ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (12/10/20)

အာဝါဟာ ပြင်သစ်အသင်းနဲ့အတူ ယူရို ၂၀၂၁ လူစာရင်းမှာ ပါဝင်ချင်တာကြောင့် ဇန်နဝါရီမှာ အသင်းပြောင်းလိုက်လို့ အသားမကျရင် သူ့အတွက် ထိခိုက်မှုတွေ ရှိလာမှာကို အလိုမရှိသလို အာဆင်နယ် အနေနဲ့ နောက်နွေရာသီမှသာ သူ့ကိုခေါ်ဖို့ ကြိုးစားနိုင်မှာပါ။

နည်းပြဟောင်း အာဆင်ဝင်းဂါးက သူ့လက်အောက်မှာ အိုဇေးဟာ စည်းကမ်းအလိုက်နာဆုံး ကစားသမား တစ်ယောက် မဟုတ်ခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး ဘောလုံးမပါဘဲ ကစားပုံမှာလဲ အားသန်တဲ့သူ မဟုတ်ဘူးလို့ ပြောဆို ခဲ့ပါတယ်။

ပက်ဘလိုမာရီဟာ အာဆင်နယ် ကစားသမား ဘဝအစ ၃ပွဲ ကစားချိန်ပြီးချိန်မှာပဲ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပေမယ့် အခုချိန်မှာတော့ ပြန်ကောင်းမွန်လာပြီဖြစ်ပြီး နောက် တစ်ပတ်အတွင်း ပြန်ကစားရနိုင်ဖွယ် ရှိပါတယ်။

၂၀၁၈ မှာ အာဆင်နယ် နည်းပြဘဝကို စွန့်ခွာခဲ့တာဟာ ချစ်ခြင်း ဇာတ်လမ်း တစ်ပုဒ်ရဲ့ အဆုံးသတ်ဖြစ်ခဲ့တာကြောင့် သူ့အနေနဲ့ အာဆင်နယ်ပွဲတွေကြည့်ဖို့ အမ်းမရိတ်စ်ကို ပြန်လာမှာ မဟုတ်ဘူးလို့ အာဆင်ဝင်းဂါးက ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ အာဝါကို မခေါ်ယူနိုင်ခဲ့ပေမယ့် သူဟာ အိုဇေးအတွက် ပြီးပြည့်စုံတဲ့ အစားထိုးစရာ ဖြစ်တာကြောင့် အနာဂတ်မှာ သူ့ကို အမ်းမရိတ်စ်ထံ အရောက်ခေါ်ဖို့ ဒေးဗစ် ဂျီနိုလာက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အတွက် ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ အာဆင်နယ်က အနီးစပ်ဆုံးဖြစ်ခဲ့ပြီး စပို့တင်းကလပ်နဲ့ သဘောတူညီမှုတောင် ရခဲ့ပေမယ့် စပို့တင်းစီပီ နည်းပြဟောင်း ကားလို့စ်ကွိုင်းရော့ဇ်ကို လက်ထောက် နည်းပြခန့်ခဲ့တဲ့ ယူနိုက်တက် ကြားဖြတ် ခေါ်နိုင်ခဲ့တာပါလို့ အာဆင်ဝင်းဂါးက ထုတ်တဖော် ပြောဆိုပါတယ်။

အာဆင်နယ်မှာ တစ်ပတ် ပေါင် ၃သိန်းခွဲရပေမယ့် အနာဂတ် မရှိတော့တဲ့ အိုဇေးကို ဆော်ဒီကလပ်က ပေါင် ၅သန်းနဲ့ အတူ ၂နှစ် စာချုပ် ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ကွင်းလယ်လူက အာဆင်နယ်မှာ ဆက် နေချင်တာကြောင့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အာတီတာ လက်အောက် အမြင့်ပျံသန်းနေတဲ့ အာဆင်နယ်ဟာ ၆ပွဲနိုင်၊ ၁ပွဲရှုံးရလဒ်နဲ့ ရာသီကို ကောင်းကောင်းစတင်နိုင်ခဲ့သလို မနှစ်ကထက် အမှတ်တွေ ပိုရဖို့သိပ်ခက်ခဲမှာ မဟုတ်ပဲ ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်တယ်လို့ ဝင်းဂါးက ယုံကြည်နေပါတယ်။

Zawgyi – အာဝါဟာ ျပင္သစ္အသင္းနဲ႔အတူ ယူ႐ို ၂၀၂၁ လူစာရင္းမွာ ပါဝင္ခ်င္တာေၾကာင့္ ဇန္နဝါရီမွာ အသင္းေျပာင္းလိုက္လို႔ အသားမက်ရင္ သူ႔အတြက္ ထိခိုက္မႈေတြ ရွိလာမွာကို အလိုမရွိသလို အာဆင္နယ္ အေနနဲ႔ ေနာက္ေႏြရာသီမွသာ သူ႔ကိုေခၚဖို႔ ၾကိဳးစားႏိုင္မွာပါ။

