေမာင့္က သူ႔ရဲ႕ဂိုးဟာ လမ္းေၾကာင္းေျပာင္းၿပီး ဝင္သြားခဲ့တာက ကံေကာင္းသြားတယ္ ဆိုတာကို ပြဲအၿပီးမွာ ဝန္ခံခဲ့ေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ဂိုးဝင္ရင္ ၿပီးတာပါပဲ လို႔ ေျပာဆိုခဲ့ပါတယ္။

မႏွစ္က အဆင့္၄အတြင္း ဝင္ခဲ့တဲ့ ခ်ယ္ဆီးဟာ ရည္မွန္းခ်က္ႀကီးမားစြာနဲ႔ ဒီေႏြမွာ ကစားသမားသစ္ ေခၚယူမႈမ်ားစြာ လုပ္ခဲ့သလို အသင္းေဖာ္သစ္ေတြက အသင္းကို ဆုဖလား စိန္ေခၚႏိုင္ေအာင္ ကူညီ ေပးႏိုင္တယ္လို႔ ပူလီဆစ္က ယုံၾကည္ေနပါတယ္။

ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာ အဂၤလန္အတြက္ အႏိုင္ဂိုး သြင္းယူေပးခဲ့တဲ့ ေမဆန္ေမာင့္ဟာ ဒီဘ႐ိုင္းလို႔ အဆင့္မ်ိဳးေရာက္ခ်င္ရင္ သူ႔လိုမ်ိဳး ေဘာလုံးမ်ားမ်ား ကိုင္ကစားႏိုင္ေအာင္ လုပ္ဖို႔လိုတယ္လို႔ ေဂ်မီရက္နပ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

နယူးကာဆယ္ဟာ ဒီေႏြမွာ ေလာ့ဖ္တပ္ခ်ိခ္နဲ႔ ေရာ့စ္ ဘာကေလတို႔ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူတို႔အသင္းက ကစားသမား ၄ေယာက္ကို မေရာင္းထုတ္ႏိုင္ခဲ့တာေၾကာင့္ မေခၚယူႏိုင္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ဘီလီေဂလ္မာဟာ မႏွစ္က အသင္းႀကီးကို ေရာက္ရွိခဲ့ၿပီး ၁၉ႏွစ္သာ ရွိေသးေပမယ့္ သူ႔ရဲ႕ရင့္က်က္မႈကို ျပသခဲ့သလို ထပ္မံ တိုးတက္လာဖို႔အတြက္ ဇန္နဝါရီမွာ တိုမိုရီနဲ႔အတူ အငွားေျပာင္းေ႐ႊ႕ ကစားရႏိုင္ဖြယ္ ရွိေၾကာင္း ေအးဂ်င့္က အတည္ျပဳခဲ့ပါတယ္။

ဒီေႏြမွာ ခ်ယ္ဆီးမွာ ဆက္ရွိေနခဲ့တဲ့ ႐ူဒီဂါဟာ လုံေလာက္တဲ့ ကစားခ်ိန္မရရင္ ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္သလို ဟိုေဆးေမာ္ရင္ညိဳရဲ႕ အသင္းအေနနဲ႔ သူ႔ကို ေခၚယူႏိုင္ဖို႔ ထပ္မံ ႀကိဳးစားသင့္တယ္လို႔ ကီဗင္ဖီးလစ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ခံစစ္မွဴး ဘင္ခ်ီဝဲဟာ သီးသန္႔ ခြဲေနရတာေၾကာင့္ ဘယ္လ္ဂ်ီယမ္ကို ၂-၁နဲ ႔ႏိုင္ခဲ့တဲ့ပြဲမွာ အဂၤလန္အတြက္ မပါဝင္ႏိုင္ခဲ့သလို ေနာက္ထပ္ ဒိန္းမတ္နဲ႔ပြဲမွာလဲ ပါဝင္ႏိုင္ဖို႔ မေသခ်ာဘူးလို႔ အဂၤလန္အသင္း နည္းျပေဆာက္ဂိတ္က အတည္ျပဳခဲ့ပါတယ္။