ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (13/10/20)

အာဆင်နယ် တိုက်စစ်မှူး အန်ကတ်တီရာဟာ အင်္ဂလန် U21 ရဲ့ ထာဝရ ထိပ်တန်းဂိုးသွင်းရှင် စာရင်းဝင်ဖြစ်ခဲ့သလို သူဟာ ဟယ်ရီကိန်း၊ အလန်ရှီးယားတို့ရဲ့ခြေရာကို နင်းနိုင်တယ်လို့ U21 နည်းပြ ဘုရိုက်ဒ်က ပြောဆိုခဲ့ပါတယ်။

အာဆင်ဝင်းဂါးဟာ မကြာသေးမီက ရာသီတွေအတွင်း အာဆင်နယ်ရဲ့ ရင်းနှီးမြုပ်နှံမှုအဆင့်ကို အံ့အားသင့်မိကြောင်း ဝန်ခံခဲ့သလို အာတီတာ လက်အောက်မှာ ဂန်းနားတို့အနေနဲ့ ပရီးမီးယားလိဂ် ဖလား အောင်မြင်နိုင်တယ် လို့ ယုံကြည်နေပါတယ်။

မာတီနယ်လီဟာ ကိုဗစ် မတိုင်ခင်ထဲက ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် အာဆင်နယ်အတွက် လုံးဝ မကစားပေးနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ပြန်လည်သက်သာနေပြီဖြစ်ပြီး မကြာခင် အသင်းနဲ့ ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ စီးတီးနဲ့ ပွဲကို တီရာနေး မပါဘဲ ရင်ဆိုင်ရဖွယ်ရှိနေပြီး ယခင်က တီရာနေးပါဝင်ခဲ့တဲ့ ၂၄ ပွဲမှာ ၆၀% နိုင်ပွဲရခဲ့ပြီး ဂိုး ၅၀ သွင်း၊ ၂၇ ဂိုး ပေးခဲ့ရပေမယ့် သူ မပါဘဲ ကစားခဲ့ရတဲ့ ၃၅ပွဲမှာ နိုင်ပွဲက ၄၃% သာ ရှိခဲ့ပြီး ဂိုး၄၀ ပေးခဲ့ရပါတယ်။

အန်ကတ်တီရာ ဟာ အင်္ဂလန် ယူ၂၁ အသင်း သမိုင်းမှာ ထာဝရ ဂိုးသွင်း အများဆုံးအဖြစ် အလန်ရှီးယား၊ ဂျက်ဖားတို့နဲ့အတူ ရပ်တည်နေသလို ယနေ့ည တူရကီနဲ့ပွဲမှာ တစ်ဂိုးသွင်းနိုင်တာနဲ့ တစ်ကိုယ်တော် သမိုင်းသစ် ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

အယ်နီနီရဲ့ အာဆင်နယ် ကစားသမားဘဝဟာ အဆုံးသတ်ဖို့ နီးစပ်ခဲ့ပေမယ့် အာတီတာ လက်ထက်မှာ ပြန်လည် ရှင်သန်လာခဲ့တာနဲ့အတူ အာတီတာရဲ့ကစားပုံဟာ သူ သဘောကျတဲ့ ပုံစံပဲဖြစ်ပြီး နည်းပြသစ်ကြောင့် ယုံကြည်မှု ရလာခဲ့တာပါလို့ ဖွင့်ဟခဲ့ပါတယ်။

ဝီလီယံ ဆလီဘာဟာ ဒီနွေမှာ အပြောင်းအရွှေ့ မဖြစ်ခဲ့တဲ့နောက် ချန်ပီယံရှစ်ကို အငှားချခံရဖို့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် အာဆင်နယ် နည်းပြအာတီတာက သူ့ကို ဇန်နဝါရီထိ ဆက်ထိန်းထားလိုနေတာ ဖြစ်ပြီး ထွက်ခွာခွင့် ပေးမှာ မဟုတ်တော့ပါဘူး။

အာဆင်နယ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးအချိန်အထိ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်ကွင်းလယ်လူက တွင်တွင်ငြင်းနေခဲ့တာဖြစ်ပြီး သူ့ရဲ့သစ္စာရှိမှုအတွက် ချယ်ဆီးက စာချုပ်သစ် ကမ်းလှမ်းတော့မှာပါ။

