တနင်္ဂနွေနေ့ နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းတိုများ

UNICODE – မန်နေဂျာ ယာဂင်ကလော့ပ်က နောက်လတွေမှာ ပြန်လည် စတင်တော့မယ့် ပရီးမီးယားလိဂ်ပွဲတွေအတွက် အသင်းသားတွေရဲ့ ကြံ့ခိုင်မှု အဆင်သင့်ဖြစ်နေစေရမယ်လို့ ကတိပေးစကား ပြောဆိုခဲ့ပါတယ်။

မနေ့က ပြန်စတင်ကစားတဲ့ ဘွန်ဒက်လီဂါပွဲကို အားပေးနေကြောင်း သူမရဲ့ လူမှုကွန်ယက်ကနေ ဖော်ပြမှု ပြုလုပ်သွားတဲ့ လီဗာပူးပိုင်ရှင် ဂျွန်ဟင်နရီရဲ့ ဇနီးဖြစ်သူ လင်ဒါကို ဆန်ချိုကို ခေါ်ယူပေးပါလို့ ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။

ပရီးမီးယားလိဂ်ကို ဇွန်လဝက် (သို့) ဇွန်လနောင်းပိုင်း ကာလတွေမှာ ပြန်လည်စတင်နိုင်ဖို့ ပြင်ဆင်နေကြပြီး တနင်္လာနေ့မှာတော့ လေ့ကျင့်ရေး ပြန်စရက်ကို မဲခွဲမှု ပြုလုပ်ကြမှာဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ပြန်စနိုင်ခြင်းက လီဗာပူးကို ချန်ပီယံဖြစ်စေဖို့အပြင် အယ်လီဆန်၊ ရှာကွီရီ၊ မီနာမီနို၊ ကီတာ၊ ကာတစ်ဂျုံးလို အသင်းသားတွေကို ကြံ့ခိုင်မှုကောင်းကောင်းနဲ့ အသားကျနေစေဖို့ဆိုတဲ့ အကျိုးအမြတ် ရစေမယ်လို့ ယူဆထားရပါတယ်။

၂၀၁၈ တုန်းက လီဗာပူးတိုက်စစ်မှူးဆာလက်ကို လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က ခေါ်ယူူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အီဂျစ်သားက ငြင်းဆန်ပြီး မာဆေးဆိုဒ်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

တစ်လကျော်ကြာ ရပ်နားထားရတဲ့ ဘွန်ဒက်လီဂါပွဲတွေကို မနေ့က ပြန်စခဲ့ပြီး ဟာသာဘာလင်အသင်းထဲ အငှားထွက်နေတဲ့ ကွင်းလယ်လူ ဂရုဂျစ်ကတော့ ပထမဆုံး ပြန်ကစားရတဲ့ ပွဲမှာလည်း ခြေစွမ်းကောင်းတွေ ပြသခဲ့ပြန်ပါတယ်။

မော်ရင်ညို ကိုင်တွယ်နေစဉ် ချယ်ဆီးအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့ပေမယ့် လီဗာပူးနဲ့ ပရိသတ်တွေကို ချစ်မြတ်နိုးလွန်းတာကြောင့် အသင်းမပြောင်းခဲ့ခြင်းလို့ စတီဗင်ဂျရတ်က ထုတ်ပြောလာပါတယ်။

ကစားသမားဟောင်းကြီး ကာရေဂါက ပရီးမီးယားလိဂ်လေ့ကျင့်ရေးကွင်းတွေလောက် လုံခြုံစိတ်ချရမယ့် နေရာမျိုး မရှိနိုင်ပါဘူးလို့ လိဂ်ပြန်စရေးကို ငြင်းဆန်နေမှုအပေါ် မှတ်ချက်ပေးလိုက်ပါတယ်။

မကြာတော့တဲ့ အချိန်မှာ ဘာစီလိုနာဟာ တိုက်စစ်မှူးဆွာရက်စ်နေရာမှာ အစားထိုးစရာ စတင်ကာ ရှာဖွေရတော့မှာဖြစ်ပြီး သူ့နေရာအတွက် မာနေးကို ခေါ်ယူမယ်ဆိုပါက ဘာကာကစားဟန်နဲ့ ကိုက်ဖွယ်မရှိဘူးလို့ ဇာဗီက ထုတ်ပြောလိုက်ပါတယ်။

