ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (14/10/20)

စပိန်ဟာ ယူကရိန်းကို ၁-ဝနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လက်စွမ်းမပြနိုင်ခဲ့တဲ့ ဂိုးသမား ဒီဂီယာ အပေါ် လူတွေရဲ့ အပြစ်တင်ပြောဆိုမှုတွေကို သူ့ အနေနဲ့ လုံးဝ လက်ခံမှာမဟုတ်ဘူးလို့ စပိန်နည်းပြ လူးဝစ်အင်းနရစ် က ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီ အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒိုမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရတာကြောင့် ဘရူနိုဖာနန်ဒက်စ်လည်း ကွာရန်တင်း ဝင်ရတော့မှာဖြစ်သလို ယူနိုက်တက်ရဲ့ နောက်လာမယ့် ၄ပွဲကို လွဲချော်ရနိုင်ဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ ရာသီသစ်မှာ ခံစစ်ပြဿနာက ဆိုးဝါးနေခဲ့ပြီး ဝက်စ်ဘရွန်း တစ်သင်းသာ သူတို့ထက် ပေးဂိုး ပိုများခဲ့သလို နွေအပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူသစ် မခေါ်ယူခဲ့ပေမယ့် ဇန်နဝါရီမှာတော့ ခေါ်ယူမှာဖြစ်ကြောင်း နည်းပြ ဆိုးလ်ရှားက ဆိုပါတယ်။

စစ်တမ်းတစ်ခုအရ ရက်ရှ်ဖို့ဒ်ဟာ တွစ်တာမှာ troll ခံရဆုံး ပရီးမီးယားလိဂ်ကြယ်ပွင့် ဖြစ်ခဲ့ပြီး မကောင်းပြောခံရတဲ့ မှတ်ချက်က ၂၈.၅% ရှိခဲ့ကာ သူ့နောက်မှာတော့ စတာလင်၊ ဂျီးဆပ်၊ ဟယ်ရီကိန်းနဲ့ ဒယ်လီအလီ တို့ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဂိုးသမား ရိုမဲရိုးဟာ အသင်းမှာ နေရာရဖို့ မရှိတဲ့အပြင် ဒီနွေမှာ ထွက်ခွာခွင့်လဲ မရခဲ့တာကြောင့် စာချုပ်လျော်ကြေး ပေါင် ၁.၅သန်း မပါဘဲနဲ့တောင် ချက်ချင်း စာချုပ်ဖျက်သိမ်းပြီး မေဂျာလိဂ်ထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေပါတယ်။

ရီးရဲလ်အတွက် ကစားပေးဖို့က သူ့ အိမ်မက်ဖြစ်ကြောင်း ပေါ့ဘာက ပြောခဲ့ပေမယ့်လဲ ယူနိုက်တက် အဝတ်လဲခန်းက အသင်းဖော်တွေက သူ့ကို ထောက်ခံ အားပေးနေဆဲဖြစ်ပြီး ပေါ့ဘာက ကလပ်ရဲ့ အကောင်းဆုံး ကစားသမားဆိုတာ လက်ခံထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – စပိန္ဟာ ယူကရိန္းကို ၁-၀နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ လက္စြမ္းမျပႏိုင္ခဲ့တဲ့ ဂိုးသမား ဒီဂီယာ အေပၚ လူေတြရဲ႕ အျပစ္တင္ေျပာဆိုမႈေတြကို သူ႔ အေနနဲ႔ လုံးဝ လက္ခံမွာမဟုတ္ဘူးလို႔ စပိန္နည္းျပ လူးဝစ္အင္းနရစ္က ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီ အသင္းေဖာ္ ခရစၥတီယာႏို ေရာ္နယ္ဒိုမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့ရတာေၾကာင့္ ဘ႐ူႏိုဖာနန္ဒက္စ္လည္း ကြာရန္တင္း ဝင္ရေတာ့မွာျဖစ္သလို ယူႏိုက္တက္ရဲ႕ ေနာက္လာမယ့္ ၄ပြဲကို လြဲေခ်ာ္ရႏိုင္ဖြယ္ ရွိေနပါတယ္။

ယူႏိုက္တက္ဟာ ရာသီသစ္မွာ ခံစစ္ျပႆနာက ဆိုးဝါးေနခဲ့ၿပီး ဝက္စ္ဘ႐ြန္း တစ္သင္းသာ သူတို႔ထက္ ေပးဂိုး ပိုမ်ားခဲ့သလို ေႏြအေျပာင္းအေ႐ႊ႕မွာ ဗဟိုေနာက္ခံလူသစ္ မေခၚယူခဲ့ေပမယ့္ ဇန္နဝါရီမွာေတာ့ ေခၚယူမွာျဖစ္ေၾကာင္း နည္းျပ ဆိုးလ္ရွားက ဆိုပါတယ္။

စစ္တမ္းတစ္ခုအရ ရက္ရွ္ဖို႔ဒ္ဟာ တြစ္တာမွာ troll ခံရဆုံး ပရီးမီးယားလိဂ္ၾကယ္ပြင့္ ျဖစ္ခဲ့ၿပီး မေကာင္းေျပာခံရတဲ့ မွတ္ခ်က္က ၂၈.၅% ရွိခဲ့ကာ သူ႔ေနာက္မွာေတာ့ စတာလင္၊ ဂ်ီးဆပ္၊ ဟယ္ရီကိန္းနဲ႔ ဒယ္လီအလီ တို႔ ရပ္တည္ေနတာ ျဖစ္ပါတယ္။

ဂိုးသမား ႐ိုမဲ႐ိုးဟာ အသင္းမွာ ေနရာရဖို႔ မရွိတဲ့အျပင္ ဒီေႏြမွာ ထြက္ခြာခြင့္လဲ မရခဲ့တာေၾကာင့္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၁.၅သန္း မပါဘဲနဲ႔ေတာင္ ခ်က္ခ်င္း စာခ်ဳပ္ဖ်က္သိမ္းၿပီး ေမဂ်ာလိဂ္ထံ ေျပာင္းေ႐ႊ႕ဖို႔ စိတ္အား ထက္သန္ေနပါတယ္။

ရီးရဲလ္အတြက္ ကစားေပးဖို႔က သူ႔ အိမ္မက္ျဖစ္ေၾကာင္း ေပါ့ဘာက ေျပာခဲ့ေပမယ့္လဲ ယူႏိုက္တက္ အဝတ္လဲခန္းက အသင္းေဖာ္ေတြက သူ႔ကို ေထာက္ခံ အားေပးေနဆဲျဖစ္ၿပီး ေပါ့ဘာက ကလပ္ရဲ႕ အေကာင္းဆုံး ကစားသမားဆိုတာ လက္ခံထားဆဲ ျဖစ္တယ္လို႔ သိရပါတယ္။