မန်စီးတီး Vs အာဆင်နယ်ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
နိုင်ငံတကာ ပွဲတွေ အပြီး ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်ချိန်မှာတော့ မန်စီးတီး နဲ့ အာဆင်နယ်တို့ ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲကောင်း တစ်ပွဲ ရှိနေပါတယ်။ နှစ်သင်းလုံးမှာတော့ ကွာရန်တင်း နဲ့ ဒဏ်ရာရ ကစားသမားတွေ ကိုယ်စီ ရှိနေတာကြောင့် လက်လွှတ်ရမှုတွေ ရှိထားပါတယ်။
မန်စီးတီးအသင်းဘက်မှာ အဂွယ်ရို ပါဝင် ကစားဦးမှာ မဟုတ်တဲ့ အပြင် ဂျီးဆု၊ စတာလင်နဲ့ ဒီဘရိုင်းတို့ ဒဏ်ရာ ကိုယ်စီ ရှိနေပါတယ်။ အာဆင်နယ် အသင်းဘက်မှာတော့ တီရာနေးဟာ အနီးကပ်နေခဲ့တဲ့ စကော့တလန်အသင်းဖော် တစ်ဦး ကိုဗစ် ကူးစက်ခံထားရလို့ ကွာရန်တင်း ဝင်ကာ စီးတီးနဲ့ ပွဲ လွဲရဖို့ ရှိနေပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ ကစားမယ့် ပွဲချိန် ကတော့ အောက်တိုဘာလ ၁၇ ရက် (စနေနေ့)၊ ည ၁၁ နာရီမှာပါ။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ်ထားပါတယ်။
အိုဝင်က – ” တနင်္ဂနွေနေ့မှာ သိပ်ကောင်းတဲ့ ပွဲစဉ်က အီသီဟတ်မှာ ယှဉ်ပြိုင်မှာပါ။ အာဆင်နယ်က မန်ချက်စတာကို သွားရောက်ပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဂန်းနားတို့ဟာ ရာသီအစကို ကျစ်လစ်စွာ စတင်ထားနိုင်ပြီး ဒီပွဲမှာ ရမှတ်ယူဖို့အတွက် သူတို့တွေက မျှော်လင့်ချက်တွေ အမြင့်မားဆုံး အနေအထားနဲ့ သွားရောက်ကြမှာ ဖြစ်ပါတယ်။
မန်စီးတီးက ရမှတ်တွေ ရယူဖို့ လိုနေပါတယ်။ အိမ်ကွင်းမှာတော့ ဒါကို ပြန်လုပ်သွားမှာပါ။ ပပ်ဂွာဒီယိုလာအနေနဲ့ သူ့အသင်းသားတွေက ရမှတ်တွေအတွက် တည်တည်ငြိမ်ငြိမ်ဖြစ်နေတာကို မြင်ရဖို့ မျှော်လင့်နေပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။
မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၃-၁ အာဆင်နယ် ဖြစ်ပါတယ်။