ZAWGYI – မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ေနာက္လေတြမွာ ျပန္လည္ စတင္ေတာ့မယ့္ ပရီးမီးယားလိဂ္ပြဲေတြအတြက္ အသင္းသားေတြရဲ႕ ၾကံ႕ခိုင္မႈ အဆင္သင့္ျဖစ္ေနေစရမယ္လို႔ ကတိေပးစကား ေျပာဆိုခဲ့ပါတယ္။

မေန႔က ျပန္စတင္ကစားတဲ့ ဘြန္ဒက္လီဂါပြဲကို အားေပးေနေၾကာင္း သူမရဲ႕ လူမႈကြန္ယက္ကေန ေဖာ္ျပမႈ ျပဳလုပ္သြားတဲ့ လီဗာပူးပိုင္ရွင္ ဂၽြန္ဟင္နရီရဲ႕ ဇနီးျဖစ္သူ လင္ဒါကို ဆန္ခ်ိဳကို ေခၚယူေပးပါလို႔ ပရိသတ္ေတြက ေတာင္းဆိုေနၾကပါတယ္။

ပရီးမီးယားလိဂ္ကို ဇြန္လဝက္ (သို႔) ဇြန္လေနာင္းပိုင္း ကာလေတြမွာ ျပန္လည္စတင္ႏုိင္ဖို႔ ျပင္ဆင္ေနၾကျပီး တနလၤာေန႔မွာေတာ့ ေလ့က်င့္ေရး ျပန္စရက္ကို မဲခြဲမႈ ျပဳလုပ္ၾကမွာျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို ျပန္စႏုိင္ျခင္းက လီဗာပူးကို ခ်န္ပီယံျဖစ္ေစဖို႔အျပင္ အယ္လီဆန္၊ ရွာကီြရီ၊ မီနာမီႏို၊ ကီတာ၊ ကာတစ္ဂ်ံဳးလို အသင္းသားေတြကို ၾကံ႕ခိုင္မႈေကာင္းေကာင္းနဲ႔ အသားက်ေနေစဖို႔ဆိုတဲ့ အက်ိဳးအျမတ္ ရေစမယ္လို႔ ယူဆထားရပါတယ္။

၂၀၁၈ တုန္းက လီဗာပူးတိုက္စစ္မွဴးဆာလက္ကို လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္က ေခၚယူူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ အီဂ်စ္သားက ျငင္းဆန္ျပီး မာေဆးဆိုဒ္မွာ ဆက္ေနဖို႔ ေရြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။

တစ္လေက်ာ္ၾကာ ရပ္နားထားရတဲ့ ဘြန္ဒက္လီဂါပြဲေတြကို မေန႔က ျပန္စခဲ့ျပီး ဟာသာဘာလင္အသင္းထဲ အငွားထြက္ေနတဲ့ ကြင္းလယ္လူ ဂရုဂ်စ္ကေတာ့ ပထမဆံုး ျပန္ကစားရတဲ့ ပြဲမွာလည္း ေျခစြမ္းေကာင္းေတြ ျပသခဲ့ျပန္ပါတယ္။

ေမာ္ရင္ညိဳ ကိုင္တြယ္ေနစဥ္ ခ်ယ္ဆီးအသင္းက ေခၚယူဖို႔ ကမ္းလွမ္းလာခဲ့ေပမယ့္ လီဗာပူးနဲ႔ ပရိသတ္ေတြကို ခ်စ္ျမတ္ႏိုးလြန္းတာေၾကာင့္ အသင္းမေျပာင္းခဲ့ျခင္းလို႔ စတီဗင္ဂ်ရတ္က ထုတ္ေျပာလာပါတယ္။

ကစားသမားေဟာင္းၾကီး ကာေရဂါက ပရီးမီးယားလိဂ္ေလ့က်င့္ေရးကြင္းေတြေလာက္ လံုျခံဳစိတ္ခ်ရမယ့္ ေနရာမ်ိဳး မရွိႏုိင္ပါဘူးလို႔ လိဂ္ျပန္စေရးကို ျငင္းဆန္ေနမႈအေပၚ မွတ္ခ်က္ေပးလိုက္ပါတယ္။

မၾကာေတာ့တဲ့ အခ်ိန္မွာ ဘာစီလိုနာဟာ တိုက္စစ္မွဴးဆြာရက္စ္ေနရာမွာ အစားထိုးစရာ စတင္ကာ ရွာေဖြရေတာ့မွာျဖစ္ျပီး သူ႔ေနရာအတြက္ မာေနးကို ေခၚယူမယ္ဆိုပါက ဘာကာကစားဟန္နဲ႔ ကိုက္ဖြယ္မရွိဘူးလို႔ ဇာဗီက ထုတ္ေျပာလိုက္ပါတယ္။