ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (16/10/20)

ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ စိတ်ဝင်စားကြောင်း ဖွင့်ဟထားတဲ့ ပေါ့ဘာနဲ့ ပတ်သတ်ပြီး ဆိုးရှားကတော့ ပေါ့ဘာ က ၎င်းတို့ ကစားသမားပဲ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ကာ ပေါ့ဘာဟာ စာချုပ်ပါအတိုင်း နောက်နှစ်နှစ် ယူနိုက်တက်မှာ ဆက်ရှိနေမယ်လို့ ဆိုလိုက်ပါတယ်။

အပြောင်းအရွှေ့ ပိတ်ရက်မှာ ယူနိုက်တက် ခေါ်ယူဖြစ်လိုက်တဲ့ ဆယ်ကျော်သက် လူငယ်တိုက်စစ်သမားလေး ပယ်လစ္စထရီ ကို ဆိုးရှားက မန်ချက်စတာ ယူနိုက်တက် ပထမအသင်းကြီးထံ ခေါ်ယူကာ ထည့်သုံးသွားမှာ ဖြစ်ပါတယ်။

ဒီတလောမှာ ဖိအားတွေများနေတဲ့ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရား ကို ခေတ္တ အနားပေးထားဖို့ နည်းပြ ဆိုးရှားအား ရီယို ဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။ မက်ဂွဲရားဟာ ရာသီကြိုကာလက အမှုရင်ဆိုင်ရတဲ့ အဖြစ်အပျက်အပြင် ကလပ်အသင်းမှာရော နိုင်ငံအသင်းနဲ့ပါ အမှားတွေ ကျူးလွန်မိတာကြောင့် ဝေဖန်ခံနေရပါတယ်။

ဟယ်ရီ မက်ဂွဲရားဟာ အင်္ဂလန်နဲ့ နောက်ဆုံး ကစားထားတဲ့ပွဲမှာ မထုတ်ပယ်ခံရခင်က အနည်းငယ် နာကျင်မှု ရှိနေတာကြောင့် ဒဏ်ရာ ရမှာ စိုးရိမ်နေရကြောင်း ဆိုးရှားက ပွဲကြိုမှာ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ နိုင်ငံအသင်းတွေက ပြန်လာတဲ့ ကစားသမားတွေကိုလည်း ပွဲကစားဖို့ စစ်ဆေး စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ စပါးနဲ့ ရှုံးပွဲကြီး ရလဒ်ကို နယူးကာဆယ်နဲ့ ပွဲမှာ ယူနိုကတက် အသင်းသားတွေက ပြန်လည် တုန့်ပြန်တာ မြင်ချင်ကြောင်း နည်းပြ ဆိုးရှားက ဆိုလိုက်ကာ အကောင်းဘက်က ရှိတဲ့ ကိုယ် စိတ်နှလုံး နဲ့ အသင်းအတွက် ကစားတာ မြင်လိုကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူနိုင်လိုက်တာဟာ ယူနိုက်တက် အနေနဲ့ နောက်ထပ် ဇာလက်တန် အေဗရာမိုဗစ်ချ် လို ဂရိတ် တိုက်စစ်မှူးကြီး တစ်ယောက် ရရှိလိုက်တာ ဖြစ်တယ်လို့ ဖော်လန်က ထောက်ခံ လိုက်ပါတယ်။

Zawgyi – ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ စိတ်ဝင်စားကြောင်း ဖွင့်ဟထားတဲ့ ပေါ့ဘာနဲ့ ပတ်သတ်ပြီး ဆိုးရှားကတော့ ပေါ့ဘာ က ၄င်းတို့ ကစားသမားပဲ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ကာ ပေါ့ဘာဟာ စာချုပ်ပါအတိုင်း နောက်နှစ်နှစ် ယူနိုက်တက်မှာ ဆက်ရှိနေမယ်လို့ ဆိုလိုက်ပါတယ်။




တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူနိုင်လိုက်တာဟာ ယူနိုက်တက် အနေနဲ့ နောက်ထပ် ဇာလက်တန် အေဗရာမိုဗစ်ခ်ျ လို ဂရိတ် တိုက်စစ်မှူးကြီး တစ်ယောက် ရရှိလိုက်တာ ဖြစ်တယ်လို့ ဖော်လန်က ထောက်ခံ လိုက်ပါတယ်။