အင်္ဂလန်ရဲ့ ပြည်တွင်း အပြောင်းအရွှေ့ ကာလက ဒီနေ့ နောက်ဆုံးဖြစ်ပြီး Deadline Day မှာ ချယ်ဆီးကနေ ထွက်ခွာနိုင်တဲ့ ကစားသမား ၅ယောက်ကတော့ ဘီလီဂေလ်မာ၊ ဘာဘာရာမန်၊ ဒူဂျွန် စတာလင်၊ ဂျိတ်ကလတ် ဆဲလ်တာ၊ ချာလေ မူဆွန်ဒါတို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။
ချယ်ဆီးရဲ့ အပယ်ခံ ကစားသမား ဗစ်တာမော့ဆက်ကတော့ လန်ဒန်မှာ ၈နှစ် အတွင်း ၆ကြိမ်မြောက် အဖြစ် အငှားထွက်ခဲ့ပြီး စပါးတပ် မော်စကိုထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့်လဲ ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီကလန်ရိုက်စ်ဟာ ကန်တေရဲ့ upgrade ဗားရှင်းဖြစ်တာကြောင့် ချယ်ဆီးအနေနဲ့ သူ့ကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ စပါး တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က ယုံကြည်နေပြီး ပြင်သစ်ကွင်းလယ်လူကို ယူနိုက်တက်ထံ ရောင်းချဖို့ တိုက်တွန်းခဲ့ပါတယ်။
ပေါလို ဒိုင်ဘားလားဟာ နည်းပြသစ် ပီယာလို လက်အောက်မှာ နေရာပျောက်နေပြီး ကြံ့ခိုင်မှုပြဿနာကလဲ ရှိနေတာနဲ့အတူ အသင်းကနေ ထွက်ခွာလိုနေပြီး ချယ်ဆီးက သူ့ရဲ့တန်ကြေး ပေါင် ၇၂သန်း ပေးဝယ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ချယ်ဆီးဟာ ဒီနွေမှာ ကစားသမားသစ် များစွာ ခေါ်ယူခဲ့ပေမယ့် လမ်းပတ်က ဒီကလန်ရိုက်စ်ကို အလိုရှိနေဆဲဖြစ်သလို ဝက်စ်ဟမ်းကွင်းလယ်လူကို ဇန်နဝါရီမှာ ခေါ်ယူခဲ့ရင် ကန်တေရဲ့ အနာဂတ်က မေးခွန်း ထုတ်စရာ ဖြစ်လာတော့မှာပါ။
၂၀၁၄ တုန်းက ချယ်ဆီးနည်းပြ မော်ရင်ညိုနဲ့ ရိုမန်အေဗရာမိုဗစ်ခ်ျတို့ဟာ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ပေါင် ၂၂၅သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ဖူးပေမယ့် အကြောင်းပြချက် တချို့ကြောင့် အပြောင်းအရွှေ့ မအောင်မြင်ခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးဟာ နွေရာသီမှာ အင်တာ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုလုပ်ခဲ့ပေမယ့် ဘာကာကိုပဲ ပြောင်းရွှေ့ချင်တဲ့အာဂျင်တိုင်းသားက ငြင်းပယ်ခဲ့တာနဲ့အတူ တီမိုဗာက စတန်းဖို့ဒ်ဘရစ်ခ်ျ ထံ ရောက်ရှိလာခဲ့တာပါ။
ချယ်ဆီး နောက်ခံလူ ဖီကာယို တိုမိုရီဟာ ဒီနွေမှာ ဝက်စ်ဟမ်းထံ တစ်ရာသီအငှားနဲ့ ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ နေရာရဖို့ တိုက်ပွဲဝင်ချင်တာကြောင့် ဝက်စ်ဟမ်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။
