ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (16/10/20)

ယူနိုက်တက် ကစားသမားသစ် ပယ်လီစထွီဟာ အသင်းနဲ့ လေ့ကျင့်ရေးဆင်းနေကာ စနေနေ့ နယူးကာဆယ်နဲ့ပွဲမှာ ကလပ်အတွက် ပွဲဦးထွက်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။ သူက ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်တို့နဲ့ တွဲကစားဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

မက်ဂွဲရားဟာ ကလပ်ရော နိုင်ငံအတွက်ပါ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ကြားက ဒိန်းမတ်နဲ့ပွဲမှာ အနီကဒ်ပြသခံခဲ့ရတယ်။ သူက ကွင်းတွင်း ကွင်းပြင်မှာ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်နေရပေမယ့် ခဏ အနားယူဖို့ စိတ်မဝင်စားပဲ ကလပ်ရဲ့ ပွဲထွက်စာရင်းမှာ နေရာရလိုနေဆဲ ဖြစ်ပါတယ်။

ရီယိုဖာဒီနန်ကတော့ ရုန်းကန်နေရတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားကို အနားပေးထားရင် ကောင်းမယ်လို့ အကြံပြုခဲ့ပြီး သူ့ကိုယ်သူ တည်ငြိမ်မှုရဖို့နဲ့ ယုံကြည်မှုပြန်ရရှိဖို့ အချိန်ပေးထားသင့်တယ်လို့ ဆိုးလ်ရှားကို တိုက်တွန်းခဲ့ပါတယ်။

ရိုမဲရိုးဟာ တတိယဦးစားပေးကစားသမား ဖြစ်လာတဲ့နောက် ယူနိုက်တက်ကနေ ထွက်ခွာဖို့ မြန်မြန်အလိုရှိနေသလို ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ဘဝ စတင်ခဲ့ရာ ရေးဆင်းကလပ်က သူ့ကိုပြန်ခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒေါ့မွန်ဟာ ဆန်ချိုကို သူတို့တောင်းဆိုတဲ့ဈေးထက် ဘယ်လောက်ပဲ ပိုပေးပေး ဇန်နဝါရီမှာ ရောင်းချမှာမဟုတ်ဘူးလို့ ဆိုပြီး နောက်နွေရာသီမှ စဉ်းစားမှာဖြစ်တယ်လို့ ယူနိုက်တက်အပါအဝင် စိတ်ဝင်စားနေတဲ့ကလပ်တွေကို သတိပေးပြောဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဟာ စပါးနဲ့ပွဲက အရှုံးကိုတုံ့ပြန်ဖို့အတွက် နယူးကာဆယ်နဲ့ပွဲမှာ အယုံကြည်ရဆုံး ကစားသမားတွေ ထည့်သုံးလာမှာဖြစ်သလို ကွင်းလယ်မှာ အင်အားဖြည့်ပေးပြီး တိုက်စစ် ပံ့ပို့းမှုလုပ်နိုင်တဲ့ ဗန်ဒီဘိခ်ကို နေရာပေးသင့်တယ်လို့ ချက်ဒ်ဝစ်ခ်က အကြံပေးခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ရုန်းကန်နေရတဲ့ ကြယ်ပွင့်တွေဟာ တကယ်အလုပ်မလုပ်ပဲ ရသလောက်နဲ့ ကျေနပ်နေကြသလို လစာညာယူနေတာမျိုးဖြစ်ပြီး သူတို့တွေအနေနဲ့ ဘရူနိုဖာနန်ဒက်စ် လိုမျိုး အလုပ်ကြိုးစားသင့်တယ်လို့ ပေါလ်ပါကာက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်နဲ့ အိမ်မက်အကြောင်းဖွင့်ဟခဲ့ပေမယ့် စပိန်ကလပ်က သူ့ကိုခေါ်ဖို့ မကြိုးစားသေးတာနဲ့အတူ အဲ့ဒီ့အစား ဘာစီလိုနာက စိတ်ဝင်စားနေပြီး ပေါ့ဘာကလဲ ကတ်တလန်ကို အလွတ်ပြောင်းရွှေ့ဖို့ အလိုရှိနေတယ်လို့သိရပါတယ်။

ZAWGYI

ယူႏိုက္တက္ ကစားသမားသစ္ ပယ္လီစထြီဟာ အသင္းနဲ႔ ေလ့က်င့္ေရးဆင္းေနကာ စေနေန႔ နယူးကာဆယ္နဲ႔ပြဲမွာ ကလပ္အတြက္ ပြဲဦးထြက္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ သူက ရက္ရွ္ဖို႔ဒ္၊ မာရွယ္၊ ဂရင္းဝုဒ္တို႔နဲ႔ တြဲကစားဖို႔ မေစာင့္ႏိုင္ေအာင္ျဖစ္ေနၿပီလို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

