ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (15/10/20)

အာဆင်နယ် နောက်ခံလူဟောင်း အာမန်း ထရာအိုရေးဟာ ဂန်းနား ကစားသမားသစ် သောမတ်စ်ပါတေးရဲ့ အရည်အသွေးကြောင့် သဘောကျနေသလို ကွင်းလယ်လူဟာ ကလပ်ဂန္တဝင် ပက်ထရစ် ဗီအဲရာနဲ့ တူညီမှုတွေ ရှိတယ်လို့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

တိုနီ ကက်စ်ကာရီနိုဟာ အင်္ဂလန် ယူ၂၁ရဲ့ စံချိန်တင် ဂိုးသွင်းရှင် အန်ကတ်တီးရား ကို ဂန်းနားသူရဲကောင်း အီယန်ရိုက်နဲ့ နှိုင်းယှဉ်ချီးကျူးခဲ့ပြီး သူတို့ရဲ့ မြန်ဆန်တဲ့ ခြေထောက်နဲ့ ပေါ့ပါး သွက်လက်မှု တွေကြောင့် နောက်ခံလူတွေအတွက် တားဆီးဖို့ ခက်တယ်လို့ ဆိုပါတယ်။

ကိုလာဆီနက်ကို ဇန်နဝါရီမှာ အလွတ်ထွက်ခွာနိုင်ကြောင်း အာတီတာက ပြောခဲ့တဲ့နောက် သူ့ကိုရိုးမားက ခေါ်ယူချင်နေပြီး အတွေ့အကြုံရှိ ဘယ်နောက်ခံလူက ကလပ်ရဲ့ ခံစစ်အင်အားကို တောင့်တင်း စေလိမ့်မယ် လို့ ဖွန်ဆီကာက ယုံကြည်နေပါတယ်။

မန်စီးတီးနဲ့ပွဲမှာ အာဆင်နယ် အတွက် ပွဲဦးထွက် ကစားရမှာနဲ့ ပတ်သက်လို့ သောမတ်စ်ပါတေးက မိမိဟာ ကွင်းလယ်နေရာကို သဘောအကျဆုံးဖြစ်ပေမယ့် အသင်းကိုကူညီဖို့ လိုအပ်ရင် လိုအပ်တဲ့နေရာမှာ အကောင်းဆုံး ကစားပေးမှာပါလို့ ပြောဆိုခဲ့ပါတယ်။

နည်းပြ အာတီတာက အလို မရှိတာကြောင့်သာ တော်ရဲရားက အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်တယ်လို့ ဖခင်ဖြစ်သူက ဖွင့်ဟခဲ့ပြီး ကွင်းလယ်လူ အနေနဲ့ သူ့ကို သဘောကျတဲ့နည်းပြ ရှိလာမှသာ အမ်းမရိတ်စ်ကို ပြန်မှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၃မှာ ဆွာရက်က လီဗာပူးကို စွန့်ခွာဖို့ ပြင်နေချိန်မှာ အာဆင်နယ်က စိတ်ဝင်စား ခဲ့သလို ပေါင် သန်း၄၀နဲ့ အထက်ပေးမှ ထွက်ခွာခွင့်ပေးမယ်လို့ လီဗာပူးက ဆိုတာကြောင့် ပေါင် သန်း၄၀နဲ့ ၁ပေါင် ပေးပြီး ကမ်းလှမ်းခဲ့တာပါလို့ အာဆင်ဝင်းဂါးက ပြန်ပြောပြခဲ့ပါတယ်။

ဗန်ပါစီဟာ ယူနိုက်တက်ကနေ အာဆင်နယ်ထံပြန်လာဖို့ ဝင်းဂါးကို ဖုန်းဆက် ပြောခဲ့ပေမယ့် အဲ့ဒီ့တုန်းက ကလပ်ဟာ လူငယ်ကစားသမားတွေကိုသာ အလိုရှိနေပြီး ဗန်ပါစီက ကစားသမားဘဝ နောက်ဆုံး အချိန်ကို ရောက်နေတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ အာဆင်ဝင်းဂါက ဆိုပါတယ်။

အီမီလီယာနို မာတီနက်ဇ်ဟာ ၉ယောက်မြောက် ဦးစားပေး ဂိုးသမားအဖြစ် အမ်းမရိတ် ကို စ ရောက်ခဲ့ပေမယ့် လီနိုဒဏ်ရာရချိန်မှာ နံပါတ်တစ် ဖြစ်လာခဲ့တာကို ကြည့်ပြီး ကြိုးစားဖို့ တွန်းအားတွေ ရရှိခဲ့တယ် လို့ ဂိုးသမားသစ်လေး ရန်နာဆန်က ဆိုပါတယ်။

