ယူနိုက်တက်မှာ ဘောလုံးဒါရိုက်တာ တစ်ယောက် ခန့်အပ်လိုက်ရင် အက်ဝုဒ်ဝဒ်ရဲ့ ဖိအားများစွာကို သက်သာစေမှာဖြစ်သလို အဲ့ဒီ့နေရာအတွက် ဗန်ဒါဆားက အသင့်တော်ဆုံးသူ ဖြစ်တယ်လို့ ပေါလ်စခိုးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ရိုမဲရိုးဟာ အသင်းကနေ ထွက်ခွာချင်ခဲ့ပေမယ့် ယူနိုက်တက်က ပေါင် ၈သန်းနဲ့ အပြီး ရောင်းချချင်နေပြီး အဲဗာတန်ကတော့ အငှားကမ်းလှမ်းမှုသာ လုပ်ခဲ့တာကြောင့် သူတို့ရဲ့ တတိယဦးစားပေး ဂိုးသမားကို ထွက်ခွာခွင့် မပေးခဲ့တာဖြစ်ပါတယ်။
အသင်းမှာ ဒီဂီယာနဲ့ ဒင်းဟန်ဒါဆန်ကိုသာ ဂိုးသမား နေရာအတွက် အဓိက သုံးသွားမှာ ဖြစ်ပေမယ့် ရိုမဲရိုး ကိုလည်း ထွက်ခွာခွင့် မပေးတဲ့ အသင်း တာဝန်ရှိသူတွေ လုပ်ရပ်ကို မကျေနပ်နဲ့ ယူနိုက်တက် အသင်းသား အများအပြား အဝတ်လဲခန်းထဲမှာ ရှိနေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။
အသင်း ဂန္တဝင် ကွင်းလယ်ဟောင်း ပေါစခိုးလ်ကတော့ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူလိုက်တဲ့ ဆုံးဖြတ်ချက် အပေါ် နားမလည်နိုင်ကြောင်း ဆိုခဲ့ကာ အသက် ၃၃ နှစ် အရွယ် ဝါရင့် တိုက်စစ်မှူးဟာ မှတ်တမ်းကောင်းတွေ ရှိပေမယ့် ၂နှစ်နဲ့ ခေါ်ယူမယ့်အစား ကာလတိုသဘောသာ ခေါ်သင့်တဲ့ အရွယ် ရောက်နေပြီလို့ ထောက်ပြခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီ အစပိုင်းရလဒ်တွေ ဆိုးဝါးမှုကို ဘယ်လို ရှင်းပြရမယ် မသိအောင် ဖြစ်မိကြောင်း အသင်းခံစစ်မှူး လင်ဒီလော့ဖ်က ဖွင့်ဟခဲ့ပါတယ်။ ၎င်း ကိုယ်တိုင်လည်း ဗဟိုခံစစ်မှာ အမှားကျူးလွန်တာတွေကြောင့် လင်ဒီလော့ဖ်က ဝေဖန်မှုတွေ ခံယူနေရပါတယ်။
စပိန်က လာတဲ့ နောက်ဆုံးသတင်းများ အရ ဘာစီလိုနာ အသင်းဟာ ယူနိုက်တက်မှ ပေါ့ဘာနဲ့ ဘိုင်ယန်မြူးနစ်မှ ဒေးဗစ် အလာဘာတို့ကို ခေါ်ယူဖို့ စာရင်းထည့်ထားကြောင်း သိရပါတယ်။ ကစားသမား နှစ်ဦးလုံးကတော့ ၂၀၂၁ မှာ လက်ရှိကလပ်တွေနဲ့ စာချုပ် ကုန်ဆုံးမှာပါ။
