ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (15/10/20)

ဆိုးရှား ကို ထုတ်ပယ်ပြီး အစားထိုးခန့်ဖို့ ယူနိုက်တက် ချိတ်ဆက်နေတဲ့ နည်းပြ စာရင်းထဲ ဂျူဗင်တပ် နည်းပြဟောင်း အယ်လီဂရီလည်း ပါဝင်လာပါတယ်။ ၎င်းဟာ ၂၀၁၉ နွေမှာ ဂျူဗင်တပ်က ထွက်ခွာလာတည်းက အသင်းလက်မဲ့ ဖြစ်နေပါတယ်။

၂၀၂၀ အတွက် Golden Boy ဆု နောက်ဆုံး ဆန်ကာတင် အယောက် ၂၀ စာရင်းထဲမှာ မန်ချက်စတာ ယူနိုက်တက်မှ လူငယ် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ် ဆက်လက် ပါဝင်သွားပါတယ်။

ယူနိုက်တက်မှာ အမေ့လျော့ခံ ဖြစ်နေတဲ့ တိုက်စစ်မှူး အစ်ဟာလို ကတော့ နယူးကာဆယ်နဲ့ ပွဲမှာသာ သူ ကစားခွင့် ရရင် တောက်ပအောင် အစွမ်းပြဖို့ အသင့် ရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကျောင်းတွေမှာ ကျွေးနေတဲ့ အခမဲ့ နေ့လည်စာကို ခရစ်စမတ်ထိ ဆက်လက် ကျွေးမွေးသွားဖို့ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်က တောင်းဆိုလိုတာကြောင့် ဖုန်းခေါ်ခဲ့ပေမယ့် ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင် က လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။

မက်ဂွဲရားအနေနဲ့ အခုချိန်မှာ ပြဿနာတွေ၊ ဝေဖန်မှုတွေ မျိုးစုံကြုံနေရပေမယ့် အချိန် တစ်ခုကြာရင် ပိုပြီးတောင့်တင်းတဲ့ပုံစံနဲ့ ပြန်လာလိမ့်မယ်လို့ အင်္ဂလန် နည်းပြ ဆောက်ဂိတ်က ထောက်ခံခဲ့ပြီး သူ ယုံကြည်မှု ပြန်ရလာမှာပါ လို့ ဂျေမီရက်နပ်ကလဲ အားပေးခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ စပါးနဲ့ပွဲအပြီး ဆိုးလ်ရှားရဲ့ နည်းစနစ်တွေကို ဝေဖန်ခဲ့တဲ့နောက် သူနဲ့ နည်းပြကြား ပြဿနာတက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပြီး ယူနိုက်တက်ကို ဒုက္ခပေးဖို့အတွက် သတင်းမီဒီယာတွေက သူ့နာမည်ကို အသုံးမချပါနဲ့လို့ သတိပေးခဲ့ပါတယ်။

ဒင်း ဟန်ဒါဆန် ယူနိုက်တက်ထံ ပြန်ရောက်လာတာက အသင်းထရိန်နင်မှာ ဒီဂီယာရဲ့ ပိုမိုအားထုတ် လက်စွမ်းပြလာနေကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ထုတ်သွားပါတယ်။

Zawgyi – ဆိုးရွား ကို ထုတ္ပယ္ျပီး အစားထိုးခန္႔ဖို႔ ယူနိုက္တက္ ခ်ိတ္ဆက္ေနတဲ့ နည္းျပ စာရင္းထဲ ဂ်ဴဗင္တပ္ နည္းျပေဟာင္း အယ္လီဂရီလည္း ပါ၀င္လာပါတယ္။ ၄င္းဟာ ၂၀၁၉ ေႏြမွာ ဂ်ဴဗင္တပ္က ထြက္ခြာလာတည္းက အသင္းလက္မဲ့ ျဖစ္ေနပါတယ္။

၂၀၂၀ အတြက္ Golden Boy ဆု ေနာက္ဆံုး ဆန္ကာတင္ အေယာက္ ၂၀ စာရင္းထဲမွာ မန္ခ်က္စတာ ယူနိုက္တက္မွ လူငယ္ တိုက္စစ္မွဴး ေမဆန္ ဂရင္း၀ုဒ္ ဆက္လက္ ပါ၀င္သြားပါတယ္။

ယူနိုက္တက္မွာ အေမ့ေလ်ာ့ခံ ျဖစ္ေနတဲ့ တိုက္စစ္မွဴး အစ္ဟာလို ကေတာ့ နယူးကာဆယ္နဲ႕ ပြဲမွာသာ သူ ကစားခြင့္ ရရင္ ေတာက္ပေအာင္ အစြမ္းျပဖို႔ အသင့္ ရွိေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ေက်ာင္းေတြမွာ ေကၽြးေနတဲ့ အခမဲ့ ေန႔လည္စာကို ခရစ္စမတ္ထိ ဆက္လက္ ေကၽြးေမြးသြားဖို႔ ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္က ေတာင္းဆိုလိုတာေၾကာင့္ ဖုန္းေခၚခဲ့ေပမယ့္ ၀န္ၾကီးခ်ဳပ္ ဘိုရစ္ဂၽြန္ဆင္ က လက္မခံဘဲ ျငင္းပယ္ခဲ့ပါတယ္။

မက္ဂြဲရားအေနနဲ႔ အခုခ်ိန္မွာ ျပႆနာေတြ၊ ေဝဖန္မႈေတြ မ်ိဳးစုံႀကဳံေနရေပမယ့္ အခ်ိန္ တစ္ခုၾကာရင္ ပိုၿပီးေတာင့္တင္းတဲ့ပုံစံနဲ႔ ျပန္လာလိမ့္မယ္လို႔ အဂၤလန္ နည္းျပ ေဆာက္ဂိတ္က ေထာက္ခံခဲ့ၿပီး သူ ယုံၾကည္မႈ ျပန္ရလာမွာပါ လို႔ ေဂ်မီရက္နပ္ကလဲ အားေပးခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ စပါးနဲ႔ပြဲအၿပီး ဆိုးလ္ရွားရဲ႕ နည္းစနစ္ေတြကို ေဝဖန္ခဲ့တဲ့ေနာက္ သူနဲ႔ နည္းျပၾကား ျပႆနာတက္ခဲ့တယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္ခဲ့ၿပီး ယူႏိုက္တက္ကို ဒုကၡေပးဖို႔အတြက္ သတင္းမီဒီယာေတြက သူ႔နာမည္ကို အသုံးမခ်ပါနဲ႔လို႔ သတိေပးခဲ့ပါတယ္။

ဒင္း ဟန္ဒါဆန္ ယူနိုက္တက္ထံ ျပန္ေရာက္လာတာက အသင္းထရိန္နင္မွာ ဒီဂီယာရဲ႕ ပိုမိုအားထုတ္ လက္စြမ္းျပလာေနေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္။