Zawgyi – အာဆင္နယ္ ေနာက္ခံလူေဟာင္း အာမန္း ထရာအိုေရးဟာ ဂန္းနား ကစားသမားသစ္ ေသာမတ္စ္ပါေတးရဲ႕ အရည္အေသြးေၾကာင့္ သေဘာက်ေနသလို ကြင္းလယ္လူဟာ ကလပ္ဂႏၲဝင္ ပက္ထရစ္ ဗီအဲရာနဲ႔ တူညီမႈေတြ ရွိတယ္လို႔ ႏႈိင္းယွဥ္ေျပာဆိုခဲ့ပါတယ္။

တိုနီ ကက္စ္ကာရီႏိုဟာ အဂၤလန္ ယူ၂၁ရဲ႕ စံခ်ိန္တင္ ဂိုးသြင္းရွင္ အန္ကတ္တီးရား ကို ဂန္းနားသူရဲေကာင္း အီယန္႐ိုက္နဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးခဲ့ၿပီး သူတို႔ရဲ႕ ျမန္ဆန္တဲ့ ေျခေထာက္နဲ႔ ေပါ့ပါး သြက္လက္မႈ ေတြေၾကာင့္ ေနာက္ခံလူေတြအတြက္ တားဆီးဖို႔ ခက္တယ္လို႔ ဆိုပါတယ္။

ကိုလာဆီနက္ကို ဇန္နဝါရီမွာ အလြတ္ထြက္ခြာႏိုင္ေၾကာင္း အာတီတာက ေျပာခဲ့တဲ့ေနာက္ သူ႔ကို႐ိုးမားက ေခၚယူခ်င္ေနၿပီး အေတြ႕အႀကဳံရွိ ဘယ္ေနာက္ခံလူက ကလပ္ရဲ႕ ခံစစ္အင္အားကို ေတာင့္တင္း ေစလိမ့္မယ္ လို႔ ဖြန္ဆီကာက ယုံၾကည္ေနပါတယ္။

မန္စီးတီးနဲ႔ပြဲမွာ အာဆင္နယ္ အတြက္ ပြဲဦးထြက္ ကစားရမွာနဲ႔ ပတ္သက္လို႔ ေသာမတ္စ္ပါေတးက မိမိဟာ ကြင္းလယ္ေနရာကို သေဘာအက်ဆုံးျဖစ္ေပမယ့္ အသင္းကိုကူညီဖို႔ လိုအပ္ရင္ လိုအပ္တဲ့ေနရာမွာ အေကာင္းဆုံး ကစားေပးမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

နည္းျပ အာတီတာက အလို မရွိတာေၾကာင့္သာ ေတာ္ရဲရားက အသင္းကေန ထြက္ခြာခဲ့ရတာျဖစ္တယ္လို႔ ဖခင္ျဖစ္သူက ဖြင့္ဟခဲ့ၿပီး ကြင္းလယ္လူ အေနနဲ႔ သူ႔ကို သေဘာက်တဲ့နည္းျပ ရွိလာမွသာ အမ္းမရိတ္စ္ကို ျပန္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

၂၀၁၃မွာ ဆြာရက္က လီဗာပူးကို စြန္႔ခြာဖို႔ ျပင္ေနခ်ိန္မွာ အာဆင္နယ္က စိတ္ဝင္စား ခဲ့သလို ေပါင္ သန္း၄၀နဲ႔ အထက္ေပးမွ ထြက္ခြာခြင့္ေပးမယ္လို႔ လီဗာပူးက ဆိုတာေၾကာင့္ ေပါင္ သန္း၄၀နဲ႔ ၁ေပါင္ ေပးၿပီး ကမ္းလွမ္းခဲ့တာပါလို႔ အာဆင္ဝင္းဂါးက ျပန္ေျပာျပခဲ့ပါတယ္။

ဗန္ပါစီဟာ ယူႏိုက္တက္ကေန အာဆင္နယ္ထံျပန္လာဖို႔ ဝင္းဂါးကို ဖုန္းဆက္ ေျပာခဲ့ေပမယ့္ အဲ့ဒီ့တုန္းက ကလပ္ဟာ လူငယ္ကစားသမားေတြကိုသာ အလိုရွိေနၿပီး ဗန္ပါစီက ကစားသမားဘဝ ေနာက္ဆုံး အခ်ိန္ကို ေရာက္ေနတာေၾကာင့္ ျငင္းပယ္ခဲ့တယ္လို႔ အာဆင္ဝင္းဂါက ဆိုပါတယ္။

အီမီလီယာႏို မာတီနက္ဇ္ဟာ ၉ေယာက္ေျမာက္ ဦးစားေပး ဂိုးသမားအျဖစ္ အမ္းမရိတ္ ကို စ ေရာက္ခဲ့ေပမယ့္ လီႏိုဒဏ္ရာရခ်ိန္မွာ နံပါတ္တစ္ ျဖစ္လာခဲ့တာကို ၾကည့္ၿပီး ႀကိဳးစားဖို႔ တြန္းအားေတြ ရရွိခဲ့တယ္ လို႔ ဂိုးသမားသစ္ေလး ရန္နာဆန္က ဆိုပါတယ္။