ယေန႔ နံနက္ခင္း ေနာက္ဆုံးရ မန္ခ်က္စတာ ယူႏိုက္တက္ သတင္းတိုမ်ား (15/10/20)

အင်္ဂလန်ဟာ အရင်အပတ်က ဘယ်လ်ဂျီယမ်ကို နိုင်ခဲ့တဲ့ပေမယ့် မနေ့က ဒိန်းမတ်နဲ့ ပွဲမှာတော့ ဟယ်ရီမက်ဂွဲရားနဲ့ ရိစ်ဂျိမ်းစ်တို့ ထုတ်ပယ်ခံရမှုနဲ့အတူ ပထမပိုင်းမှာ အဲရစ်ဆင်ရဲ့ ပင်နယ်တီဂိုးကြောင့် ၁-ဝနဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

ဟယ်ရီမက်ဂွဲရားဟာ ကွင်းတွင်းကွင်းပြင်ပမှာ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နေရသလို ဒိန်းမတ်နဲ့ပွဲမှာ အနီကဒ်ထိခဲ့ပြီးနောက် နည်းပြ ဆောက်ဂိတ်က ကျောကိုပုတ်ပြီး နှစ်သိမ့်ပေးခဲ့သင့်တယ်လို့ ရွိုင်ကိန်းက ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုရဲ့နောက် ဒုတိယ ဦးစားပေးအနေနဲ့ ကင်စလေကိုမန်ကို စိတ်ဝင်စားခဲ့ပေမယ့် နွေအပြောင်းအရွှေ့ကာလအတွင်း သူ့ကိုခေါ်ယူဖို့အတွက် ချဉ်းကပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေကိုတော့ ဘိုင်ယန်မြူးနစ်ဘက်က ငြင်းပယ်ခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ရာသီအစမှာ ဆိုးဝါးတဲ့ စိတ်ပျက်ဖွယ် ရလဒ်တွေကို ကြုံတွေ့ခဲ့ရတဲ့နောက် ဆိုးလ်ရှားရဲ့အနာဂတ်က မေးခွန်းထုတ်စရာဖြစ်ခဲ့ပေမယ့် တစ်သင်းလုံးက နည်းပြကို ထောက်ခံ ပေးနေတယ်လို့ တော်မီနေးက ဆိုပါတယ်။

မနေ့ကပွဲမှာ ပေါ့ဘာဟာ ၇၄မိနစ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး ၇၉မိနစ်မှာတော့ ကွင်းလယ်ကနေ လူးကပ်ဒစ်ဂ်နီထံ ဖြတ်တင်ပေးပို့မှုလုပ်ခဲ့သလို သူ့ထံကနေတစ်ဆင့် အမ်ဘတ်ပီက ဂိုး သွင်းယူနိုင်ခဲ့တဲ့နောက် ခရိုအေးရှားကို ၂-၁နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရော်နယ်ဒို ကိုဗစ်ကူးစက်ခံရတဲ့နောက် ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ကွာရန်တင်း ဝင်ရဖို့ရှိခဲ့ပေမယ့် ရော်နယ်ဒိုနဲ့ နီးစပ်တဲ့ထိတွေ့မှု မရှိခဲ့တဲ့နောက် အင်္ဂလန်ကို ပြန်လာပြီး ယူနိုက်တက်ရဲ့ နယူးကာဆယ်ပွဲကို ပါဝင်နိုင်တော့မှာပါ။

Zawgyi – အဂၤလန္ဟာ အရင္အပတ္က ဘယ္လ္ဂ်ီယမ္ကို ႏိုင္ခဲ့တဲ့ေပမယ့္ မေန႔က ဒိန္းမတ္နဲ႔ ပြဲမွာေတာ့ ဟယ္ရီမက္ဂြဲရားနဲ႔ ရိစ္ဂ်ိမ္းစ္တို႔ ထုတ္ပယ္ခံရမႈနဲ႔အတူ ပထမပိုင္းမွာ အဲရစ္ဆင္ရဲ႕ ပင္နယ္တီဂိုးေၾကာင့္ ၁-၀နဲ႔ စိတ္ပ်က္ဖြယ္ ရႈံးနိမ့္ခဲ့ပါတယ္။

ဟယ္ရီမက္ဂြဲရားဟာ ကြင္းတြင္းကြင္းျပင္ပမွာ ခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ေနရသလို ဒိန္းမတ္နဲ႔ပြဲမွာ အနီကဒ္ထိခဲ့ၿပီးေနာက္ နည္းျပ ေဆာက္ဂိတ္က ေက်ာကိုပုတ္ၿပီး ႏွစ္သိမ့္ေပးခဲ့သင့္တယ္လို႔ ႐ြိဳင္ကိန္းက ေဝဖန္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဆန္ခ်ိဳရဲ႕ေနာက္ ဒုတိယ ဦးစားေပးအေနနဲ႔ ကင္စေလကိုမန္ကို စိတ္ဝင္စားခဲ့ေပမယ့္ ေႏြအေျပာင္းအေ႐ႊ႕ကာလအတြင္း သူ႔ကိုေခၚယူဖို႔အတြက္ ခ်ဥ္းကပ္ခဲ့တယ္ ဆိုတဲ့ သတင္းေတြကိုေတာ့ ဘိုင္ယန္ျမဴးနစ္ဘက္က ျငင္းပယ္ခဲ့ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ရာသီအစမွာ ဆိုးဝါးတဲ့ စိတ္ပ်က္ဖြယ္ ရလဒ္ေတြကို ႀကဳံေတြ႕ခဲ့ရတဲ့ေနာက္ ဆိုးလ္ရွားရဲ႕အနာဂတ္က ေမးခြန္းထုတ္စရာျဖစ္ခဲ့ေပမယ့္ တစ္သင္းလုံးက နည္းျပကို ေထာက္ခံ ေပးေနတယ္လို႔ ေတာ္မီေနးက ဆိုပါတယ္။

မေန႔ကပြဲမွာ ေပါ့ဘာဟာ ၇၄မိနစ္မွာ လူစားဝင္ ကစားခြင့္ရခဲ့ၿပီး ၇၉မိနစ္မွာေတာ့ ကြင္းလယ္ကေန လူးကပ္ဒစ္ဂ္နီထံ ျဖတ္တင္ေပးပို႔မႈလုပ္ခဲ့သလို သူ႔ထံကေနတစ္ဆင့္ အမ္ဘတ္ပီက ဂိုး သြင္းယူႏိုင္ခဲ့တဲ့ေနာက္ ခ႐ိုေအးရွားကို ၂-၁နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ေရာ္နယ္ဒို ကိုဗစ္ကူးစက္ခံရတဲ့ေနာက္ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ ကြာရန္တင္း ဝင္ရဖို႔ရွိခဲ့ေပမယ့္ ေရာ္နယ္ဒိုနဲ႔ နီးစပ္တဲ့ထိေတြ႕မႈ မရွိခဲ့တဲ့ေနာက္ အဂၤလန္ကို ျပန္လာၿပီး ယူႏိုက္တက္ရဲ႕ နယူးကာဆယ္ပြဲကို ပါဝင္ႏိုင္ေတာ့မွာပါ။