ယူနိုက်တက်အတွက် ပထမဆုံးပွဲမှာ အသင်းဟောင်း PSG နဲ့ ရင်ဆိုင်ရမယ့်အပေါ် ကာဗာနီ တုန့်ပြန်

ကာဗာနီဟာ စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် နယူးကာဆယ်နဲ့ပွဲကို ကွာရန်တင်း ကိစ္စတွေကြောင့် လွဲချော်မှာဖြစ်ပြီး ၎င်းရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးပွဲကတော့ နောက်တစ်ပတ် ချန်ပီယံလိဂ်မှာ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတဲ့ပွဲ ဖြစ်လာပါမယ်။

ကာဗာနီက “ ဒါက ကံတရားပဲလို့ ကျွန်တော်ထင်ပါတယ်၊ ခင်ဗျားတို့ တခါမှ တွေးဖူးမှာ မဟုတ်တဲ့ အခိုက်အတန့်မျိုးကို အခု ကျွန်တော် ကြုံတွေ့ရတော့မှာပါ၊ ဒါပေမယ့် ဒါက သိပ်ကောင်းတဲ့ ခံစားချက်မျိုး၊ အံ့ဩစရာ အတွေ့အကြုံမျိုး ဖြစ်မှာပါ၊ ဒါက သိပ်ကျေနပ်စရာကောင်းတဲ့ အရာပါပဲ။

ကျွန်တော့်အသင်းဖော်တွေနဲ့ အဆက်အသွယ် ပြတ်နေပြီးတော့ လေ့ကျင့်ရေးမှာ လုံလောက်တဲ့ အရှိန်အဟုန် မရသေးတာဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အသင်းဖော်တွေနဲ့ လေ့ကျင့်ရေး စဆင်းတဲ့ အချိန်ကနေစပြီး တတ်နိုင်သလောက် မြန်မြန်ဆန်ဆန်ပဲ အရှိန်ရရှိအောင် လုပ်နိုင်ပါတယ်၊ အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ ပေးဆပ်နိုင်အောင်လဲ ကြိုးစားသွားမှာပါ ” လို့ ဆိုခဲ့တယ်။

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ဒီနွေရာသီ deadline day မှာမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ယူနိုက်တက်နဲ့ ပူးပေါင်းထားတာဖြစ်တယ်။ ကာဗာနီကတော့ ယူနိုက်တက် အနေနဲ့ ချန်ပီယံ ထပ်ဖြစ်နိုင်တယ်လို့ ယုံကြည်နေပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား ပြန်လည် အောင်မြင်လာအောင် ကူညီပေးဖို့ စိတ်ဆုံးဖြတ်ထားကြောင်းလည်း ဖွင့်ဟခဲ့တယ်။

အင်္ဂလန်အဆင့်မြင့်တန်းဖလားကို စံချိန်တင် အကြိမ် ၂၀ အောင်မြင်ထားတဲ့ ယူနိုက်တက်ဟာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၃ မှာ နောက်ဆုံးအကြိမ် ချန်ပီယံ ဖြစ်ခဲ့တာပါ။ အဲ့ဒီ့နောက် ယူနိုက်တက်ဟာ အမြင့်ဆုံးအဖြစ် မော်ရင်ညို လက်အောက် ၂၀၁၇-၂၀၁၈ မှာ အဆင့်၂ ရရှိခဲ့တာဖြစ်တယ်။

ZAWGYI

ကာဗာနီဟာ စေနေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ နယူးကာဆယ္နဲ႔ပြဲကို ကြာရန္တင္း ကိစၥေတြေၾကာင့္ လြဲေခ်ာ္မွာျဖစ္ျပီး ၎ရဲ႕ ယူႏိုက္တက္ ကစားသမားဘဝ ပထမဆုံးပြဲကေတာ့ ေနာက္တစ္ပတ္ ခ်န္ပီယံလိဂ္မွာ အသင္းေဟာင္း ပီအက္စ္ဂ်ီနဲ႔ ရင္ဆိုင္ရတဲ့ပြဲ ျဖစ္လာပါမယ္။

ကာဗာနီက “ ဒါက ကံတရားပဲလို႔ ကြၽန္ေတာ္ထင္ပါတယ္၊ ခင္ဗ်ားတို႔ တခါမွ ေတြးဖူးမွာ မဟုတ္တဲ့ အခိုက္အတန႔္မ်ိဳးကို အခု ကြၽန္ေတာ္ ႀကဳံေတြ႕ရေတာ့မွာပါ၊ ဒါေပမယ့္ ဒါက သိပ္ေကာင္းတဲ့ ခံစားခ်က္မ်ိဳး၊ အံ့ဩစရာ အေတြ႕အႀကဳံမ်ိဳး ျဖစ္မွာပါ၊ ဒါက သိပ္ေက်နပ္စရာေကာင္းတဲ့ အရာပါပဲ။

ကြၽန္ေတာ့္အသင္းေဖာ္ေတြနဲ႔ အဆက္အသြယ္ ျပတ္ေနၿပီးေတာ့ ေလ့က်င့္ေရးမွာ လုံေလာက္တဲ့ အရွိန္အဟုန္ မရေသးတာျဖစ္ႏိုင္ပါတယ္၊ ဒါေပမယ့္ အသင္းေဖာ္ေတြနဲ႔ ေလ့က်င့္ေရး စဆင္းတဲ့ အခ်ိန္ကေနစၿပီး တတ္ႏိုင္သေလာက္ ျမန္ျမန္ဆန္ဆန္ပဲ အရွိန္ရရွိေအာင္ လုပ္ႏိုင္ပါတယ္၊ အသင္းအတြက္ အေကာင္းဆုံးပုံစံနဲ႔ ေပးဆပ္ႏိုင္ေအာင္လဲ ႀကိဳးစားသြားမွာပါ ” လို႔ ဆိုခဲ့တယ္။

ဥရုေဂြးတိုက္စစ္မွဴး ကာဗာနီဟာ ဒီေႏြရာသီ deadline day မွာမွ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ယူႏုိက္တက္နဲ႔ ပူးေပါင္းထားတာျဖစ္တယ္။ ကာဗာနီကေတာ့ ယူႏိုက္တက္ အေနနဲ႔ ခ်န္ပီယံ ထပ္ျဖစ္ႏိုင္တယ္လို႔ ယုံၾကည္ေနၿပီး ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလား ျပန္လည္ ေအာင္ျမင္လာေအာင္ ကူညီေပးဖို႔ စိတ္ဆုံးျဖတ္ထားေၾကာင္းလည္း ဖြင့္ဟခဲ့တယ္။

အဂၤလန္အဆင့္ျမင့္တန္းဖလားကို စံခ်ိန္တင္ အႀကိမ္ ၂၀ ေအာင္ျမင္ထားတဲ့ ယူႏိုက္တက္ဟာ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၃ မွာ ေနာက္ဆုံးအႀကိမ္ ခ်န္ပီယံ ျဖစ္ခဲ့တာပါ။ အဲ့ဒီ့ေနာက္ ယူႏိုက္တက္ဟာ အျမင့္ဆုံးအျဖစ္ ေမာ္ရင္ညိဳ လက္ေအာက္ ၂၀၁၇-၂၀၁၈ မွာ အဆင့္၂ ရရွိခဲ့တာျဖစ္တယ္။