ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (14/10/20)

မန်ချက်စတာ ယူနိုက်တက်ဟာ ဗီလာရီးရဲလ် ဗဟိုခံစစ်မှူး ပါအူး တောရက်စ် ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။ ဆိုးရှားဟာ ဇန်နဝါရီမှာတော့ ခံစစ်ကို အင်အားဖြည့်ဖို့ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကတော့ ယူနိုက်တက် အသင်းသားတွေဟာ လက်ရှိ နည်းပြ ဆိုးရှားက မန်ချက်စတာကလပ် ကို စီမံကိုင်တွယ်ဖို့ လုံလောက်ခိုင်မာမှု မရှိဘူးလို့ ယူဆနေကြကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

ယူနိုက်တက် အစွန်ခံစစ်မှူး လုခ်ရှောကတော့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ရောက်ရှိလာတဲ့ သူနဲ့ နေရာတူ ကစားမယ့် အဲလက်စ် တဲလက်စ်ကို ကြိုဆိုစကား ဆိုခဲ့ပြီး ပွဲထွက်ခွင့်နေရာ အတွက်တော့ တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် အရန် ဂိုးသမား ဆာဂျီယို ရိုမဲရိုးဟာ ဒီနွေမှာ အဲဗာတန်ထံ ပြောင်းရွှေ့ဖို့ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့နောက် ၎င်းကို ကလပ်ကနေ ထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက် အကြီးအကဲတွေကို တောင်းဆိုထားခဲ့ပါတယ်။

စပါးကို ၆-၁နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ် တစ်ယောက် ပေါက်ကွဲပြီး နည်းပြဆိုးလ်ရှားနဲ့ ပြဿနာ တက်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့်လဲ ဒါက အမှန်မဟုတ်ပါဘူးလို့ ကလပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဂျာမန်က သတင်းများ အရ ဒေါ့မွန် အသင်းဟာ ဆန်ချို အတွက် ၎င်းတို့ အလိုရှိတဲ့ ယူရို သန်း ၁၂၀ ကို ဇန်နဝါရီမှာ ပေးကာ ကမ်းလှမ်းရင်လည်း အင်္ဂလန်သားကို ရောင်းချမှာ မဟုတ်ဘဲ အနည်းဆုံး ရာသီကုန်ထိ ဆက်ထိန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဗီလာရီးရဲလ္ ဗဟိုခံစစ္မွဴး ပါအူး ေတာရက္စ္ ကို ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ထားေၾကာင္း သိရပါတယ္။ ဆိုးရွားဟာ ဇန္န၀ါရီမွာေတာ့ ခံစစ္ကို အင္အားျဖည့္ဖို႔ ဆက္လက္ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာနဲ႕ နီးစပ္တဲ့ အသိုင္းအ၀ိုင္းေတြကေတာ့ ယူနိုက္တက္ အသင္းသားေတြဟာ လက္ရွိ နည္းျပ ဆိုးရွားက မန္ခ်က္စတာကလပ္ ကို စီမံကိုင္တြယ္ဖို႔ လံုေလာက္ခိုင္မာမႈ မရွိဘူးလို႔ ယူဆေနၾကေၾကာင္း သတင္း ထြက္ေပၚေနပါတယ္။

ယူနိုက္တက္ အစြန္ခံစစ္မွဴး လုခ္ေရွာကေတာ့ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ေရာက္ရွိလာတဲ့ သူနဲ႕ ေနရာတူ ကစားမယ့္ အဲလက္စ္ တဲလက္စ္ကို ၾကိဳဆိုစကား ဆိုခဲ့ျပီး ပြဲထြက္ခြင့္ေနရာ အတြက္ေတာ့ တိုက္ပြဲ၀င္သြားမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ အရန္ ဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုးဟာ ဒီေႏြမွာ အဲဗာတန္ထံ ေျပာင္းေ႐ႊ႕ဖို႔ႀကိဳးစားရာမွာ မေအာင္ျမင္ခဲ့တဲ့ေနာက္ ၄င္းကို ကလပ္ကေန ထြက္ခြာခြင့္ေပးဖို႔ ယူႏိုက္တက္ အႀကီးအကဲေတြကို ေတာင္းဆိုထားခဲ့ပါတယ္။

စပါးကို ၆-၁နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ တစ္ေယာက္ ေပါက္ကြဲၿပီး နည္းျပဆိုးလ္ရွားနဲ႔ ျပႆနာ တက္ခဲ့တယ္ ဆိုတဲ့ သတင္းေတြ ထြက္ေနေပမယ့္လဲ ဒါက အမွန္မဟုတ္ပါဘူးလို႔ ကလပ္နဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္က ဆိုပါတယ္။

ဂ်ာမန္က သတင္းမ်ား အရ ေဒါ့မြန္ အသင္းဟာ ဆန္ခ်ိဳ အတြက္ ၄င္းတို႔ အလိုရွိတဲ့ ယူရို သန္း ၁၂၀ ကို ဇန္န၀ါရီမွာ ေပးကာ ကမ္းလွမ္းရင္လည္း အဂၤလန္သားကို ေရာင္းခ်မွာ မဟုတ္ဘဲ အနည္းဆံုး ရာသီကုန္ထိ ဆက္ထိန္းသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။