ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (14/10/20)

ချယ်ဆီးကြယ်ပွင့်တွေ ဖြစ်တဲ့ ကိုင်ဟားဗတ်နဲ့ တီမိုဗာနာတို့ဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ ၂-ဝနဲ့ ဦးဆောင်ခံထားရပြီးမှ ဂျာမနီအတွက် နှစ်ယောက်လုံး ဂိုးနဲ့ ဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့ကြသလို ပွဲက တစ်ဖက် ၃ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ချယ်ဆီး ကြယ်ပွင့်တွေဖြစ်တဲ့ ကော်လမ်ဟဒ်ဆန် အိုဒွိုင်းနဲ့ မက်ဂူဟီတို့ ပါဝင်ခဲ့တဲ့ အင်္ဂလန် ယူ၂၁ အသင်းဟာ မနေ့က တူရကီကို ၂-၁နဲ့ နိုင်ခဲ့တဲ့ယူရိုခြေစစ်ပွဲမှာ ပါဝင်ခဲ့သလို အင်္ဂလန် လူငယ် အသင်းဟာ ရမှတ်၂၂မှတ်နဲ့ အုပ်စု C ပထမေ နေရာမှာ ရပ်တည်နေပါတယ်။

ယနေ့ည ဒိန်းမတ်နဲ့ပွဲအတွက် အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း ပါဝင်လာမှာဖြစ်ပေမယ့် နောက်ခံလူ ဘင်ချီဝဲကိုတော့ ခြေထောက် ဒဏ်ရာကြောင့် မိခင်ကလပ် ချယ်ဆီးထံ ပြန်လွှတ်လိုက်ရကြောင်း နည်းပြ ဆောက်ဂိတ် က အတည်ပြုခဲ့ပါတယ်။

ချယ်ဆီး နောက်ခံလူ ကတ်ဇူးမားက သီယာဂိုဆေးဗားဟာ ခေါင်းဆောင်နိုင်စွမ်း ရှိတယ်လို့ ထင်မြင်နေပြီး အသင်းဖော်တွေနဲ့အတူ နွေရာသီကစားသမားသစ်ထံကနေ လေ့လလာ သင်ယူဖို့ စိတ် လှုပ်ရှားနေတယ် လို့ ပြောဆိုခဲ့ပါတယ်။

ကန်တေဟာ လေ့ကျင့်ရေး ခွင့်တစ်ရက်ယူဖို့ မပေးခဲ့တဲ့ နည်းပြလမ်းပတ်နဲ့ ပြဿနာတက်ခဲ့ကာ အင်တာမီလန်သို့ ပြောင်းရွှေ့ဖို့ အလိုရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့်လဲ ချယ်ဆီးဘက်က မဟုတ်ကြောင်း ငြင်းပယ်ခဲ့ပါတယ်။

အင်တာမီလန်ဟာ နွေအပြောင်းအရွှေ့မှာ အီမာဆန်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် သူ့ကို စောင့်ကြည့်နေဆဲဖြစ်ပြီး နည်းပြ ကွန်တီက သူ့ကို သဘောကျသူဖြစ်တာနဲ့အတူ လာမယ့် ဇန်နဝါရီမှာ နောက်ထပ် ကမ်းလှမ်းမှု အသစ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

ချယ်ဆီးနောက်ခံလူ အီယန် မတ်ဆင်ဟာ ၂၀၂၀-၂၀၂၁ ရာသီအတွက် ချန်ပီယံရှစ်ကနေ တန်းဆင်းခဲ့တဲ့ ချာလ်တန် အက်သလက်တစ် အသင်းမှာ အငှားကစားတော့မှာဖြစ်ကြောင်း လိဂ်ဝမ်း ကလပ်က အတည်ပြုခဲ့ပါတယ်။

ပရိသတ် မပါတဲ့ ကွင်းထဲမှာ ကစားရတာက ခက်ခဲကြောင်း ချယ်ဆီးကစားသမားသစ် တီမိုဗာနာက ဝန်ခံခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ထူးခြားတဲ့ ပရိသတ်အင်အားကြောင့် သူ ဒီကိုပြောင်းလာခဲ့တာဖြစ်ရာ ကွင်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးၾကယ္ပြင့္ေတြ ျဖစ္တဲ့ ကိုင္ဟားဗတ္နဲ႔ တီမိုဗာနာတို႔ဟာ ဆြစ္ဇာလန္နဲ႔ပြဲမွာ ၂-၀နဲ႔ ဦးေဆာင္ခံထားရၿပီးမွ ဂ်ာမနီအတြက္ ႏွစ္ေယာက္လုံး ဂိုးနဲ႔ ဖန္တီးမႈေတြ ျပဳလုပ္ေပးခဲ့ၾကသလို ပြဲက တစ္ဖက္ ၃ဂိုးစီ သေရ ရလဒ္နဲ႔ ၿပီးဆုံးခဲ့ပါတယ္။

