ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (17/10/20)

ကွင်းလယ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက် နည်းပြဆိုးလ်ရှားနဲ့ ပြဿနာတက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့နောက် လာလီဂါထိပ်သီးတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က အခွင့်အရေးရတာနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။

မက်ဂွဲရားဟာ ဒဏ်ရာပြဿနာနဲ့ ဝေဖန်မှုတွေကြောင့် ဖိအားတွေ များနေပေမယ့်လည်း စနေနေ့ နယူးကာဆယ်နဲ့ပွဲအတွက် စိန့်ဂျိမ်းစ်ပက်ခ်ကို သွားခဲ့တဲ့ ယူနိုက်တက် အသင်းမှာ အဲလက်စ် တဲလက်စ်နဲ့ မက်ဂွဲရားတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နွေ အပြောင်းအရွှေ့မှာ ပရိသတ်တွေ မျှော်လင့်သလို မဖြစ်ခဲ့တဲ့နောက် အဒ်ဝုဒ်ဝဒ်နဲ့ ဂလေဇာ မိသားစုဟာ ဝေဖန်ခံခဲ့ရပေမယ့် ဆိုးလ်ရှားကတော့ အသင်း အခြေအနေ မပြောင်းလဲလာရင် သူ့ကိုသာ အပြစ်တင်ရမှာပါ လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ရလဒ်တွေက အကောင်းမြင်စရာမရှိတာနဲ့ အတူ ဆိုးလ်ရှားဟာ ရာသီမကုန်ခင် ထုတ်ပယ်ခံရလိမ့်မယ်လို့ ဒန်နီမာဖီက ဟောကိန်းထုတ်ခဲ့ပြီး ဒီရာသီမှာ ယူနိုက်တက်ဟာ အဆင့် ၄ အတွင်း ဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ကစားသမားသစ် ကာဗာနီရဲ့ အတွေ့အကြုံနဲ့ အရည်အသွေးကို ချီးကျူးခဲ့ပြီး ဝါရင့်တိုက်စစ်မှူးဟာ သွင်းဂိုးတွေနဲ့အတူ ဒီရာသီကလပ်အတွက် နိုင်ပွဲတွေရရှိအောင် ကူညီပေးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပေါ့ဘာဟာ ဒီရာသီကုန်မှာ စာချုပ် သက်တမ်းကုန်ဖို့ရှိခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ အရိပ်အမြွက် ပြောကြားခဲ့ပေမယ့် ယူနိုက်တက်က စာချုပ်ပါ တစ်နှစ် ထပ်တိုးခွင့်ကို အသက်သွင်းခဲ့တာကြောင့် ၂၀၂၂ မတိုင်ခင် အထိ ကလပ်မှာ ဆက်ရှိသွားတော့မှာပါ။

Zawgyi – ကြင္းလယ္သမား ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ နည္းျပဆိုးလ္ရွားနဲ႔ ျပႆနာတက္ခဲ့တယ္ဆိုတဲ့ သတင္းေတြ ထြက္လာတဲ့ေနာက္ လာလီဂါထိပ္သီးေတြ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔က အခြင့္အေရးရတာနဲ႔ သူ႔ကို ေခၚယူႏိုင္ဖို႔ ျပင္ဆင္ေနပါတယ္။

မက္ဂြဲရားဟာ ဒဏ္ရာျပႆနာနဲ႔ ေဝဖန္မႈေတြေၾကာင့္ ဖိအားေတြ မ်ားေနေပမယ့္လည္း စေနေန႔ နယူးကာဆယ္နဲ႔ပြဲအတြက္ စိန္႔ဂ်ိမ္းစ္ပက္ခ္ကို သြားခဲ့တဲ့ ယူႏိုက္တက္ အသင္းမွာ အဲလက္စ္ တဲလက္စ္နဲ႔ မက္ဂြဲရားတို႔ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

ေႏြ အေျပာင္းအေ႐ႊ႕မွာ ပရိသတ္ေတြ ေမွ်ာ္လင့္သလို မျဖစ္ခဲ့တဲ့ေနာက္ အဒ္ဝုဒ္ဝဒ္နဲ႔ ဂေလဇာ မိသားစုဟာ ေဝဖန္ခံခဲ့ရေပမယ့္ ဆိုးလ္ရွားကေတာ့ အသင္း အေျခအေန မေျပာင္းလဲလာရင္ သူ႔ကိုသာ အျပစ္တင္ရမွာပါ လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ ရလဒ္ေတြက အေကာင္းျမင္စရာမရွိတာနဲ႔ အတူ ဆိုးလ္ရွားဟာ ရာသီမကုန္ခင္ ထုတ္ပယ္ခံရလိမ့္မယ္လို႔ ဒန္နီမာဖီက ေဟာကိန္းထုတ္ခဲ့ၿပီး ဒီရာသီမွာ ယူနိုက္တက္ဟာ အဆင့္ ၄ အတြင္း ဝင္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ကစားသမားသစ္ ကာဗာနီရဲ႕ အေတြ႕အႀကဳံနဲ႔ အရည္အေသြးကို ခ်ီးက်ဴးခဲ့ၿပီး ဝါရင့္တိုက္စစ္မႉးဟာ သြင္းဂိုးေတြနဲ႔အတူ ဒီရာသီကလပ္အတြက္ ႏိုင္ပြဲေတြရရွိေအာင္ ကူညီေပးႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ေပါ့ဘာဟာ ဒီရာသီကုန္မွာ စာခ်ဳပ္ သက္တမ္းကုန္ဖို႔ရွိခဲ့ၿပီး အသင္းကေန ထြက္ခြာဖို႔ အရိပ္အႁမြက္ ေျပာၾကားခဲ့ေပမယ့္ ယူႏိုက္တက္က စာခ်ဳပ္ပါ တစ္နွစ္ ထပ္တိုးခြင့္ကို အသက္သြင္းခဲ့တာေၾကာင့္ ၂၀၂၂ မတိုင္ခင္ အထိ ကလပ္မွာ ဆက္ရွိသြားေတာ့မွာပါ။