အာဆင်နယ် လူငယ်ကြယ်ပွင့် အန်ကတ်တီရာဟာ မနေ့က တူရကီကို ၂-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အင်္ဂလန်ယူ၂၁အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် စုစုပေါင်း ၁၄ဂိုးနဲ့ အတူ လူငယ်အသင်း သမိုင်းမှာ ထာဝရ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။
အလန်ရှီးယားရဲ့ လူငယ်သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့နောက် အန်ကတ်တီရာက ဒါဟာ အိမ်မက်တစ်ခု အကောင်အထည် ပေါ်လာတာဖြစ်ကြောင်း ဝန်ခံခဲ့ပြီး နောက်ထပ်လဲ ဂိုးတွေ ထပ်သွင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ ၂၀၁၃ မှာ အိုဇေးကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် အခုချိန်မှာ ကလပ်အတွက် ချောင်ထိုးခံထားရတာနဲ့အတူ လက်ရှိအခြေအနေဟာ ကွင်းလယ်လူရဲ့ အရည်အသွေးကို ဖြုန်းတီးနေတာပဲလို့ အာဆင်ဝင်းဂါး က ဆိုပါတယ်။
အာဆင်နယ် အနေနဲ့ အူဘာမီးယန်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာက သူတို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်ဖို့ စိတ်အားထက်သန်မှုကို ပြသခဲ့တာကြောင့် မြောက်လန်ဒန်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါလို့ သောမတ်စ်ပါတေးက ပြောဆိုခဲ့ပါတယ်။
သောမတ်စ်ပါတေးဟာ အနာဂတ် မှာအာဆင်နယ်နဲ့အတူ ဆုဖလားတွေ အောင်မြင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး သူတို့ရည်မှန်းချက်အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။
ဟာသာဘာလင်က ဂွမ်ဒူဇီကို အငှားခေါ်ယူခဲ့တဲ့ စာချုပ်မှာ ရာသီကုန်ရင် အပြီးသတ် ဝယ်ယူခွင့်ပါတယ်လို့ ပြင်သစ်ဘောလုံးသတင်းစာက ဖော်ပြခဲ့ပေမယ့် တခြား သတင်းတွေက ငြင်းပယ်ခဲ့တာကြောင့် ပြင်သစ်သားရဲ့ အငှား ကုန်ဆုံးချိန် အခြေအနေကို မသိရသေးပါဘူး။
အာဆင်နယ်ဟာ အသင်းရဲ့ ခံစစ်ပြဿနာကို ဖြေရှင်းဖို့အတွက် ဝီလီယံ ဆလီဘာကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် သူဟာ အမ်းမရိတ်စ်မှာ ကစားခွင့်မရသေးပဲ ချန်ပီယံရှစ်ကို အငှားချရဖို့ စီစဉ်ခံရတာဟာ အံ့ဩစရာ ကောင်းတယ်လို့မာတင်ကီယွန်က ဆိုပါတယ်။
သောမတ်စ်ပါတေးဟာ ယခင်က အာဆင်နယ်ထက် ပိုမိုကြီးကျယ်တဲ့ အသင်းတွေဆီသာ ပြောင်းရွှေ့ချင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မြောက်လန်ဒန်ကိုပဲ ရွေးချယ်ခဲ့တဲ့အတွက် အံ့အားသင့်မိခဲ့ကြောင်း ဖခင်ဖြစ်သူ ဂျေကော့ဘ်က ပြောဆိုခဲ့ပါတယ်။
