ပရိသတ် မပါဘဲ ကွင်းပိတ် ကစားနေကြတဲ့ အပေါ် အာဆင်ဝင်းဂါး သတိပေး

အာဆင်နယ် နည်းပြ ဟောင်းကြီး ဖြစ်တဲ့ အာဆင်ဝင်းဂါး က လောလောဆယ် အနေအထားအရ ပရိသတ် မပါဝင်ဘဲ ကွင်းပိတ် ကစားတာက အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပေမယ့် ရေရှည်မှာ ဘောလုံးလောကကို ထိခိုက်လာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ဖီဖာ တာဝန်ရှိသူ တစ်ဦးလည်း ဖြစ်တဲ့ အာဆင်ဝင်းဂါး က ကွင်းပိတ် ကစားတဲ့ စနစ်က လပေါင်းများစွာ ကြာလာရင် ဘောလုံးအတွက် ဆိုးကျိုးသာ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါကို လတ်တလော အင်တာဗျူးမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

” ပရိသတ်တွေ မပါဘဲ ကစားနေတာက ရေရှည်မှာ ထိခိုက်စရာတွေ ရှိသလားဆိုရင် ကျနော်ကတော့ ရှိတယ် ဆိုတဲ့ ဘက်ကပါ။ ဒါက ရေတို ဖြေရှင်းနည်းသာ ဖြစ်နိုင်ပါတယ် ရေရှည်မှာ မဖြစ်နိုင်ဘူး။

ဒီရာသီမှာတော့ အဆုံးသတ်ဖို့ အကောင်းဆုံး နည်းလမ်းပေါ့။ ကျန်းမာရေး ရှုထောင့် ကနေ ကြည့်ရင် ကျနေ်ာတို့ စွန့်စားမှုကြီး မလုပ်နိုင်ဘူး။ ဇူလိုင် လလယ်လောက်မှာတောင် လုံး၀ စိတ်ချရလောက်မယ်လို့ ဘယ်သူမှ မယုံသေးဘူး။ ” လို့ အာဆင်ဝင်းဂါး က ပြောဆိုခဲ့ပါတယ်။

ပြင်သစ်နဲ့ နယ်သာလန်က အမှတ်ပေးလိဂ်တွေကို ရာသီဖျက်သိမ်းကာ နားလိုက်ပေမယ့် ဂျာမနီမှာတော့ ဘွန်ဒစ်လီဂါ ပွဲတွေက ကွင်းပိတ်ကာ ပြန်လည် စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။ ပရိသတ် မပါဝင်တဲ့ ကွင်းထဲမှာ ကစားသမားတွေချင်း ရင်းနှီး ပွေ့ဖက် အောင်ပွဲခံတာတွေလည်း မပါစေရဘဲ ကစားနေတာက ဆားမပါတဲ့ ဟင်းတစ်ခွက်လို ခပ်ပေါ့ပေါ့ ဖြစ်နေတာကတော့ အမှန်ပါ။

အင်္ဂလန်မှာလည်း ပရီးမီးယားလိဂ် ပွဲတွေကို ဇွန်လထဲမှာ ကွင်းပိတ် ပြန်လည် ကျင်းပဖို့ စီစဉ်နေပါတယ်။ ပရီးမီးယားလိဂ်မှာတော့ အနည်းဆုံး ဇန်နဝါရီလထိ ပရိသတ် မပါဝင်ဘဲ ကွင်းပိတ် ကစားဖို့ အစီအစဉ် ရှိနေပါတယ်။

အာဆင်ဝင်းဂါးက ဒီလို အကြပ်အတည်းကြားက ဘောလုံးပွဲတွေ ပြန် ကစားနေရတာကြောင့် လူစားလဲတာ ၅ ယောက်ထိ တိုးမြှင့်တဲ့ ကိစ္စကို သူတို့ စီမံ ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒါတွေဟာ သုံးရက်တိုင်း ဒီကစားသမားတွေချည်း ပြန် ကစားနေရတာကို သက်သာစေနိုင်မယ် မျှော်လင့်ကြောင်းလည်း ဆိုသွားခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ နည္းျပ ေဟာင္းၾကီး ျဖစ္တဲ့ အာဆင္၀င္းဂါး က ေလာေလာဆယ္ အေနအထားအရ ပရိသတ္ မပါ၀င္ဘဲ ကြင္းပိတ္ ကစားတာက အေကာင္းဆံုး ေျဖရွင္းနည္း ျဖစ္ေပမယ့္ ေရရွည္မွာ ေဘာလံုးေလာကကို ထိခိုက္လာလိမ့္မယ္လို႔ သတိေပးလိုက္ပါတယ္။