Zawgyi – အဂၤလန္ရဲ႕ ျပည္တြင္း အေျပာင္းအေ႐ႊ႕ ကာလက ဒီေန႔ ေနာက္ဆုံးျဖစ္ျပီး Deadline Day မွာ ခ်ယ္ဆီးကေန ထြက္ခြာႏိုင္တဲ့ ကစားသမား ၅ေယာက္ကေတာ့ ဘီလီေဂလ္မာ၊ ဘာဘာရာမန္၊ ဒူဂြၽန္ စတာလင္၊ ဂ်ိတ္ကလတ္ ဆဲလ္တာ၊ ခ်ာေလ မူဆြန္ဒါတို႔ပဲ ျဖစ္တယ္လို႔ သိရပါတယ္။
ခ်ယ္ဆီးရဲ႕ အပယ္ခံ ကစားသမား ဗစ္တာေမာ့ဆက္ကေတာ့ လန္ဒန္မွာ ၈ႏွစ္ အတြင္း ၆ႀကိမ္ေျမာက္ အျဖစ္ အငွားထြက္ခဲ့ၿပီး စပါးတပ္ ေမာ္စကိုထံ တစ္ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ၿပီး အၿပီးသတ္ ဝယ္ယူခြင့္လဲ ပါဝင္မွာ ျဖစ္ေၾကာင္း သိရပါတယ္။
ဒီကလန္႐ိုက္စ္ဟာ ကန္ေတရဲ႕ upgrade ဗားရွင္းျဖစ္တာေၾကာင့္ ခ်ယ္ဆီးအေနနဲ႔ သူ႔ကို ေခၚယူဖို႔ ႀကိဳးစားသင့္တယ္လို႔ စပါး တိုက္စစ္မႉးေဟာင္း ဒါရင္းဘန႔္က ယုံၾကည္ေနၿပီး ျပင္သစ္ကြင္းလယ္လူကို ယူႏိုက္တက္ထံ ေရာင္းခ်ဖို႔ တိုက္တြန္းခဲ့ပါတယ္။
ေပါလို ဒိုင္ဘားလားဟာ နည္းျပသစ္ ပီယာလို လက္ေအာက္မွာ ေနရာေပ်ာက္ေနၿပီး ႀကံ့ခိုင္မႈျပႆနာကလဲ ရွိေနတာနဲ႔အတူ အသင္းကေန ထြက္ခြာလိုေနၿပီး ခ်ယ္ဆီးက သူ႔ရဲ႕တန္ေၾကး ေပါင္ ၇၂သန္း ေပးဝယ္ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။
ခ်ယ္ဆီးဟာ ဒီေႏြမွာ ကစားသမားသစ္ မ်ားစြာ ေခၚယူခဲ့ေပမယ့္ လမ္းပတ္က ဒီကလန္႐ိုက္စ္ကို အလိုရွိေနဆဲျဖစ္သလို ဝက္စ္ဟမ္းကြင္းလယ္လူကို ဇန္နဝါရီမွာ ေခၚယူခဲ့ရင္ ကန္ေတရဲ႕ အနာဂတ္က ေမးခြန္း ထုတ္စရာ ျဖစ္လာေတာ့မွာပါ။
၂၀၁၄ တုန္းက ခ်ယ္ဆီးနည္းျပ ေမာ္ရင္ညိဳနဲ႔ ႐ိုမန္ေအဗရာမိုဗစ္ခ္်တို႔ဟာ မက္ဆီကို ေခၚယူဖို႔ ၾကိဳးစားခဲ့ၿပီး ေပါင္ ၂၂၅သန္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ဖူးေပမယ့္ အေၾကာင္းျပခ်က္ တခ်ိဳ႕ေၾကာင့္ အေျပာင္းအေ႐ႊ႕ မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။
ခ်ယ္ဆီးဟာ ေႏြရာသီမွာ အင္တာ တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူဖို႔ ခ်ဥ္းကပ္မႈလုပ္ခဲ့ေပမယ့္ ဘာကာကိုပဲ ေျပာင္းေ႐ႊ႕ခ်င္တဲ့အာဂ်င္တိုင္းသားက ျငင္းပယ္ခဲ့တာနဲ႔အတူ တီမိုဗာက စတန္းဖို႔ဒ္ဘရစ္ခ္် ထံ ေရာက္ရွိလာခဲ့တာပါ။
ခ်ယ္ဆီး ေနာက္ခံလူ ဖီကာယို တိုမိုရီဟာ ဒီေႏြမွာ ဝက္စ္ဟမ္းထံ တစ္ရာသီအငွားနဲ႔ ထြက္ခြာဖို႔ နီးစပ္ခဲ့ေပမယ့္ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ေနရာရဖို႔ တိုက္ပြဲဝင္ခ်င္တာေၾကာင့္ ဝက္စ္ဟမ္းရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တာ ျဖစ္ေၾကာင္း ဝန္ခံေျပာဆိုခဲ့ပါတယ္။