ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (13/10/20)

ပရီးမီးယားလိဂ်ရဲ့ ဈေးအကြီးဆုံး ဆယ်ကျော်သက် ကစားသမား ၁၁ယောက် လူစာရင်းမှာ ယူနိုက်တက် ကြယ်ပွင့် ၇ယောက် ပါဝင်ခဲ့ပြီး သူတို့ကတော့ ဒါးလော့၊ ဖီးဂျုံးစ်၊ လုခ်ရှော၊ အန်ဒါဆန်၊ အာမက် ထရာအိုရေး၊ မာရှယ်၊ ဝိန်းရွန်းနီတို့ပဲ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားသစ် ပယ်လီစထွီက ကျောနံပါတ်၂၈ကို ဝတ်ဆင်မှာဖြစ်ပြီး ဒီရာသီအတွက် ယူနိုက်တက်အသင်းကြီးနဲ့ ပူးပေါင်းတော့မှာဖြစ်ပေမယ့် သူဟာ အနာဂတ်မှာ ဥရုဂွေးကို ပြန်ဖို့ စီစဉ်ထားပြီး ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဟွမ်မာတာဟာ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ဒန်နီရယ် ဂျိမ်းစ်တို့လို ကစားချိန် မရပေမယ့်လဲ ကလပ်ကနေ ထွက်ခွာလိုခြင်း မရှိတာကြောင့် ဆော်ဒီကလပ်တစ်ခုရဲ့ တစ်နှစ်လုပ်ခ ပေါင်၁၈သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ် လို့ သိရပါတယ်။

ယူနိုက်တက်ဟာ မက်ဂွဲရားနဲ့ တွဲဖက်ကစားမယ့် နောက်ခံလူတစ်ယောက်ကို အလိုရှိနေတာနဲ့အတူ ဘန်စလေ ကြယ်ပွင့် ဂျိမ်းစ် တာကောစကီးကို နောက်နွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားထားပြီး သူ့တန်ကြေးက ပေါင် သန်း၄၀ ရှိတယ်လို့ သိရပါတယ်။

ဘိုင်ယန်ကြယ်ပွင့် ဒေးဗစ်အလာဘာဟာ နောက်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်တာနဲ့အတူ ယူနိုက်တက်က စိတ်ဝင်စားနေပေမယ့် ဂျူဗင်တပ်က ခေါ်ယူနိုင်ဖို့ ဦးဆောင်နေတာကြောင့် အိုးထရက်ဖို့ဒ် အရောက် ခေါ်ဖို့ ခက်ခဲဖွယ် ရှိပါတယ်။

ကမ္ဘာ့အဆင့် နံပါတ်တစ် ရထားတဲ့ ဘယ်လ်ဂျီယမ်ကို အနိုင် ရခဲ့တဲ့နောက် အင်္ဂလန်ဟာ ထိပ်တန်းနိုင်ငံအသင်းတွေကို အနိုင်ယူဖို့ လိုအပ်တဲ့ အရည်အသွေးရှိတယ်ဆိုတာ သက်သေပြခဲ့တာပါလို့ ရက်ရှ်ဖို့ဒ်က ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ရဲ႕ ေဈးအႀကီးဆုံး ဆယ္ေက်ာ္သက္ ကစားသမား ၁၁ေယာက္ လူစာရင္းမွာ ယူႏိုက္တက္ ၾကယ္ပြင့္ ၇ေယာက္ ပါဝင္ခဲ့ၿပီး သူတို႔ကေတာ့ ဒါးေလာ့၊ ဖီးဂ်ဳံးစ္၊ လုခ္ေရွာ၊ အန္ဒါဆန္၊ အာမက္ ထရာအိုေရး၊ မာရွယ္၊ ဝိန္း႐ြန္းနီတို႔ပဲ ျဖစ္ပါတယ္။

ယူႏိုက္တက္ ကစားသမားသစ္ ပယ္လီစထြီက ေက်ာနံပါတ္၂၈ကို ဝတ္ဆင္မွာျဖစ္ၿပီး ဒီရာသီအတြက္ ယူႏိုက္တက္အသင္းႀကီးနဲ႔ ပူးေပါင္းေတာ့မွာျဖစ္ေပမယ့္ သူဟာ အနာဂတ္မွာ ဥ႐ုေဂြးကို ျပန္ဖို႔ စီစဥ္ထားၿပီး ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ဟြမ္မာတာဟာ ဖာနန္ဒက္စ္၊ ဂရင္းဝုဒ္၊ ဒန္နီရယ္ ဂ်ိမ္းစ္တို႔လို ကစားခ်ိန္ မရေပမယ့္လဲ ကလပ္ကေန ထြက္ခြာလိုျခင္း မရွိတာေၾကာင့္ ေဆာ္ဒီကလပ္တစ္ခုရဲ႕ တစ္ႏွစ္လုပ္ခ ေပါင္၁၈သန္းနဲ႔ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တယ္ လို႔ သိရပါတယ္။

ယူႏိုက္တက္ဟာ မက္ဂြဲရားနဲ႔ တြဲဖက္ကစားမယ့္ ေနာက္ခံလူတစ္ေယာက္ကို အလိုရွိေနတာနဲ႔အတူ ဘန္စေလ ၾကယ္ပြင့္ ဂ်ိမ္းစ္ တာေကာစကီးကို ေနာက္ေႏြရာသီမွာ ေခၚယူဖို႔ စဥ္းစားထားၿပီး သူ႔တန္ေၾကးက ေပါင္ သန္း၄၀ ရွိတယ္လို႔ သိရပါတယ္။

ဘိုင္ယန္ၾကယ္ပြင့္ ေဒးဗစ္အလာဘာဟာ ေနာက္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရႏိုင္တာနဲ႔အတူ ယူႏိုက္တက္က စိတ္ဝင္စားေနေပမယ့္ ဂ်ဴဗင္တပ္က ေခၚယူႏိုင္ဖို႔ ဦးေဆာင္ေနတာေၾကာင့္ အိုးထရက္ဖို႔ဒ္ အေရာက္ ေခၚဖို႔ ခက္ခဲဖြယ္ ရွိပါတယ္။

ကမာၻ႔အဆင့္ နံပါတ္တစ္ ရထားတဲ့ ဘယ္လ္ဂ်ီယမ္ကို အႏိုင္ ရခဲ့တဲ့ေနာက္ အဂၤလန္ဟာ ထိပ္တန္းႏိုင္ငံအသင္းေတြကို အႏိုင္ယူဖို႔ လိုအပ္တဲ့ အရည္အေသြးရွိတယ္ဆိုတာ သက္ေသျပခဲ့တာပါလို႔ ရက္ရွ္ဖို႔ဒ္က ႀကဳံးဝါး ေျပာဆိုခဲ့ပါတယ္။