ချယ်ဆီးဟာ နွေအပြောင်းအရွှေ့မှာ ပေါင် သန်း ၂၀၀ကျော် သုံးစွဲခဲ့ပေမယ့် နောက်မဆုတ်သေးပဲ ဟာလန်းကို ထပ်မံ ပစ်မှတ်ထားနေပြီး နောက်နွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃သန်း ပေးပြီး ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။
အင်္ဂလန်အတွက် ပွဲဦးထွက်မှာ ရိစ်ဂျိမ်းစ်ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို နည်းပြ ဆောက်ဂိတ်က ချီးကျူးခဲ့သလို ဒိန်းမတ်နဲ့ပွဲမှာ အနီကဒ်ထိပြီး ထုတ်ပယ်ခံခဲ့ရတဲ့နောက် ချယ်ဆီး နောက်ခံလူအနေနဲ့ အမှားကို သင်ခန်းစာယူဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရိစ်ဂျိမ်းစ်ဟာ အချိန်ပိုမှာ အနီကဒ် ပြသခံခဲ့ရတဲ့နောက် ပွဲဦးထွက်မှာ ထုတ်ပယ်ခံရတဲ့ ပထမဆုံး အင်္ဂလန် ကစားသမားဖြစ်လာခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းကောင်းတွေကြောင့် အသင်းမှာ ပြန် ကစားခွင့်ရလိမ့်မယ်လို့ ဒီကလန်ရိုက်စ်က အားပေးစကား ပြောခဲ့ပါတယ်။
မေဆန်မောင့်ဟာ ဒါဘီကနေ ချယ်ဆီး အသင်းကြီးထံ ရောက်ရှိလာခဲ့ပြီးမကြာခင် အင်္ဂလန်အတွက် ကစားပေးခွင့်ရခဲ့တဲ့နောက် သူ့ရဲ့တိုးတက်မှုမှာ ကြံ့ခိုင်မှုက အရေးပါခဲ့သလို ချယ်ဆီးမှာ ကြံ့ခိုင်မှု အရှိဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အိုဒွိုင်းကို ခေါ်ယူဖို့ကြိုးစားခဲ့ပြီး အငှားကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် ချယ်ဆီးက ငြင်းပယ်ခဲ့တာဖြစ်ပြီး ဘိုင်ယန်ရဲ့ အငှားစာချုပ်မှာ ပေါင်သန်း၇၀နဲ့ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တာကြောင့် သူ့ကို မရောင်းချင်တဲ့ ချယ်ဆီးက ပယ်ချခဲ့တာပါ။
ဘီလီဂေးလ်မာနဲ့ ဖီကာယို တိုမိုရီတို့ဟာ ကလပ်ရဲ့အနာဂတ်တွေဖြစ်ပြီး အလားအလာကောင်းတွေ ရှိပေမယ့် နွေရာသီမှာ ချယ်ဆီးက ကစားသမားသစ်များစွာ ခေါ်ယူခဲ့တဲ့နောက် လူငယ်ကြယ်ပွင့်၂ယောက်ဟာ ဇန်နဝါရီမှာ အငှားချခံရဖွယ် ရှိနေပါတယ်။
ချယ်ဆီး ဘယ်နောက်ခံလူ ဘာဘာရာမန်ဟာ အရွတ်ဒဏ်ရာကြောင့် ၂၀၁၇မှာ ၇လ နားခဲ့ရပြီး မနှစ်ကလဲ ဒူးဒဏ်ရာနဲ့ တစ်ရာသီလုံးနီးပါး လွဲချော်ခဲ့ပေမယ့် မစ်ဒယ်ဘရော့ဟာ သူ့ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ရူဒီဂါဟာ နွေရာသီမှာ ချယ်ဆီးကနေ ထွက်ခွာခွင့် မရခဲ့တဲ့နောက် သူ့အနေနဲ့ ကလပ်ရဲ့ အနာဂတ်အစီအစဉ်တွေမှာ သေချာပေါက် မပါဝင်ဘူးဆိုတာသိကြောင်း ဝန်ခံခဲ့ပေမယ့်လဲ လမ်းပတ် မှားနေတယ်ဆိုတာကို သက်သေပြဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။