မက္ဂြဲရားဟာ ကလပ္ေရာ ႏိုင္ငံအတြက္ပါ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတဲ့ၾကားက ဒိန္းမတ္နဲ႔ပြဲမွာ အနီကဒ္ျပသခံခဲ့ရတယ္။ သူက ကြင္းတြင္း ကြင္းျပင္မွာ ခက္ခဲတဲ့အခ်ိန္ေတြကို ရင္ဆိုင္ေနရေပမယ့္ ခဏ အနားယူဖို႔ စိတ္မဝင္စားပဲ ကလပ္ရဲ႕ ပြဲထြက္စာရင္းမွာ ေနရာရလိုေနဆဲ ျဖစ္ပါတယ္။

ရီယိုဖာဒီနန္ကေတာ့ ႐ုန္းကန္ေနရတဲ့ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားကို အနားေပးထားရင္ ေကာင္းမယ္လို႔ အႀကံျပဳခဲ့ၿပီး သူ႔ကိုယ္သူ တည္ၿငိမ္မႈရဖို႔နဲ႔ ယုံၾကည္မႈျပန္ရရွိဖို႔ အခ်ိန္ေပးထားသင့္တယ္လို႔ ဆိုးလ္ရွားကို တိုက္တြန္းခဲ့ပါတယ္။

႐ိုမဲ႐ိုးဟာ တတိယဦးစားေပးကစားသမား ျဖစ္လာတဲ့ေနာက္ ယူႏိုက္တက္ကေန ထြက္ခြာဖို႔ ျမန္ျမန္အလိုရွိေနသလို ၎ရဲ႕ ပေရာ္ဖက္ရွင္နယ္ဘဝ စတင္ခဲ့ရာ ေရးဆင္းကလပ္က သူ႔ကိုျပန္ေခၚဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ေဒါ့မြန္ဟာ ဆန္ခ်ိဳကို သူတို႔ေတာင္းဆိုတဲ့ေဈးထက္ ဘယ္ေလာက္ပဲ ပိုေပးေပး ဇန္နဝါရီမွာ ေရာင္းခ်မွာမဟုတ္ဘူးလို႔ ဆိုၿပီး ေနာက္ေႏြရာသီမွ စဥ္းစားမွာျဖစ္တယ္လို႔ ယူႏိုက္တက္အပါအဝင္ စိတ္ဝင္စားေနတဲ့ကလပ္ေတြကို သတိေပးေျပာဆိုခဲ့ပါတယ္။

ဆိုးလ္ရွားဟာ စပါးနဲ႔ပြဲက အရႈံးကိုတုံ႔ျပန္ဖို႔အတြက္ နယူးကာဆယ္နဲ႔ပြဲမွာ အယုံၾကည္ရဆုံး ကစားသမားေတြ ထည့္သုံးလာမွာျဖစ္သလို ကြင္းလယ္မွာ အင္အားျဖည့္ေပးၿပီး တိုက္စစ္ ပံ့ပို႔းမႈလုပ္ႏိုင္တဲ့ ဗန္ဒီဘိခ္ကို ေနရာေပးသင့္တယ္လို႔ ခ်က္ဒ္ဝစ္ခ္က အႀကံေပးခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ ႐ုန္းကန္ေနရတဲ့ ၾကယ္ပြင့္ေတြဟာ တကယ္အလုပ္မလုပ္ပဲ ရသေလာက္နဲ႔ ေက်နပ္ေနၾကသလို လစာညာယူေနတာမ်ိဳးျဖစ္ၿပီး သူတို႔ေတြအေနနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ လိုမ်ိဳး အလုပ္ႀကိဳးစားသင့္တယ္လို႔ ေပါလ္ပါကာက ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ေပါ့ဘာဟာ ရီးရဲလ္မက္ဒရစ္နဲ႔ အိမ္မက္အေၾကာင္းဖြင့္ဟခဲ့ေပမယ့္ စပိန္ကလပ္က သူ႔ကိုေခၚဖို႔ မႀကိဳးစားေသးတာနဲ႔အတူ အဲ့ဒီ့အစား ဘာစီလိုနာက စိတ္ဝင္စားေနၿပီး ေပါ့ဘာကလဲ ကတ္တလန္ကို အလြတ္ေျပာင္းေ႐ႊ႕ဖို႔ အလိုရွိေနတယ္လို႔သိရပါတယ္။