အာဆင်နယ်ဟာ သောမတ်စ်ပါတေးရဲ့ အကောင်းဆုံး အချိန်မှာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ အာတီတာ ယုံကြည်နေပေမယ့် စနေနေ့ မန်စီးတီးနဲ့ပွဲမှာ ပွဲဦးထွက်ဖို့တော့ အဆင်သင့် မဖြစ်နိုင်သေးဘူးလို့ သတိပေး ပြောဆိုခဲ့ပါတယ်။
မန်စီးတီးနဲ့ အင်္ဂလန် နောက်ခံလူဟောင်း ရစ်ချတ်ဟာ အမ်းမရိတ်စ်မှာ အာတီတာရဲ့ နည်းပြဘဝ အောင်မြင်မှုကို အထင်ကြီးခဲ့ပေမယ့် ဒါက အစပဲရှိသေးတယ်လို့ သတိပေးခဲ့ပြီး ဒီရာသီမှာ အဆင့် ၄ ကို ပစ်မှတ်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။
ရာဟင်း စတာလင်ဟာ သူတို့ရဲ့ပြိုင်ဘက်အသင်းနည်းပြ အာတီတာ ကို ချီးကျူးခဲ့ပြီး အာဆင်နယ်မှာ ကာလတိုအတွင်း ကြီးမားတဲ့ အကျိုးပြနိုင်ခဲ့တဲ့နောက် အာတီတာဟာ အောင်မြင်တဲ့ နည်းပြဖြစ်လာဖို့ လိုအပ်တဲ့ အရာ အားလုံး ရှိတယ်လို့ စတာလင်က ယုံကြည်နေပါတယ်။
ဝီလီယံဆလီဘာကို အာဆင်နယ်ရဲ့ ယူရိုပါလိဂ် လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့နောက် စိန့်အက်တီယန်နည်းပြ ပူရယ်က ဝေဖန်ခဲ့ပြီး မိမိတို့ထံ အငှားမချပဲ ကလပ်မှာလဲ ကစားခွင့် မပေးတာက စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒန်နီမာဖီဟာ အက်ဒီ အန်ကီတီရာကို အာဆင်နယ်ရဲ့ အနာဂတ် ဂန္တဝင် ကစားသမား တစ်ယောက်အဖြစ် အမွှမ်းတင်ခဲ့ပြီး ကစားသမားသစ် သောမတ်စ်ပါတေးဟာ ဂန်းနားတွေအတွက် အဖိုးတန် ကြယ်ပွင့် ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ရိုးမားဟာ နောက်ခံလူတွေ ခေါ်ယူဖို့ လိုအပ်နေတာနဲ့အတူ ဘယ်နောက်တန်းအတွက် နွေရာသီတုန်းက သူတို့ကြိုးစားခဲ့တဲ့ ကိုလာဆီနက်ကို ခေါ်ယူနိုင်ဖို့ ဇန်နဝါရီမှာ ထပ်မံကြိုးစားမှာဖြစ်ပြီး အာဆင်နယ်ကလဲ သူ့ကိုရောင်းချဖို့ ဆန္ဒရှိနေပါတယ်။
ကွာရန်တင်း ၁၄ ရက် ဝင်ဖို့ ညွှန်ကြားခံခဲ့ရတဲ့ တီရာနေးအတွက် အထူးခွင့်ပြုချက်ပေးဖို့ အာဆင်နယ်ရဲ့ ကြိုးပမ်းမှု အောင်မြင်ခဲ့တဲ့နောက် စကော့တလန် နောက်ခံလူဟာ စနေနေ့ မန်စီးတီးနဲ့ပွဲမှာ ပါဝင် လာနိုင်တော့မှာ ဖြစ်ပါတယ်။
