ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (13/10/20)

သူငယ်ချင်းရဲ့ မင်္ဂလာပွဲတက်ဖို့အတွက် ကန်တေကို လေ့ကျင့်ရေး တစ်ရက်ခွင့်ပေးဖို့ လမ်းပတ်က ငြင်းပယ်ခဲ့တဲ့နောက် ကွင်းလယ်သမား ကန်တေဟာ ချယ်ဆီးကနေ ထွက်ခွာလိုနေပြီး သူ့ရဲ့ အိမ်မက် ကလပ်ဟာ ရီးရဲလ်မက်ဒရစ်ပါ ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ ဒီနွေမှာ အာဆင်နယ်နဲ့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာနဲ့အတူ နောက် အပြောင်းအရွှေ့ကာလအတွင်း ကလပ်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့တဲ့နောက် ချယ်ဆီးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

တီမိုဗာနာဟာ ယူကရိန်းနဲ့ပွဲမှာ ခဏသာ ပါဝင်ခဲ့ရတဲ့နောက် ပြီးခဲ့တဲ့အပတ်က အအေးမိ ဝေဒနာကြောင့် တူရကီနဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် ယနေ့ည ဆွစ်ဇာလန်နဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ ကြံ့ခိုင်မှုပြည့်ဝနေပြီလို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုက ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ချန်ပီယံလိဂ်မှာ ဆီးဗီးလား၊ ကရက်စ်နိုဒါ၊ စတာဒီ ရန်းနစ်တို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေပြီး အုပ်စုတက်ဖို့ ရေပန်းစားနေပေမယ့် ချယ်ဆီး ကစားသမားအနေနဲ့ မိမိကိုယ်ကို အထင်ကြီးနေလို့ မရဘူးလို့ လမ်းပတ်က သတိပေးပြောဆိုခဲ့ပါတယ်။

လမ်းပတ်ဟာ နောက်ခံလူ အလွန်ဆိုနဲ့ ပြဿနာဖြစ်ခဲ့တဲ့နောက် ချယ်ဆီးက သူ့ကိုရောင်းထုတ်ဖို့အတွက် အီမာဆန်ကို ဂျူဗင်တပ်ထံ ထွက်ခွာခွင့်ပေးဖို့ကို ငြင်းပယ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ၂ယောက်လုံး မထွက်ခွာနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီနွေမှာ ချယ်ဆီးကနေ ထွက်ခွာဖို့ရှိခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့နောက် ကလပ်မှာ သူတို့ရဲ့ထိုက်တန်မှုကို သက်သေပြရမယ့် ကစားသမား ၈ယောက်ရှိနေပြီး သူတို့ကတော့ ကီပါ၊ရူဒီဂါ၊ တိုမိုရီ၊ အလွန်ဆို၊ အီမာဆန်၊ အေဗရာဟမ်၊ အိုဒွိုင်းနဲ့ ဂျီရူးတို့ပဲ ဖြစ်ပါတယ်။

အာဆင်နယ်ကို ပေါင် ၄၅သန်းနဲ့ ရောက်ရှိသွားခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ်ပါတေးရဲ့ ဖခင်ဖြစ်သူက အက်သလက်တီကိုမှာ သူ့သား ရှိခဲ့စဉ်အတွင်း ချယ်ဆီးကလဲ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဘောလုံးပွဲတွေမှာ ပရိသတ်မရှိလို့ ဗလာဖြစ်နေတဲ့ပွဲကြည့်စင်ကို အလှဆင်ထားတဲ့ အထဲမှာ စပါးရဲ့ ‘မင်းတို့မရှိပဲ ငါတို့မပြုံးနိုင်ပါဘူး’ဆိုတဲ့ မက်ဆေ့ခ်ျစကားက အကောင်းဆုံးပါလို့ မေဆန်မောင့်က ပြောခဲ့တဲ့နောက် ချယ်ဆီးပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။