နည္းျပေဟာင္း အာဆင္ဝင္းဂါးက သူ႔လက္ေအာက္မွာ အိုေဇးဟာ စည္းကမ္းအလိုက္နာဆုံး ကစားသမား တစ္ေယာက္ မဟုတ္ခဲ့ဘူးလို႔ ဝန္ခံခဲ့ၿပီး ေဘာလံုးမပါဘဲ ကစားပုံမွာလဲ အားသန္တဲ့သူ မဟုတ္ဘူးလို႔ ေျပာဆို ခဲ့ပါတယ္။

ပက္ဘလိုမာရီဟာ အာဆင္နယ္ ကစားသမား ဘဝအစ ၃ပြဲ ကစားခ်ိန္ၿပီးခ်ိန္မွာပဲ ျပင္းထန္တဲ့ ဒဏ္ရာရခဲ့တာေၾကာင့္ ကာလရွည္ၾကာ အနားယူခဲ့ရေပမယ့္ အခုခ်ိန္မွာေတာ့ ျပန္ေကာင္းမြန္လာၿပီျဖစ္ၿပီး ေနာက္ တစ္ပတ္အတြင္း ျပန္ကစားရႏိုင္ဖြယ္ ရွိပါတယ္။

၂၀၁၈ မွာ အာဆင္နယ္ နည္းျပဘဝကို စြန္႔ခြာခဲ့တာဟာ ခ်စ္ျခင္း ဇာတ္လမ္း တစ္ပုဒ္ရဲ႕ အဆုံးသတ္ျဖစ္ခဲ့တာေၾကာင့္ သူ႔အေနနဲ႔ အာဆင္နယ္ပြဲေတြၾကည့္ဖို႔ အမ္းမရိတ္စ္ကို ျပန္လာမွာ မဟုတ္ဘူးလို႔ အာဆင္ဝင္းဂါးက ဝန္ခံခဲ့ပါတယ္။

အာဆင္နယ္ဟာ ဒီေႏြမွာ အာဝါကို မေခၚယူႏိုင္ခဲ့ေပမယ့္ သူဟာ အိုေဇးအတြက္ ၿပီးျပည့္စုံတဲ့ အစားထိုးစရာ ျဖစ္တာေၾကာင့္ အနာဂတ္မွာ သူ႔ကို အမ္းမရိတ္စ္ထံ အေရာက္ေခၚဖို႔ ေဒးဗစ္ ဂ်ီႏိုလာက တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အတြက္ ခရစၥတီယာႏို ေရာ္နယ္ဒိုကို ေခၚယူဖို႔ အာဆင္နယ္က အနီးစပ္ဆုံးျဖစ္ခဲ့ၿပီး စပို႔တင္းကလပ္နဲ႔ သေဘာတူညီမႈေတာင္ ရခဲ့ေပမယ့္ စပို႔တင္းစီပီ နည္းျပေဟာင္း ကားလို႔စ္ကြိဳင္းေရာ့ဇ္ကို လက္ေထာက္ နည္းျပခန္႔ခဲ့တဲ့ ယူႏိုက္တက္ ၾကားျဖတ္ ေခၚႏိုင္ခဲ့တာပါလို႔ အာဆင္ဝင္းဂါးက ထုတ္တေဖာ္ ေျပာဆိုပါတယ္။

အာဆင္နယ္မွာ တစ္ပတ္ ေပါင္ ၃သိန္းခြဲရေပမယ့္ အနာဂတ္ မရွိေတာ့တဲ့ အိုေဇးကို ေဆာ္ဒီကလပ္က ေပါင္ ၅သန္းနဲ႔ အတူ ၂ႏွစ္ စာခ်ဳပ္ ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ ကြင္းလယ္လူက အာဆင္နယ္မွာ ဆက္ ေနခ်င္တာေၾကာင့္ ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

အာတီတာ လက္ေအာက္ အျမင့္ပ်ံသန္းေနတဲ့ အာဆင္နယ္ဟာ ၆ပြဲႏိုင္၊ ၁ပြဲရႈံးရလဒ္နဲ႔ ရာသီကို ေကာင္းေကာင္းစတင္ႏိုင္ခဲ့သလို မႏွစ္ကထက္ အမွတ္ေတြ ပိုရဖို႔သိပ္ခက္ခဲမွာ မဟုတ္ပဲ ထိပ္ဆုံးေလးသင္းထဲ ဝင္ႏိုင္တယ္လို႔ ဝင္းဂါးက ယုံၾကည္ေနပါတယ္။