Zawgyi – ယူႏိုက္တက္မွာ ေဘာလုံးဒါ႐ိုက္တာ တစ္ေယာက္ ခန္႔အပ္လိုက္ရင္ အက္ဝုဒ္ဝဒ္ရဲ႕ ဖိအားမ်ားစြာကို သက္သာေစမွာျဖစ္သလို အဲ့ဒီ့ေနရာအတြက္ ဗန္ဒါဆားက အသင့္ေတာ္ဆုံးသူ ျဖစ္တယ္လို႔ ေပါလ္စခိုးက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
႐ိုမဲ႐ိုးဟာ အသင္းကေန ထြက္ခြာခ်င္ခဲ့ေပမယ့္ ယူႏိုက္တက္က ေပါင္ ၈သန္းနဲ႕ အျပီး ေရာင္းခ်ခ်င္ေနျပီး အဲဗာတန္ကေတာ့ အငွားကမ္းလွမ္းမႈသာ လုပ္ခဲ့တာေၾကာင့္ သူတို႔ရဲ႕ တတိယဦးစားေပး ဂိုးသမားကို ထြက္ခြာခြင့္ မေပးခဲ့တာျဖစ္ပါတယ္။
အသင္းမွာ ဒီဂီယာနဲ႕ ဒင္းဟန္ဒါဆန္ကိုသာ ဂိုးသမား ေနရာအတြက္ အဓိက သံုးသြားမွာ ျဖစ္ေပမယ့္ ရိုမဲရိုး ကိုလည္း ထြက္ခြာခြင့္ မေပးတဲ့ အသင္း တာ၀န္ရွိသူေတြ လုပ္ရပ္ကို မေက်နပ္နဲ႕ ယူနိုက္တက္ အသင္းသား အမ်ားအျပား အ၀တ္လဲခန္းထဲမွာ ရွိေနျပီလို႔ သတင္းထြက္ေပၚေနပါတယ္။
အသင္း ဂႏၱ၀င္ ကြင္းလယ္ေဟာင္း ေပါစခိုးလ္ကေတာ့ ယူနိုက္တက္ရဲ႕ တိုက္စစ္မွဴး ကာဗာနီကို ေခၚယူလိုက္တဲ့ ဆံုးျဖတ္ခ်က္ အေပၚ နားမလည္နုိင္ေၾကာင္း ဆိုခဲ့ကာ အသက္ ၃၃ နွစ္ အရြယ္ ၀ါရင့္ တိုက္စစ္မွူးဟာ မွတ္တမ္းေကာင္းေတြ ရွိေပမယ့္ ၂နွစ္နဲ႕ ေခၚယူမယ့္အစား ကာလတိုသေဘာသာ ေခၚသင့္တဲ့ အရြယ္ ေရာက္ေနျပီလို႔ ေထာက္ျပခဲ့ပါတယ္။
ယူနိုက္တက္ရဲ႕ ၂၀၂၀-၂၁ ေဘာလံုးရာသီ အစပိုင္းရလဒ္ေတြ ဆိုး၀ါးမႈကို ဘယ္လို ရွင္းျပရမယ္ မသိေအာင္ ျဖစ္မိေၾကာင္း အသင္းခံစစ္မွဴး လင္ဒီေလာ့ဖ္က ဖြင့္ဟခဲ့ပါတယ္။ ၄င္း ကိုယ္တိုင္လည္း ဗဟိုခံစစ္မွာ အမွားက်ဴးလြန္တာေတြေၾကာင့္ လင္ဒီေလာ့ဖ္က ေ၀ဖန္မႈေတြ ခံယူေနရပါတယ္။
စပိန္က လာတဲ့ ေနာက္ဆံုးသတင္းမ်ား အရ ဘာစီလိုနာ အသင္းဟာ ယူနိုက္တက္မွ ေပါ့ဘာနဲ႕ ဘိုင္ယန္ျမဴးနစ္မွ ေဒးဗစ္ အလာဘာတို႔ကို ေခၚယူဖို႔ စာရင္းထည့္ထားေၾကာင္း သိရပါတယ္။ ကစားသမား နွစ္ဦးလံုးကေတာ့ ၂၀၂၁ မွာ လက္ရွိကလပ္ေတြနဲ႕ စာခ်ဳပ္ ကုန္ဆံုးမွာပါ။