ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးအသင်း သတင်းတိုများ (17/10/20)

ရိစ်ဂျိမ်းစ်ဟာ အင်္ဂလန်အတွက် ပွဲဦးထွက်မှာ အနီကတ်ထိခဲ့တဲ့အတွက် ချယ်ဆီးနည်းပြ လမ်းပတ်က စာနာကြောင်း ပြောဆိုခဲ့ပြီး ညာနောက်ခံလူအနေနဲ့ ကွင်းလယ်ဒိုင်ကို ထိပ်တိုက် ရင်ဆိုင်ခဲ့တဲ့ အမှားကနေ သင်ခန်းစာ ယူလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မနှစ်က စတန်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာသွားတဲ့ အီဒင်ဟာဇက်နေရာကို အစားထိုးဖို့အတွက် ချယ်ဆီးဟာ ဒီနွေမှာ ပေါင် သန်းပေါင်းများစွာ အကုန်အကျခံပြီး အင်အား ဖြည့်တင်းခဲ့တာ ဖြစ်တယ်လို့ နည်းပြ လမ်းပတ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေ ဘယ်အချိန် ကွင်းထဲ ပြန်ဝင်ခွင့်ရမလဲဆိုတာ တိတိကျကျ မသိရသေးတာကြောင့် လမ်းပတ်ကတော့ ဘောလုံးပွဲတွေဟာ အားပေးမယ့်ပရိသတ်တွေ လိုအပ်နေတယ်လို့ဆိုပြီး သူတို့ကို ပြန်လည် ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ချယ်ဆီးရဲ့ အမေ့ခံ ကစားသမား ဒရင့်ဝါးတားက နွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာဖို့ မအောင်မြင်ခဲ့တဲ့အပြင် ချန်ပီယံရှစ်ကလပ်တွေထံလည်း မပြောင်းရွှေ့နိုင်ခဲ့တာကြောင့် ချယ်ဆီးမှာ မကစားရဘဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီး နောက်ခံလူ ဂျိတ်ကလတ်ဆဲလ်တာဟာ စီနီယာအသင်းကြီးထံ ပူးပေါင်းခွင့် ရဖို့ ရုန်းကန်ခဲ့ရပေမယ့် ၂၀၂၂အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အခုရာသီအတွက် ဘာမင်ဂမ်မှာ အငှားသွားကစားမှာဖြစ်ကြောင်း ကလပ်က အတည်ပြု ပြောကြားခံပါတယ်။

နွေရာသီမှာ ဘတ်ဂျက်ငွေများစွာ သုံးစွဲခဲ့တဲ့ လမ်းပတ်အနေနဲ့ဒီရာသီအတွက် ဖိအားတွေများနေပေမယ့် မနှစ်ကလိုပဲ ရာသီကုန်မှာ အဆင့်လေးအတွင်း ဝင်ဖို့ အာမခံချက်ရှိတယ်လို့ ဒန်နီမာဖီက ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ဟာကင်ဇီယက်ခ်ျဟာ လေ့ကျင့်ရေးမျာ နည်းပြ အထင်ကြီးအောင် လုပ်ပြနိုင်ခဲ့သလို ယနေ့ည ဆောက်သမ်တန်ကို လက်ခံကစားရမယ့်ပွဲမှာ ပွဲဦးထွက်ခွင့် ရရှိနိုင်ဖွယ်ရှိတယ်လို့ လမ်းပတ်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ချယ်ဆီး ကစားသမားသစ်တွေထဲက သီယာဂိုဆေးဗားဟာ ဘရာဇီးနဲ့ နိုင်ငံအသင်းတာဝန်ရှိနေပြီး မန်ဒီက ဒဏ်ရာပြဿနာ ရှိနေတာကြောင့် ဒီနေ့ည ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်လာမှာမဟုတ်ဘူးလို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ရိစ္ဂ်ိမ္းစ္ဟာ အဂၤလန္အတြက္ ပြဲဦးထြက္မွာ အနီကတ္ထိခဲ့တဲ့အတြက္ ခ်ယ္ဆီးနည္းျပ လမ္းပတ္က စာနာေၾကာင္း ေျပာဆိုခဲ့ၿပီး ညာေနာက္ခံလူအေနနဲ႔ ကြင္းလယ္ဒိုင္ကို ထိပ္တိုက္ ရင္ဆိုင္ခဲ့တဲ့ အမွားကေန သင္ခန္းစာ ယူလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