Zawgyi – သူငယ္ခ်င္းရဲ႕ မဂၤလာပြဲတက္ဖို႔အတြက္ ကန္ေတကို ေလ့က်င့္ေရး တစ္ရက္ခြင့္ေပးဖို႔ လမ္းပတ္က ျငင္းပယ္ခဲ့တဲ့ေနာက္ ကြင္းလယ္သမား ကန္ေတဟာ ခ်ယ္ဆီးကေန ထြက္ခြာလိုေနၿပီး သူ႔ရဲ႕ အိမ္မက္ ကလပ္ဟာ ရီးရဲလ္မက္ဒရစ္ပါ ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာ ဒီေႏြမွာ အာဆင္နယ္နဲ႔ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ မျဖစ္ေျမာက္ခဲ့တာနဲ႔အတူ ေနာက္ အေျပာင္းအေ႐ႊ႕ကာလအတြင္း ကလပ္မွာ ဆက္ေနဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ေနာက္ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။

တီမိုဗာနာဟာ ယူကရိန္းနဲ႔ပြဲမွာ ခဏသာ ပါဝင္ခဲ့ရတဲ့ေနာက္ ၿပီးခဲ့တဲ့အပတ္က အေအးမိ ေဝဒနာေၾကာင့္ တူရကီနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ေပမယ့္ ယေန႔ည ဆြစ္ဇာလန္နဲ႔ ပြဲမွာ ပါဝင္ႏိုင္ဖို႔ ႀကံ့ခိုင္မႈျပည့္ဝေနၿပီလို႔ ဂ်ာမနီနည္းျပ ဂ်ိဳအာခ်င္လိုက ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္မွာ ဆီးဗီးလား၊ ကရက္စ္ႏိုဒါ၊ စတာဒီ ရန္းနစ္တို႔နဲ႔ တစ္အုပ္စုထဲ က်ေရာက္ေနၿပီး အုပ္စုတက္ဖို႔ ေရပန္းစားေနေပမယ့္ ခ်ယ္ဆီး ကစားသမားအေနနဲ႔ မိမိကိုယ္ကို အထင္ႀကီးေနလို႔ မရဘူးလို႔ လမ္းပတ္က သတိေပးေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ဟာ ေနာက္ခံလူ အလြန္ဆိုနဲ ႔ ျပႆနာျဖစ္ခဲ့တဲ့ေနာက္ ခ်ယ္ဆီးက သူ႔ကိုေရာင္းထုတ္ဖို႔အတြက္ အီမာဆန္ကို ဂ်ဴဗင္တပ္ထံ ထြက္ခြာခြင့္ေပးဖို႔ကို ျငင္းပယ္ခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ ၂ေယာက္လုံး မထြက္ခြာႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

ဒီေႏြမွာ ခ်ယ္ဆီးကေန ထြက္ခြာဖို႔ရွိခဲ့ေပမယ့္ အဆင္မေျပခဲ့တဲ့ေနာက္ ကလပ္မွာ သူတို႔ရဲ႕ထိုက္တန္မႈကို သက္ေသျပရမယ့္ ကစားသမား ၈ေယာက္ရွိေနၿပီး သူတို႔ကေတာ့ ကီပါ၊ ႐ူဒီဂါ၊ တိုမိုရီ၊ အလြန္ဆို၊ အီမာဆန္၊ ေအဗရာဟမ္၊ အိုဒြိဳင္းနဲ႔ ဂ်ီ႐ူးတို႔ပဲ ျဖစ္ပါတယ္။

အာဆင္နယ္ကို ေပါင္ ၄၅သန္းနဲ႔ ေရာက္ရွိသြားခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ပါေတးရဲ႕ ဖခင္ျဖစ္သူက အက္သလက္တီကိုမွာ သူ႔သား ရွိခဲ့စဥ္အတြင္း ခ်ယ္ဆီးကလဲ ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ေဘာလုံးပြဲေတြမွာ ပရိသတ္မရွိလို႔ ဗလာျဖစ္ေနတဲ့ပြဲၾကည့္စင္ကို အလွဆင္ထားတဲ့ အထဲမွာ စပါးရဲ႕ ‘မင္းတို႔မရွိပဲ ငါတို႔မၿပဳံးႏိုင္ပါဘူး’ဆိုတဲ့ မက္ေဆ့ခ္်စကားက အေကာင္းဆုံးပါလို႔ ေမဆန္ေမာင့္က ေျပာခဲ့တဲ့ေနာက္ ခ်ယ္ဆီးပရိသတ္ေတြက စိတ္ပ်က္ေနၾကပါတယ္။