ခ်ယ္ဆီးၾကယ္ပြင့္ေတြျဖစ္တဲ့ ေကာ္လမ္ဟဒ္ဆန္ အိုဒြိဳင္းနဲ႔ မက္ဂူဟီတို႔ ပါဝင္ခဲ့တဲ့ အဂၤလန္ ယူ၂၁ အသင္းဟာ မေန႔က တူရကီကို ၂-၁နဲ႔ နိုင္ခဲ့တဲ့ယူ႐ိုေျခစစ္ပြဲမွာ ပါဝင္ခဲ့သလို အဂၤလန္ လူငယ္အသင္းဟာ ရမွတ္၂၂မွတ္နဲ႔ အုပ္စု C ပထမေ ေနရာမွာ ရပ္တည္ေနပါတယ္။

ယေန႔ည ဒိန္းမတ္နဲ႔ပြဲအတြက္ အဂၤလန္ တိုက္စစ္မႉး ဟယ္ရီကိန္း ပါဝင္လာမွာျဖစ္ေပမယ့္ ေနာက္ခံလူ ဘင္ခ်ီဝဲကိုေတာ့ ေျခေထာက္ ဒဏ္ရာေၾကာင့္ မိခင္ကလပ္ ခ်ယ္ဆီးထံ ျပန္လႊတ္လိုက္ရေၾကာင္း နည္းျပ ေဆာက္ဂိတ္ က အတည္ျပဳခဲ့ပါတယ္။

ခ်ယ္ဆီး ေနာက္ခံလူ ကတ္ဇူးမားက သီယာဂိုေဆးဗားဟာ ေခါင္းေဆာင္ႏိုင္စြမ္း ရွိတယ္လို႔ ထင္ျမင္ေနၿပီး အသင္းေဖာ္ေတြနဲ႔အတူ ေႏြရာသီကစားသမားသစ္ထံကေန ေလ့လလာ သင္ယူဖို႔ စိတ္ လႈပ္ရွားေနတယ္ လို႔ ေျပာဆိုခဲ့ပါတယ္။

ကန္ေတဟာ ေလ့က်င့္ေရး ခြင့္တစ္ရက္ယူဖို႔ မေပးခဲ့တဲ့ နည္းျပလမ္းပတ္နဲ႔ ျပႆနာတက္ခဲ့ကာ အင္တာမီလန္သို႔ ေျပာင္းေရႊ႕ဖို႔ အလိုရွိေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေနေပမယ့္လဲ ခ်ယ္ဆီးဘက္က မဟုတ္ေၾကာင္း ျငင္းပယ္ခဲ့ပါတယ္။

အင္တာမီလန္ဟာ ေႏြအေျပာင္းအေ႐ႊ႕မွာ အီမာဆန္ကို မေခၚယူႏိုင္ခဲ့ေပမယ့္ သူ႔ကို ေစာင့္ၾကည့္ေနဆဲျဖစ္ၿပီး နည္းျပ ကြန္တီက သူ႔ကို သေဘာက်သူျဖစ္တာနဲ႔အတူ လာမယ့္ ဇန္နဝါရီမွာ ေနာက္ထပ္ ကမ္းလွမ္းမႈ အသစ္လုပ္ဖို႔ ျပင္ဆင္ေနပါတယ္။

ခ်ယ္ဆီးေနာက္ခံလူ အီယန္ မတ္ဆင္ဟာ ၂၀၂၀-၂၀၂၁ ရာသီအတြက္ ခ်န္ပီယံရွစ္ကေန တန္းဆင္းခဲ့တဲ့ ခ်ာလ္တန္ အက္သလက္တစ္ အသင္းမွာ အငွားကစားေတာ့မွာျဖစ္ေၾကာင္း လိဂ္ဝမ္း ကလပ္က အတည္ျပဳခဲ့ပါတယ္။

ပရိသတ္ မပါတဲ့ ကြင္းထဲမွာ ကစားရတာက ခက္ခဲေၾကာင္း ခ်ယ္ဆီးကစားသမားသစ္ တီမိုဗာနာက ဝန္ခံခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ ထူးျခားတဲ့ ပရိသတ္အင္အားေၾကာင့္ သူ ဒီကိုေျပာင္းလာခဲ့တာျဖစ္ရာ ကြင္းေတြ ျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။