ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (16/10/20)

အာဆင်နယ်ဟာ စနေနေ့မှာ မန်စီးတီးနဲ့ တွေ့ဆုံရဖို့ ရှိနေပြီး တီရာနေးက ဆေးစစ်မှု နက်ဂတစ်ပြခဲ့ပေမယ့် အသင်းထံ ပြန် မရောက်လာသေးဘဲ ရှိပါတယ်။ အာတီတာ ကတော့ ဆလီဘာ တစ်ယောက် ဒီပွဲအမှီ မြောက်လန်ဒန်ကို ပြန်ခွင့်ရရှိဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ် လူငယ် ကစားသမား ဖိုလာရင် ဘယ်လာဂန်ဟာ ဒီနှစ် အသင်းကြီးမှာ ပါဝင်ရဖို့ မရှိတာနဲ့အတူ ယနေ့ ပြည်တွင်းအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အာဆင်နယ်ကနေ အငှားနဲ့ ထွက်ခွာရဖို့ ရှိနေပါတယ်။

အိုဇေးဟာ အာတီတာရဲ့ ယူရိုပါလိဂ် လူစာရင်းနေက ချန်လှပ်ခံခဲ့ရပေမယ့် အာဆင်နယ်မှာပဲ စာချုပ် သက်တမ်း ကုန်တဲ့အထိ နေမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာနဲ့အတူ ပရီးမီးယားလိဂ် လူစာရင်းမှာလဲ ထပ်မံ ချန်ထားခံရနိုင်ဖွယ် ရှိပါတယ်။

အာဆင်နယ်ဟာ သူတို့အသင်းကို လူအင်အားလျှော့ချဖို့ စတင် စဉ်းစားနေတာနဲ့အတူ ကိုလာဆီနက်ကို ရောင်းချဖို့ ရိုးမားထံ ကမ်းလှမ်းမှု လုပ်ခဲ့ပြီး ကလန်ချန်ဘားစ်၊ မူစတာဖီတို့နဲ့အတူ ဇန်နဝါရီမှာ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်ဟာ ပြည်တွင်း အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ရီးဒင်းရဲ့ မိုက်ကယ် အိုလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကနဦး ပေါင် ၅သန်းကမ်းလှမ်းမှုက ပယ်ချခံခဲ့ရတဲ့နောက် ပိုမြင့်မားတဲ့ကမ်းလှမ်းမှု လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အာတီတာဟာ အာဆင်နယ် နည်းပြနေရာကို ကံကောင်းလို့ ရခဲ့တာဖြစ်တယ်လို့ ဝင်းဂါးက ပြောဆိုခဲ့ပေမယ့် ဂန်းနားအသင်းခေါင်းဆောင်ဟောင်းဟာ အောင်မြင်မှုရဖို့ လိုအပ်တဲ့အရည်အချင်းနဲ့ စိတ်အား ထက်သန်မှု ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

အာတီတာဟာ အာဆင်နယ်ရဲ့ မန်နေဂျာနဲ့ နည်းပြချုပ် ရာထူးရခဲ့ပေမယ့် စာချုပ် ကမ်းလှမ်းမှု မရခဲ့ဘဲ ၎င်းက စာချုပ်သစ်ချုပ်ဖို့ အလိုရှိနေပေမယ့် ကလပ်ဘက်က အရင် ကမ်းလှမ်းလာဖို့ လိုတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဝီလီယံ ဆလီဘာဟာ ချန်ပီယံရှစ်ကို အငှားထွက် ကစားဖို့ ချိတ်ဆက်မှု ရှိခဲ့ပေမယ့်လဲ နည်းပြ အာတီတာကတော့ ဆလီဘာကို အမ်းမရိတ်စ်မှာ ဆက်ရှိနေစေချင်တာကြောင့် အငှားချမှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ဟာ စေနေန႔မွာ မန္စီးတီးနဲ႔ ေတြ႕ဆုံရဖို႔ ရွိေနၿပီး တီရာေနးက ေဆးစစ္မႈ နက္ဂတစ္ျပခဲ့ေပမယ့္ အသင္းထံ ျပန္ မေရာက္လာေသးဘဲ ရွိပါတယ္။ အာတီတာ ကေတာ့ ဆလီဘာ တစ္ေယာက္ ဒီပြဲအမီွ ေျမာက္လန္ဒန္ကို ျပန္ခြင့္ရရွိဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အာဆင္နယ္ လူငယ္ ကစားသမား ဖိုလာရင္ ဘယ္လာဂန္ဟာ ဒီႏွစ္ အသင္းႀကီးမွာ ပါဝင္ရဖို႔ မရွိတာနဲ႔အတူ ယေန႔ ျပည္တြင္းအေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ အာဆင္နယ္ကေန အငွားနဲ႔ ထြက္ခြာရဖို႔ ရွိေနပါတယ္။