မႏွစ္က စတန္းဖို႔ဒ္ဘရစ္ခ္်ကို စြန္႕ခြာသြားတဲ့ အီဒင္ဟာဇက္ေနရာကို အစားထိုးဖို႔အတြက္ ခ်ယ္ဆီးဟာ ဒီေႏြမွာ ေပါင္ သန္းေပါင္းမ်ားစြာ အကုန္အက်ခံၿပီး အင္အား ျဖည့္တင္းခဲ့တာ ျဖစ္တယ္လို႔ နည္းျပ လမ္းပတ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြ ဘယ္အခ်ိန္ ကြင္းထဲ ျပန္ဝင္ခြင့္ရမလဲဆိုတာ တိတိက်က် မသိရေသးတာေၾကာင့္ လမ္းပတ္ကေတာ့ ေဘာလုံးပြဲေတြဟာ အားေပးမယ့္ပရိသတ္ေတြ လိုအပ္ေနတယ္လို႔ဆိုၿပီး သူတို႔ကို ျပန္လည္ ခြင့္ျပဳေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ အေမ့ခံ ကစားသမား ဒရင့္ဝါးတားက ေႏြရာသီမွာ စတန္းဖို႔ဒ္ဘရစ္ခ္်ကေန ထြက္ခြာဖို႔ မေအာင္ျမင္ခဲ့တဲ့အျပင္ ခ်န္ပီယံရွစ္ကလပ္ေတြထံလည္း မေျပာင္းေ႐ႊ႕ႏိုင္ခဲ့တာေၾကာင့္ ခ်ယ္ဆီးမွာ မကစားရဘဲ ဆက္ရွိေနေတာ့မွာ ျဖစ္ပါတယ္။

ခ်ယ္ဆီး ေနာက္ခံလူ ဂ်ိတ္ကလတ္ဆဲလ္တာဟာ စီနီယာအသင္းႀကီးထံ ပူးေပါင္းခြင့္ ရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ၂၀၂၂အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီး အခုရာသီအတြက္ ဘာမင္ဂမ္မွာ အငွားသြားကစားမွာျဖစ္ေၾကာင္း ကလပ္က အတည္ျပဳ ေျပာၾကားခံပါတယ္။

ေႏြရာသီမွာ ဘတ္ဂ်က္ေငြမ်ားစြာ သုံးစြဲခဲ့တဲ့ လမ္းပတ္အေနနဲ႔ဒီရာသီအတြက္ ဖိအားေတြမ်ားေနေပမယ့္ မႏွစ္ကလိုပဲ ရာသီကုန္မွာ အဆင့္ေလးအတြင္း ဝင္ဖို႔ အာမခံခ်က္ရွိတယ္လို႔ ဒန္နီမာဖီက ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။

ဟာကင္ဇီယက္ခ္်ဟာ ေလ့က်င့္ေရးမ်ာ နည္းျပ အထင္ႀကီးေအာင္ လုပ္ျပႏိုင္ခဲ့သလို ယေန႔ည ေဆာက္သမ္တန္ကို လက္ခံကစားရမယ့္ပြဲမွာ ပြဲဦးထြက္ခြင့္ ရရွိႏိုင္ဖြယ္ရွိတယ္လို႔ လမ္းပတ္က အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီး ကစားသမားသစ္ေတြထဲက သီယာဂိုေဆးဗားဟာ ဘရာဇီးနဲ႔ ႏိုင္ငံအသင္းတာဝန္ရွိေနၿပီး မန္ဒီက ဒဏ္ရာျပႆနာ ရွိေနတာေၾကာင့္ ဒီေန႔ည ေဆာက္သမ္တန္နဲ႔ပြဲမွာ ပါဝင္လာမွာမဟုတ္ဘူးလို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။