ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (17/10/20)

ဒေးဗစ်မိုယက်စ် က ၎င်း ယူနိုက်တက် နည်းပြ ဖြစ်လာတဲ့ ကာလ အစပိုင်းမှာ ဝေးစ်တိုက်စစ်ကြယ်ပွင့် ဂါရတ် ဘေးလ်ကို ခေါ်ယူဖို့ အခွင့်ကောင်းရခဲ့ပေမယ့် ဘေးလ်က ရီးရဲလ် မက်ဒရစ်ကို သွားဖို့သာ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဝါရင့် တိုက်စစ်မှူး ကာဗာနီ ရောက်လာပြီး ယူနိုက်တက် တိုက်စစ်ကို အားဖြည့်လိုက်ပြီ ဖြစ်တာကြောင့် အသင်း ပေါက်ကွဲအားက အကောင်းဆုံး ဖြစ်လာနိုင်ပြီး တစ်ရာသီ ဖလား နှစ်လုံး သုံးလုံးထိပါ ယူနိုင်လာမယ်လို့ မျှော်လင့်ကြောင်း တိုက်စစ်မှူး ရက်ဖို့ဒ်က ပြောဆိုလိုက်ပါတယ်။

ဆိုးလ်ရှား အနေနဲ့ ရုန်းကန်နေရတဲ့ နောက်ခံလူ မက်ဂွဲရားရဲ့ အခြေအနေကို ပြောင်းလဲပေးဖို့အတွက် အာဆင်ဝင်းဂါးကို အတုယူပြီး ကစားသမားရဲ့ ဖခင်လို ဖေးမကူညီပြီး ယုံကြည်ရတဲ့သူဖြစ်သင့်တယ်လို့ ရေးပါလာက အကြံပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ၂၁ ရက် အတွင်း ၇ ပွဲ ကစားရမှာဖြစ်သလို ဒါဟာ ဆိုးလ်ရှားရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ ခြိမ်းခြောက်လာမှာဆိုပေမယ့် ဆိုးလ်ရှားကတော့ မိမိဟာ နည်းပြနေရာ အတွက် သင့်တော်တဲ့သူ ဆိုတာ သက်သေပြသွားမယ် လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဘက်မှ ကြယ်ပွင့် တိုက်စစ်မှူး နေမာ ပါဝင် ကစားနိုင်မှာ ဖြစ်ကြောင်း နည်းပြ သောမတ်စ် တူချယ်က အတည်ပြု ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် လူငယ်တိုက်စစ်သမားလေး မေဆန် ဂရင်းဝုဒ်က မာရှယ် ပွဲပယ်မိနေပြီး တိုက်စစ်မှူးသစ် ကာဗာနီ ရောက်လာတဲ့နောက် လာမယ့် သီတင်းပတ်များမှာ သူနဲ့ ရက်ဖို့ဒ်တို့ နှစ်ဦးက အသင်း အတွက် သွင်းဂိုးတွေ ပိုယူပေးဖို့ အာရုံစိုက်ရန် ဆုံးဖြတ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ေဒးဗစ္မိုယက္စ္ က ၄င္း ယူနိုက္တက္ နည္းျပ ျဖစ္လာတဲ့ ကာလ အစပိုင္းမွာ ေ၀းစ္တိုက္စစ္ၾကယ္ပြင့္ ဂါရတ္ ေဘးလ္ကို ေခၚယူဖို႔ အခြင့္ေကာင္းရခဲ့ေပမယ့္ ေဘးလ္က ရီးရဲလ္ မက္ဒရစ္ကို သြားဖို႔သာ ဆံုးျဖတ္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

၀ါရင့္ တိုက္စစ္မွဴး ကာဗာနီ ေရာက္လာျပီး ယူနိုက္တက္ တိုက္စစ္ကို အားျဖည့္လိုက္ျပီ ျဖစ္တာေၾကာင့္ အသင္း ေပါက္ကြဲအားက အေကာင္းဆံုး ျဖစ္လာနိုင္ျပီး တစ္ရာသီ ဖလား နွစ္လံုး သံုးလံုးထိပါ ယူနိုင္လာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း တိုက္စစ္မွဴး ရက္ဖို႔ဒ္က ေျပာဆိုလိုက္ပါတယ္။

ဆိုးလ္ရွား အေနနဲ႔ ႐ုန္းကန္ေနရတဲ့ ေနာက္ခံလူ မက္ဂြဲရားရဲ႕ အေျခအေနကို ေျပာင္းလဲေပးဖို႔အတြက္ အာဆင္ဝင္းဂါးကို အတုယူၿပီး ကစားသမားရဲ႕ ဖခင္လို ေဖးမကူညီၿပီး ယုံၾကည္ရတဲ့သူျဖစ္သင့္တယ္လို႔ ေရးပါလာက အႀကံေပးခဲ့ပါတယ္။

ယူႏိုက္တက္ဟာ လာမယ့္ ၂၁ ရက္ အတြင္း ၇ ပြဲ ကစားရမွာျဖစ္သလို ဒါဟာ ဆိုးလ္ရွားရဲ႕ အနာဂတ္ကို ဆုံးျဖတ္ဖို႔ ၿခိမ္းေျခာက္လာမွာဆိုေပမယ့္ ဆိုးလ္ရွားကေတာ့ မိမိဟာ နည္းျပေနရာ အတြက္ သင့္ေတာ္တဲ့သူ ဆိုတာ သက္ေသျပသြားမယ္ လို႔ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းဘက္မွ ၾကယ္ပြင့္ တိုက္စစ္မွဴး ေနမာ ပါ၀င္ ကစားနုိင္မွာ ျဖစ္ေၾကာင္း နည္းျပ ေသာမတ္စ္ တူခ်ယ္က အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ လူငယ္တိုက္စစ္သမားေလး ေမဆန္ ဂရင္း၀ုဒ္က မာရွယ္ ပြဲပယ္မိေနျပီး တိုက္စစ္မွဴးသစ္ ကာဗာနီ ေရာက္လာတဲ့ေနာက္ လာမယ့္ သီတင္းပတ္မ်ားမွာ သူနဲ႕ ရက္ဖို႔ဒ္တို႔ နွစ္ဦးက အသင္း အတြက္ သြင္းဂိုးေတြ ပိုယူေပးဖို႔ အာရံုစိုက္ရန္ ဆံုးျဖတ္ထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။