Zawgyi – အာဆင္နယ္ဟာ ေသာမတ္စ္ပါေတးရဲ႕ အေကာင္းဆုံး အခ်ိန္မွာ ေခၚယူႏိုင္ခဲ့တာ ျဖစ္တယ္လို႔ အာတီတာ ယုံၾကည္ေနေပမယ့္ စေနေန႔ မန္စီးတီးနဲ႔ပြဲမွာ ပြဲဦးထြက္ဖို႔ေတာ့ အဆင္သင့္ မျဖစ္ႏိုင္ေသးဘူးလို႔ သတိေပး ေျပာဆိုခဲ့ပါတယ္။
မန္စီးတီးနဲ႔ အဂၤလန္ ေနာက္ခံလူေဟာင္း ရစ္ခ်တ္ဟာ အမ္းမရိတ္စ္မွာ အာတီတာရဲ႕ နည္းျပဘဝ ေအာင္ျမင္မႈကို အထင္ႀကီးခဲ့ေပမယ့္ ဒါက အစပဲရွိေသးတယ္လို႔ သတိေပးခဲ့ၿပီး ဒီရာသီမွာ အဆင့္ ၄ ကို ပစ္မွတ္ထားဖို႔ လိုတယ္လို႔ ဆိုပါတယ္။
ရာဟင္း စတာလင္ဟာ သူတို႔ရဲ႕ၿပိဳင္ဘက္အသင္းနည္းျပ အာတီတာ ကို ခ်ီးက်ဴးခဲ့ၿပီး အာဆင္နယ္မွာ ကာလတိုအတြင္း ႀကီးမားတဲ့ အက်ိဳးျပႏိုင္ခဲ့တဲ့ေနာက္ အာတီတာဟာ ေအာင္ျမင္တဲ့ နည္းျပျဖစ္လာဖို႔ လိုအပ္တဲ့ အရာ အားလုံး ရွိတယ္လို႔ စတာလင္က ယုံၾကည္ေနပါတယ္။
ဝီလီယံဆလီဘာကို အာဆင္နယ္ရဲ႕ ယူ႐ိုပါလိဂ္ လူစာရင္းကေန ခ်န္လွပ္ခဲ့တဲ့ေနာက္ စိန႔္အက္တီယန္နည္းျပ ပူရယ္က ေဝဖန္ခဲ့ၿပီး မိမိတို႔ထံ အငွားမခ်ပဲ ကလပ္မွာလဲ ကစားခြင့္ မေပးတာက စိတ္ပ်က္စရာ ေကာင္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဒန္နီမာဖီဟာ အက္ဒီ အန္ကီတီရာကို အာဆင္နယ္ရဲ႕ အနာဂတ္ ဂႏၲဝင္ ကစားသမား တစ္ေယာက္အျဖစ္ အမႊမ္းတင္ခဲ့ၿပီး ကစားသမားသစ္ ေသာမတ္စ္ပါေတးဟာ ဂန္းနားေတြအတြက္ အဖိုးတန္ ၾကယ္ပြင့္ ျဖစ္လာလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
႐ိုးမားဟာ ေနာက္ခံလူေတြ ေခၚယူဖို႔ လိုအပ္ေနတာနဲ႔အတူ ဘယ္ေနာက္တန္းအတြက္ ေႏြရာသီတုန္းက သူတို႔ႀကိဳးစားခဲ့တဲ့ ကိုလာဆီနက္ကို ေခၚယူႏိုင္ဖို႔ ဇန္နဝါရီမွာ ထပ္မံႀကိဳးစားမွာျဖစ္ၿပီး အာဆင္နယ္ကလဲ သူ႔ကိုေရာင္းခ်ဖို႔ ဆႏၵရွိေနပါတယ္။
ကြာရန္တင္း ၁၄ ရက္ ဝင္ဖို႔ ၫႊန္ၾကားခံခဲ့ရတဲ့ တီရာေနးအတြက္ အထူးခြင့္ျပဳခ်က္ေပးဖို႔ အာဆင္နယ္ရဲ႕ ႀကိဳးပမ္းမႈ ေအာင္ျမင္ခဲ့တဲ့ေနာက္ စေကာ့တလန္ ေနာက္ခံလူဟာ စေနေန႔ မန္စီးတီးနဲ႔ပြဲမွာ ပါဝင္ လာႏိုင္ေတာ့မွာ ျဖစ္ပါတယ္။