Injury Update | မန်ဒီ၊ ဇီယက်၊ ပူလီဆစ်တို့နဲ့ ဒဏ်ရာရှိ ချယ်ဆီးအသင်းသားတွေရဲ့ နောက်ဆုံး အခြေအနေများ

ချယ်ဆီးအသင်းဟာ ပူလီဆစ် ပြန် ပါဝင်ကစားနိုင်တဲ့ အတွက် အင်အားကောင်းရှိနေပြီး နိုင်ငံပွဲတွေ အပြီးမှာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိနေပါတယ်။ စိန့်နဲ့ ပွဲမတိုင်ခင် ချယ်ဆီး အသင်းသားတွေရဲ့ ဒဏ်ရာ အခြေအနေ နောက်ဆုံးသတင်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

အက်ဒွပ် မန်ဒီ

မန်ဒီက ပဲလေ့စ်ကို လေးဂိုးပြတ် နိုင်ခဲ့တဲ့ပွဲမှာ ချယ်ဆီးအတွက် ပွဲဦးထွက် ပါဝင်ကစားခဲ့ရပြီး နိုင်ငံအသင်း ဆီနီဂေါနဲ့ ရှိစဉ်မှာ ပေါင်ခြံ ဒဏ်ရာရသွားခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ဂိုးသမားဟာ အသင်း ပြန်လာချိန်မှာတော့ ဒဏ်ရာ ထင်သလောက် မဆိုးဝါးပေမယ့် နောက် ၁၀ ရက်လောက် အနားယူရဖွယ် ရှိတာကြောင့် စိန့်နဲ့ ပွဲတော့ လွဲချော်ဖွယ် ရှိပါတယ်။

ဟာကင် ဇီယက်

သောကြာနေ့က မိုရိုကို အတွက် ၃၁ မိနစ်လောက် ဝင်ကစားခဲ့တဲ့ ဇီယက်ဟာ နိုင်ငံအသင်း လေ့ကျင့်ရေးကနေ စောစီးစွာ ပြန်လာပြီး ချယ်ဆီးအသင်းထံ ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။ ဇီယက်ဟာ ရာသီ အစပိုင်းမှာ ဒူးဒဏ်ရာ ရှိခဲ့တာကြောင့် ပွဲတွေ လွဲချော်ခဲ့ရပေမယ့် နိုင်ငံတကာသီတင်းပတ် အပြီးမှာ ပါဝင်ကစားရဖို့ အခြေအနေ ကောင်းနေပါတယ်။

ခရစ္စတီယန် ပူလီဆစ်

အမေရိကန် လက်ရွေးစင် အသင်းသားဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပြီး ပဲလေ့စ်နဲ့ ပွဲမှာ ပြန် ပါဝင် ကစားနိုင်ခဲ့ပါတယ်။ နိုင်ငံပွဲတွေ အပြီးမှာ ပူလီဆစ်ဟာ ဆောက်သမ်တန်နဲ့ ပွဲမှာ ပါဝင်ကစားဖို့ အသင့်ရှိနေပြီ ဖြစ်ပါတယ်။

တီမိုဝါနာ

တီမိုဝါနာက ဖျားနေခဲ့တာကြောင့် ပြီးခဲ့တဲ့ ဂျာမနီနဲ့ တူရကီ သရေကျတဲ့ ပွဲကိုလွဲချော်ခဲ့ပါတယ်။ ချယ်ဆီး တိုက်စစ်သမားဟာ စနေနေ့က ယူကရိန်းနဲ့ ပွဲကို လွဲချော်ခဲ့သေးတာကြောင့် ကလပ်အသင်းနဲ့ ပွဲပြန် မကစားခင် ဆေးစစ်မှု ခံယူဖို့ ရှိနေပါတယ်။

ဘီလီ ဂေးလ်မား

ချယ်ဆီး လူငယ်ကြယ်ပွင့်လေး ဂေးလ်မား ဟာ ဒူးဒဏ်ရာ ရရှိထားတာကနေ ပြန်လည် သက်သာနေပြီး အခြေအနေကေငာ်းမွန်နေပါတယ်။ အခုကနေ လေးပတ် အကြာမှာတော့ ကြံ့ခိုင်မှု အပြည့် ပြန်ရဖို့ မျှော်လင့်ရကြောင်း လမ်းပတ်က ပြောဆိုထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ပူလီဆစ္ ျပန္ ပါ၀င္ကစားနိုင္တဲ့ အတြက္ အင္အားေကာင္းရွိေနျပီး နုိုင္ငံပြဲေတြ အျပီးမွာ ေဆာက္သမ္တန္နဲ႕ ပရီးမီးယားလိဂ္ပြဲ ကစားဖို႔ ရွိေနပါတယ္။ စိန္႔နဲ႕ ပြဲမတိုင္ခင္ ခ်ယ္ဆီး အသင္းသားေတြရဲ႕ ဒဏ္ရာ အေျခအေန ေနာက္ဆံုးသတင္းမ်ားကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