ဖီဖာ တာ၀န္ရွိသူ တစ္ဦးလည္း ျဖစ္တဲ့ အာဆင္၀င္းဂါး က ကြင္းပိတ္ ကစားတဲ့ စနစ္က လေပါင္းမ်ားစြာ ၾကာလာရင္ ေဘာလံုးအတြက္ ဆိုးက်ိဳးသာ ျဖစ္ေစလိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။ ဒါကို လတ္တေလာ အင္တာဗ်ဴးမွာ ထည့္သြင္း ေျပာၾကားခဲ့တာပါ။

” ပရိသတ္ေတြ မပါဘဲ ကစားေနတာက ေရရွည္မွာ ထိခိုက္စရာေတြ ရွိသလားဆိုရင္ က်ေနာ္ကေတာ့ ရွိတယ္ ဆိုတဲ့ ဘက္ကပါ။ ဒါက ေရတို ေျဖရွင္းနည္းသာ ျဖစ္နုိင္ပါတယ္ ေရရွည္မွာ မျဖစ္နုိင္ဘူး။ ဒီရာသီမွာေတာ့ အဆံုးသတ္ဖို႔ အေကာင္းဆံုး နည္းလမ္းေပါ့။ က်န္းမာေရး ရႈေထာင့္ ကေန ၾကည့္ရင္ က်ေန္ာတို႔ စြန္႔စားမႈၾကီး မလုပ္နိုင္ဘူး။ ဇူလိုင္ လလယ္ေလာက္မွာေတာင္ လံုး၀ စိတ္ခ်ရေလာက္မယ္လို႔ ဘယ္သူမွ မယံုေသးဘူး။ ” လို႔ အာဆင္၀င္းဂါး က ေျပာဆိုခဲ့ပါတယ္။

ျပင္သစ္နဲ႕ နယ္သာလန္က အမွတ္ေပးလိဂ္ေတြကို ရာသီဖ်က္သိမ္းကာ နားလိုက္ေပမယ့္ ဂ်ာမနီမွာေတာ့ ဘြန္ဒစ္လီဂါ ပြဲေတြက ကြင္းပိတ္ကာ ျပန္လည္ စတင္ က်င္းပေနျပီ ျဖစ္ပါတယ္။ ပရိသတ္ မပါ၀င္တဲ့ ကြင္းထဲမွာ ကစားသမားေတြခ်င္း ရင္းနွီး ေပြ႕ဖက္ ေအာင္ပြဲခံတာေတြလည္း မပါေစရဘဲ ကစားေနတာက ဆားမပါတဲ့ ဟင္းတစ္ခြက္လို ခပ္ေပါ့ေပါ့ ျဖစ္ေနတာကေတာ့ အမွန္ပါ။

အဂၤလန္မွာလည္း ပရီးမီးယားလိဂ္ ပြဲေတြကို ဇြန္လထဲမွာ ကြင္းပိတ္ ျပန္လည္ က်င္းပဖို႔ စီစဥ္ေနပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ အနည္းဆံုး ဇန္န၀ါရီလထိ ပရိသတ္ မပါ၀င္ဘဲ ကြင္းပိတ္ ကစားဖို႔ အစီအစဥ္ ရွိေနပါတယ္။

အာဆင္၀င္းဂါးက ဒီလို အၾကပ္အတည္းၾကားက ေဘာလံုးပြဲေတြ ျပန္ ကစားေနရတာေၾကာင့္ လူစားလဲတာ ၅ ေယာက္ထိ တိုးျမွင့္တဲ့ ကိစၥကို သူတို႔ စီမံ ခဲ့တာ ျဖစ္ေၾကာင္းနဲ႕ ဒါေတြဟာ သံုးရက္တိုင္း ဒီကစားသမားေတြခ်ည္း ျပန္ ကစားေနရတာကို သက္သာေစနုိင္မယ္ ေမွ်ာ္လင့္ေၾကာင္းလည္း ဆိုသြားခဲ့ပါတယ္။