Zawgyi – ခ်ယ္ဆီးဟာ ေႏြအေျပာင္းအေ႐ႊ႕မွာ ေပါင္ သန္း ၂၀၀ေက်ာ္ သုံးစြဲခဲ့ေပမယ့္ ေနာက္မဆုတ္ေသးပဲ ဟာလန္းကို ထပ္မံ ပစ္မွတ္ထားေနၿပီး ေနာက္ေႏြရာသီမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၃သန္း ေပးၿပီး ေခၚယူဖို႔ ေမွ်ာ္လင့္ေနပါတယ္။
အဂၤလန္အတြက္ ပြဲဦးထြက္မွာ ရိစ္ဂ်ိမ္းစ္ရဲ႕ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြကို နည္းျပ ေဆာက္ဂိတ္က ခ်ီးက်ဴးခဲ့သလို ဒိန္းမတ္နဲ႔ပြဲမွာ အနီကဒ္ထိၿပီး ထုတ္ပယ္ခံခဲ့ရတဲ့ေနာက္ ခ်ယ္ဆီး ေနာက္ခံလူအေနနဲ႔ အမွားကို သင္ခန္းစာယူဖို႔လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ရိစ္ဂ်ိမ္းစ္ဟာ အခ်ိန္ပိုမွာ အနီကဒ္ ျပသခံခဲ့ရတဲ့ေနာက္ ပြဲဦးထြက္မွာ ထုတ္ပယ္ခံရတဲ့ ပထမဆုံး အဂၤလန္ ကစားသမားျဖစ္လာခဲ့ေပမယ့္ သူ႔ရဲ႕ေျခစြမ္းေကာင္းေတြေၾကာင့္ အသင္းမွာ ျပန္ ကစားခြင့္ရလိမ့္မယ္လို႔ ဒီကလန္႐ိုက္စ္က အားေပးစကား ေျပာခဲ့ပါတယ္။
ေမဆန္ေမာင့္ဟာ ဒါဘီကေန ခ်ယ္ဆီး အသင္းႀကီးထံ ေရာက္ရွိလာခဲ့ၿပီးမၾကာခင္ အဂၤလန္အတြက္ ကစားေပးခြင့္ရခဲ့တဲ့ေနာက္ သူ႔ရဲ႕တိုးတက္မႈမွာ ႀကံ့ခိုင္မႈက အေရးပါခဲ့သလို ခ်ယ္ဆီးမွာ ႀကံ့ခိုင္မႈ အရွိဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ အိုဒြိဳင္းကို ေခၚယူဖို႔ႀကိဳးစားခဲ့ၿပီး အငွားကမ္းလွမ္းမႈလုပ္ခဲ့ေပမယ့္ ခ်ယ္ဆီးက ျငင္းပယ္ခဲ့တာျဖစ္ၿပီး ဘိုင္ယန္ရဲ႕ အငွားစာခ်ဳပ္မွာ ေပါင္သန္း၇၀နဲ႔ အၿပီးသတ္ ဝယ္ယူခြင့္ ပါဝင္တာေၾကာင့္ သူ႔ကို မေရာင္းခ်င္တဲ့ ခ်ယ္ဆီးက ပယ္ခ်ခဲ့တာပါ။
ဘီလီေဂးလ္မာနဲ႔ ဖီကာယို တိုမိုရီတို႔ဟာ ကလပ္ရဲ႕အနာဂတ္ေတြျဖစ္ၿပီး အလားအလာေကာင္းေတြ ရွိေပမယ့္ ေႏြရာသီမွာ ခ်ယ္ဆီးက ကစားသမားသစ္မ်ားစြာ ေခၚယူခဲ့တဲ့ေနာက္ လူငယ္ၾကယ္ပြင့္၂ေယာက္ဟာ ဇန္နဝါရီမွာ အငွားခ်ခံရဖြယ္ ရွိေနပါတယ္။
ခ်ယ္ဆီး ဘယ္ေနာက္ခံလူ ဘာဘာရာမန္ဟာ အ႐ြတ္ဒဏ္ရာေၾကာင့္ ၂၀၁၇မွာ ၇လ နားခဲ့ရၿပီး မႏွစ္ကလဲ ဒူးဒဏ္ရာနဲ႔ တစ္ရာသီလုံးနီးပါး လြဲေခ်ာ္ခဲ့ေပမယ့္ မစ္ဒယ္ဘေရာ့ဟာ သူ႔ကို တစ္ရာသီအငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။
ရူဒီဂါဟာ ေႏြရာသီမွာ ခ်ယ္ဆီးကေန ထြက္ခြာခြင့္ မရခဲ့တဲ့ေနာက္ သူ႔အေနနဲ႔ ကလပ္ရဲ႕ အနာဂတ္အစီအစဥ္ေတြမွာ ေသခ်ာေပါက္ မပါဝင္ဘူးဆိုတာသိေၾကာင္း ဝန္ခံခဲ့ေပမယ့္လဲ လမ္းပတ္ မွားေနတယ္ဆိုတာကို သက္ေသျပဖို႔ ဆုံးျဖတ္ထားခဲ့တာ ျဖစ္ပါတယ္။