Zawgyi – အာဆင္နယ္ လူငယ္ၾကယ္ပြင့္ အန္ကတ္တီရာဟာ မေန႔က တူရကီကို ၂-၁နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ အဂၤလန္ ယူ၂၁ အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ေနာက္ စုစုေပါင္း ၁၄ဂိုးနဲ႔ အတူ လူငယ္အသင္း သမိုင္းမွာ ထာဝရ ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာခဲ့ပါတယ္။
အလန္ရွီးယားရဲ႕ လူငယ္သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ေနာက္ အန္ကတ္တီရာက ဒါဟာ အိမ္မက္တစ္ခု အေကာင္အထည္ ေပၚလာတာျဖစ္ေၾကာင္း ဝန္ခံခဲ့ၿပီး ေနာက္ထပ္လဲ ဂိုးေတြ ထပ္သြင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ ၂၀၁၃ မွာ အိုေဇးကို စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာျဖစ္ေပမယ့္ အခုခ်ိန္မွာ ကလပ္အတြက္ ေခ်ာင္ထိုးခံထားရတာနဲ႔အတူ လက္ရွိအေျခအေနဟာ ကြင္းလယ္လူရဲ႕ အရည္အေသြးကို ျဖဳန္းတီးေနတာပဲလို႔ အာဆင္ဝင္းဂါး က ဆိုပါတယ္။
အာဆင္နယ္ အေနနဲ႔ အူဘာမီးယန္းကို ဆက္လက္ ထိန္းသိမ္းႏိုင္ခဲ့တာက သူတို႔ရဲ႕ ရည္မွန္းခ်က္ကို ေအာင္ျမင္ေအာင္လုပ္ဖို႔ စိတ္အားထက္သန္မႈကို ျပသခဲ့တာေၾကာင့္ ေျမာက္လန္ဒန္ကို ေျပာင္းဖို႔ ဆုံးျဖတ္ခဲ့တာပါလို႔ ေသာမတ္စ္ပါေတးက ေျပာဆိုခဲ့ပါတယ္။
ေသာမတ္စ္ပါေတးဟာ အနာဂတ္ မွာအာဆင္နယ္နဲ႔အတူ ဆုဖလားေတြ ေအာင္ျမင္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး သူတို႔ရည္မွန္းခ်က္အတြက္ ခက္ခဲတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာဆိုခဲ့ပါတယ္။
ဟာသာဘာလင္က ဂြမ္ဒူဇီကို အငွားေခၚယူခဲ့တဲ့ စာခ်ဳပ္မွာ ရာသီကုန္ရင္ အၿပီးသတ္ ဝယ္ယူခြင့္ပါတယ္လို႔ ျပင္သစ္ေဘာလုံးသတင္းစာက ေဖာ္ျပခဲ့ေပမယ့္ တျခား သတင္းေတြက ျငင္းပယ္ခဲ့တာေၾကာင့္ ျပင္သစ္သားရဲ႕ အငွား ကုန္ဆံုးခ်ိန္ အေျခအေနကို မသိရေသးပါဘူး။
အာဆင္နယ္ဟာ အသင္းရဲ႕ ခံစစ္ျပႆနာကို ေျဖရွင္းဖို႔အတြက္ ဝီလီယံ ဆလီဘာကို ေခၚယူခဲ့တာျဖစ္ေပမယ့္ သူဟာ အမ္းမရိတ္စ္မွာ ကစားခြင့္မရေသးပဲ ခ်န္ပီယံရွစ္ကို အငွားခ်ရဖို႔ စီစဥ္ခံရတာဟာ အံ့ဩစရာ ေကာင္းတယ္လို ႔မာတင္ကီယြန္က ဆိုပါတယ္။
ေသာမတ္စ္ပါေတးဟာ ယခင္က အာဆင္နယ္ထက္ ပိုမိုႀကီးက်ယ္တဲ့ အသင္းေတြဆီသာ ေျပာင္းေ႐ႊ႕ခ်င္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ေျမာက္လန္ဒန္ကိုပဲ ေ႐ြးခ်ယ္ခဲ့တဲ့အတြက္ အံ့အားသင့္မိခဲ့ေၾကာင္း ဖခင္ျဖစ္သူ ေဂ်ေကာ့ဘ္က ေျပာဆိုခဲ့ပါတယ္။