အက္ဒြပ္ မန္ဒီ

မန္ဒီက ပဲေလ့စ္ကို ေလးဂိုးျပတ္ နုိင္ခဲ့တဲ့ပြဲမွာ ခ်ယ္ဆီးအတြက္ ပြဲဦးထြက္ ပါ၀င္ကစားခဲ့ရျပီး နုိင္ငံအသင္း ဆီနီေဂါနဲ႕ ရွိစဥ္မွာ ေပါင္ျခံ ဒဏ္ရာရသြားခဲ့ပါတယ္။ အသက္ ၂၈ နွစ္ အရြယ္ ဂိုးသမားဟာ အသင္း ျပန္လာခ်ိန္မွာေတာ့ ဒဏ္ရာ ထင္သေလာက္ မဆိုး၀ါးေပမယ့္ ေနာက္ ၁၀ ရက္ေလာက္ အနားယူရဖြယ္ ရွိတာေၾကာင့္ စိန္႔နဲ႕ ပြဲေတာ့ လြဲေခ်ာ္ဖြယ္ ရွိပါတယ္။

ဟာကင္ ဇီယက္

ေသာၾကာေန႔က မိုရိုကို အတြက္ ၃၁ မိနစ္ေလာက္ ၀င္ကစားခဲ့တဲ့ ဇီယက္ဟာ နုိင္ငံအသင္း ေလ့က်င့္ေရးကေန ေစာစီးစြာ ျပန္လာျပီး ခ်ယ္ဆီးအသင္းထံ ျပန္လာခဲ့ျပီ ျဖစ္ပါတယ္။ ဇီယက္ဟာ ရာသီ အစပိုင္းမွာ ဒူးဒဏ္ရာ ရွိခဲ့တာေၾကာင့္ ပြဲေတြ လြဲေခ်ာ္ခဲ့ရေပမယ့္ နုိင္ငံတကာသီတင္းပတ္ အျပီးမွာ ပါ၀င္ကစားရဖို႔ အေျခအေန ေကာင္းေနပါတယ္။

ခရစၥတီယန္ ပူလီဆစ္

အေမရိကန္ လက္ေရြးစင္ အသင္းသားဟာ တံေကာက္ေၾကာ ဒဏ္ရာကေန ျပန္လည္ ေကာင္းမြန္ေနျပီ ျဖစ္ျပီး ပဲေလ့စ္နဲ႕ ပြဲမွာ ျပန္ ပါ၀င္ ကစားနိုင္ခဲ့ပါတယ္။ နိုင္ငံပြဲေတြ အျပီးမွာ ပူလီဆစ္ဟာ ေဆာက္သမ္တန္နဲ႕ ပြဲမွာ ပါ၀င္ကစားဖို႔ အသင့္ရွိေနျပီ ျဖစ္ပါတယ္။

တီမို၀ါနာ

တီမို၀ါနာက ဖ်ားေနခဲ့တာေၾကာင့္ ျပီးခဲ့တဲ့ ဂ်ာမနီနဲ႕ တူရကီ သေရက်တဲ့ ပြဲကိုလြဲေခ်ာ္ခဲ့ပါတယ္။ ခ်ယ္ဆီး တိုက္စစ္သမားဟာ စေနေန႔က ယူကရိန္းနဲ႕ ပြဲကို လြဲေခ်ာ္ခဲ့ေသးတာေၾကာင့္ ကလပ္အသင္းနဲ႕ ပြဲျပန္ မကစားခင္ ေဆးစစ္မႈ ခံယူဖို႔ ရွိေနပါတယ္။

ဘီလီ ေဂးလ္မား

ခ်ယ္ဆီး လူငယ္ၾကယ္ပြင့္ေလး ေဂးလ္မား ဟာ ဒူးဒဏ္ရာ ရရွိထားတာကေန ျပန္လည္ သက္သာေနျပီး အေျခအေနေကငာ္းမြန္ေနပါတယ္။ အခုကေန ေလးပတ္ အၾကာမွာေတာ့ ၾကံ႕ခိုင္မႈ အျပည့္ ျပန္ရဖို႔ ေမွ်ာ္လင့္ရေၾကာင္း လမ္းပတ္က ေျပာဆိုထားပါတယ္။