ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (17/05/20)

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ကတော့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ ပြန်စတာနဲ့ သူ ပြန်ပါဝင်ကစားဖို့ အသင့်ရှိ နေကြောင်း အသိပေးစကား ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒီနွေမှာ ဆန်ချိုက အင်္ဂလန်သို့ ပြန်လာဖို့က သေချာသလောက် ဖြစ်နေတယ်လို ဒေသခံသတင်းတွေက ဖော်ပြနေကြပြီး ၎င်းကို ရဖို့တော့ ယူနိုက်တက်ထက် ချယ်ဆီးက အလေးသာနေတယ် သိရပါတယ်။

တိုက်စစ်အင်အားဖြည့်ဖို့ ရှာဖွေနေတဲ့ ယူနိုက်တက်ဟာ ဘွန်ဒက်စ်လီဂါကလပ် မိုချန်ဂလာဘတ်ချ် အသင်းရဲ့ တိုက်စစ်မှူး Alassane Plea ကို လည်း ပစ်မှတ် စာရင်းထဲ ထည့်သွင်းလာပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီက အသင်းဟာ လူးဝစ် ဗန်ဟားလ်ကို နည်းပြ အဖြစ်က ထုတ်ပယ်လိုက်စဉ်မှာ အလွန် စိတ်ပျက် ခဲ့ရကြောင်း ဝန်ခံလိုက်ပြီး ဗန်ဟားလ်က တတိယရာသီမှာ နည်းပြ ဆက်လုပ်ခွင့် ရခဲ့သင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား တော်မီနေးက အင်စတာဂရမ်မှာ ကြွက်သားတွေနဲ့ ဗလပြနေတဲ့ ပုံ တစ်ပုံ တင်ခဲ့လိုက်ပြီး ဖာနန်ဒက်စ် ကတော့ လေ့ကျင့်တာ ဘောလုံးနဲ့ လေ့ကျင့်ဖို့လည်း အရေးကြီးကြောင်း ဟာသလုပ် သတိပေးသွားခဲ့ပါတယ်။

ဒေါ့မွန် ရောက်သွားတဲ့ တိုက်စစ်မှူး ဟာလန်းကို ယူနိုက်တက်တို့ ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းမယ် သတင်းထွက်လာပြီး ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ကြိုးစားရဖို့ ရှိနေပါတယ်။ ဒေါ့မွန် မရောက်ခင်ကလည်း ဟာလန်းကို ဆဲလ်ဘတ်မှာတည်းက ယူနိုက်တက်က ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပါတယ်။

ရက်ဖို့ဒ်ဟာ ဂိုးရှေ့ရောက်ရင် ဂိုးသွင်းနိုင်လောက်အောင် ကောင်းတဲ့အရည်အသွေးမျိုး မရှိဘူးလို့ ဘောလုံးသုံးသပ်သူတွေ ဝေဖန်ခံခဲ့ရပေမယ့် သွင်းဂိုးတွေနဲ့ ထို ဝေဖန်မှုတွေကို ချေဖျက်ပြခဲ့ကြောင်း မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အကယ်ဒမီနည်းပြ ကောလင်းလစ်တဲလ်က ချီးကျူးခဲ့ပါတယ်။

Zawgyi – ယူနုိက္တက္ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ကေတာ့ ပရီးမီးယားလိဂ္ ေဘာလံုးပြဲေတြ ျပန္စတာနဲ႕ သူ ျပန္ပါ၀င္ကစားဖို႔ အသင့္ရွိ ေနေၾကာင္း အသိေပးစကား ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

ဒီေႏြမွာ ဆန္ခ်ိဳက အဂၤလန္သို႔ ျပန္လာဖို႔က ေသခ်ာသေလာက္ ျဖစ္ေနတယ္လို ေဒသခံသတင္းေတြက ေဖာ္ျပေနၾကျပီး ၄င္းကို ရဖို႔ေတာ့ ယူနိုက္တက္ထက္ ခ်ယ္ဆီးက အေလးသာေနတယ္ သိရပါတယ္။

တိုက္စစ္အင္အားျဖည့္ဖို႔ ရွာေဖြေနတဲ့ ယူနိုက္တက္ဟာ ဘြန္ဒက္စ္လီဂါကလပ္ မိုခ်န္ဂလာဘတ္ခ်္ အသင္းရဲ႕ တိုက္စစ္မွဴး Alassane Plea ကို လည္း ပစ္မွတ္ စာရင္းထဲ ထည့္သြင္းလာပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ၀ိန္း ရြန္းနီက အသင္းဟာ လူး၀စ္ ဗန္ဟားလ္ကို နည္းျပ အျဖစ္က ထုတ္ပယ္လိုက္စဥ္မွာ အလြန္ စိတ္ပ်က္ ခဲ့ရေၾကာင္း ၀န္ခံလိုက္ျပီး ဗန္ဟားလ္က တတိယရာသီမွာ နည္းျပ ဆက္လုပ္ခြင့္ ရခဲ့သင့္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ေတာ္မီေနးက အင္စတာဂရမ္မွာ ၾကြက္သားေတြနဲ႕ ဗလျပေနတဲ့ ပံု တစ္ပံု တင္ခဲ့လိုက္ျပီး ဖာနန္ဒက္စ္ ကေတာ့ ေလ့က်င့္တာ ေဘာလံုးနဲ႕ ေလ့က်င့္ဖို႔လည္း အေရးၾကီးေၾကာင္း ဟာသလုပ္ သတိေပးသြားခဲ့ပါတယ္။

ေဒါ့မြန္ ေရာက္သြားတဲ့ တိုက္စစ္မွဴး ဟာလန္းကို ယူနိုက္တက္တို႔ ေခၚယူဖို႔ ထပ္မံ ၾကိဳးပမ္းမယ္ သတင္းထြက္လာျပီး ရီးရဲလ္မက္ဒရစ္နဲ႕ အျပိဳင္ ၾကိဳးစားရဖို႔ ရွိေနပါတယ္။ ေဒါ့မြန္ မေရာက္ခင္ကလည္း ဟာလန္းကို ဆဲလ္ဘတ္မွာတည္းက ယူနိုက္တက္က ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ပါတယ္။

ရက္ဖို႔ဒ္ဟာ ဂိုးေရွ႕ေရာက္ရင္ ဂိုးသြင္းႏိုင္ေလာက္ေအာင္ ေကာင္းတဲ့အရည္အေသြးမ်ိဳး မရွိဘူးလို႔ ေဘာလံုးသံုးသပ္သူေတြ ေ၀ဖန္ခံခဲ့ရေပမယ့္ သြင္းဂိုးေတြနဲ႕ ထို ေ၀ဖန္မႈေတြကို ေခ်ဖ်က္ျပခဲ့ေၾကာင္း မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ အကယ္ဒမီနည္းျပ ေကာလင္းလစ္တဲလ္က ခ်ီးက်ဴးခဲ့ပါတယ္။