Zawgyi – အာဆင္နယ္ တိုက္စစ္မႉး အန္ကတ္တီရာဟာ အဂၤလန္ U21 ရဲ႕ ထာဝရ ထိပ္တန္းဂိုးသြင္းရွင္ စာရင္းဝင္ျဖစ္ခဲ့သလို သူဟာ ဟယ္ရီကိန္း၊ အလန္ရွီးယားတို႔ရဲ႕ေျခရာကို နင္းႏိုင္တယ္လို႔ U21 နည္းျပ ဘု႐ိုက္ဒ္က ေျပာဆိုခဲ့ပါတယ္။

အာဆင္ဝင္းဂါးဟာ မၾကာေသးမီက ရာသီေတြအတြင္း အာဆင္နယ္ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈအဆင့္ကို အံ့အားသင့္မိေၾကာင္း ဝန္ခံခဲ့သလို အာတီတာ လက္ေအာက္မွာ ဂန္းနားတို႔အေနနဲ႔ ပရီးမီးယားလိဂ္ ဖလား ေအာင္ျမင္ႏိုင္တယ္ လို႔ ယုံၾကည္ေနပါတယ္။

မာတီနယ္လီဟာ ကိုဗစ္ မတိုင္ခင္ထဲက ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ အာဆင္နယ္အတြက္ လုံးဝ မကစားေပးႏိုင္ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ျပန္လည္သက္သာေနၿပီျဖစ္ၿပီး မၾကာခင္ အသင္းနဲ႔ ပူးေပါင္းႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ စီးတီးနဲ႔ ပြဲကို တီရာေနး မပါဘဲ ရင္ဆိုင္ရဖြယ္ရွိေနျပီး ယခင္က တီရာေနးပါဝင္ခဲ့တဲ့ ၂၄ ပြဲမွာ ၆၀% နိုင္ပြဲရခဲ့ၿပီး ဂိုး ၅၀ သြင္း၊ ၂၇ ဂိုး ေပးခဲ့ရေပမယ့္ သူ မပါဘဲ ကစားခဲ့ရတဲ့ ၃၅ပြဲမွာ ႏိုင္ပြဲက ၄၃% သာ ရွိခဲ့ၿပီး ဂိုး၄၀ ေပးခဲ့ရပါတယ္။

အန္ကတ္တီရာ ဟာ အဂၤလန္ ယူ၂၁ အသင္း သမိုင္းမွာ ထာဝရ ဂိုးသြင္း အမ်ားဆုံးအျဖစ္ အလန္ရွီးယား၊ ဂ်က္ဖားတို႔နဲ႔အတူ ရပ္တည္ေနသလို ယေန႔ည တူရကီနဲ႔ပြဲမွာ တစ္ဂိုးသြင္းႏိုင္တာနဲ႔ တစ္ကိုယ္ေတာ္ သမိုင္းသစ္ ေရးထိုးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

အယ္နီနီရဲ႕ အာဆင္နယ္ ကစားသမားဘဝဟာ အဆုံးသတ္ဖို႔ နီးစပ္ခဲ့ေပမယ့္ အာတီတာ လက္ထက္မွာ ျပန္လည္ ရွင္သန္လာခဲ့တာနဲ႔အတူ အာတီတာရဲ႕ကစားပုံဟာ သူ သေဘာက်တဲ့ ပုံစံပဲျဖစ္ၿပီး နည္းျပသစ္ေၾကာင့္ ယုံၾကည္မႈ ရလာခဲ့တာပါလို႔ ဖြင့္ဟခဲ့ပါတယ္။

ဝီလီယံ ဆလီဘာဟာ ဒီေႏြမွာ အေျပာင္းအေ႐ႊ႕ မျဖစ္ခဲ့တဲ့ေနာက္ ခ်န္ပီယံရွစ္ကို အငွားခ်ခံရဖို႔ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ အာဆင္နယ္ နည္းျပအာတီတာက သူ႔ကို ဇန္နဝါရီထိ ဆက္ထိန္းထားလိုေနတာ ျဖစ္ၿပီး ထြက္ခြာခြင့္ ေပးမွာ မဟုတ္ေတာ့ပါဘူး။

အာဆင္နယ္ဟာ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးအခ်ိန္အထိ ေဂ်ာ္ဂ်င္ဟိုကို ေခၚယူဖို႔ ႀကိဳးစားခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ကြင္းလယ္လူက တြင္တြင္ျငင္းေနခဲ့တာျဖစ္ၿပီး သူ႔ရဲ႕သစၥာရွိမႈအတြက္ ခ်ယ္ဆီးက စာခ်ဳပ္သစ္ ကမ္းလွမ္းေတာ့မွာပါ။