အိုေဇးဟာ အာတီတာရဲ႕ ယူ႐ိုပါလိဂ္ လူစာရင္းေနက ခ်န္လွပ္ခံခဲ့ရေပမယ့္ အာဆင္နယ္မွာပဲ စာခ်ဳပ္ သက္တမ္း ကုန္တဲ့အထိ ေနမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့တာနဲ႔အတူ ပရီးမီးယားလိဂ္ လူစာရင္းမွာလဲ ထပ္မံ ခ်န္ထားခံရႏိုင္ဖြယ္ ရွိပါတယ္။

အာဆင္နယ္ဟာ သူတို႔အသင္းကို လူအင္အားေလွ်ာ့ခ်ဖို႔ စတင္ စဥ္းစားေနတာနဲ႔အတူ ကိုလာဆီနက္ကို ေရာင္းခ်ဖို႔ ႐ိုးမားထံ ကမ္းလွမ္းမႈ လုပ္ခဲ့ၿပီး ကလန္ခ်န္ဘားစ္၊ မူစတာဖီတို႔နဲ႔အတူ ဇန္နဝါရီမွာ ေရာင္းခ်ဖို႔ ျပင္ဆင္ေနပါတယ္။

အာဆင္နယ္ဟာ ျပည္တြင္း အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ ရီးဒင္းရဲ႕ မိုက္ကယ္ အိုလစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ကနဦး ေပါင္ ၅သန္းကမ္းလွမ္းမႈက ပယ္ခ်ခံခဲ့ရတဲ့ေနာက္ ပိုျမင့္မားတဲ့ကမ္းလွမ္းမႈ လုပ္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

အာတီတာဟာ အာဆင္နယ္ နည္းျပေနရာကို ကံေကာင္းလို႔ ရခဲ့တာျဖစ္တယ္လို႔ ဝင္းဂါးက ေျပာဆိုခဲ့ေပမယ့္ ဂန္းနားအသင္းေခါင္းေဆာင္ေဟာင္းဟာ ေအာင္ျမင္မႈရဖို႔ လိုအပ္တဲ့အရည္အခ်င္းနဲ႔ စိတ္အား ထက္သန္မႈ ရွိတယ္လို႔ ဝန္ခံခဲ့ပါတယ္။

အာတီတာဟာ အာဆင္နယ္ရဲ႕ မန္ေနဂ်ာနဲ႔ နည္းျပခ်ဳပ္ ရာထူးရခဲ့ေပမယ့္ စာခ်ဳပ္ ကမ္းလွမ္းမႈ မရခဲ့ဘဲ ၄င္းက စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အလိုရွိေနေပမယ့္ ကလပ္ဘက္က အရင္ ကမ္းလွမ္းလာဖို႔ လိုတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ဝီလီယံ ဆလီဘာဟာ ခ်န္ပီယံရွစ္ကို အငွားထြက္ ကစားဖို႔ ခ်ိတ္ဆက္မႈ ရွိခဲ့ေပမယ့္လဲ နည္းျပ အာတီတာကေတာ့ ဆလီဘာကို အမ္းမရိတ္စ္မွာ ဆက္ရွိေနေစခ်င္တာေၾကာင့္ အငွားခ်မွာ မဟုတ္ဘူးလို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။