ဘရူနိုကို ယူနိုက်တက်ကနေ ဆွဲထုတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီး အပြိုင် ကမ်းလှမ်းမှုလုပ်ဖို့တောင် အစီအစဉ်ရှိတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၈ လက စပို့တင်းကနေ ပေါင် ၆၈ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ ဘရူနိုကို လာလီဂါကလပ် နှစ်သင်းလုံးက သဘောကျနေတယ်။ စပါးကို အရေးနိမ့်တဲ့ပွဲအပြီးမှာ ဘရူနိုက ကလပ်က အသင်းဖော်တွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး ပွဲစွမ်းဆောင်ရည်ကို ဒေါသထွက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ပြန့်ထားပါတယ်။

ဇန်နဝါရီကမှ မန်ချက်စတာကို ပြောင်းလာခဲ့တဲ့ ပေါ်တူဂီသားဟာ ယူနိုက်တက်တို့ ချန်ပီယံလိဂ် ဝင်ခွင့်ရမှုအတွက် ကြီးကြီးမားမား သက်ရောက်မှု ရှိခဲ့သူဖြစ်တယ်။ မနှစ်က နောက်ဆုံးပွဲထိ အဆင့် ၄ ဝင်ခွင့် ကြိုးစားရမှုမှာ ဘရူနိုရဲ့ စွမ်းဆောင်ရည်က အရေးပါခဲ့သလို ကလပ်ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။

မနှစ်တုန်းက ယူနိုက်တက်ဟာ ရာသီဝက်ထိ သာမာန် စွမ်းဆောင်ရည်ပဲ ရှိခဲ့ပေမယ့် ဘရူနို ရောက်လာအပြီးမှာ စိတ်ဓါတ်ပိုင်းက အတော်လေး အတက်ဘက်ကို ရောက်သွားခဲ့တာဖြစ်တယ်။ မန်နေဂျာဆိုးရှား ကိုယ်တိုင်က ဘရူနိုရဲ့ လုံ့ဆော်မှုဟာ အသင်းအတွက် အဓိက ကျတယ်ဆိုတာကို ဝန်ခံထားပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၄ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက် အဝတ်လဲခန်းကို လွှမ်းမိုးမှု ကြီးမားလာခဲ့တယ်။ ဒါပေမယ့်လို့ အဝတ်လဲခန်းထဲမှာ ဆက်ဆက်ထိ မခံဘဲ နိုင်လိုစိတ် ကြီးတဲ့ ဘရူနိုဟာ မကြာခဏ ပြဿနာတတ်တဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်တယ်။

ဘရူနိုရဲ့ နိုင်လိုစိတ် ပြင်းထန်တဲ့ စိတ်ဓါတ်ကို လာလီဂါကလပ်တွေက နှစ်သက်နေပြီး ခေါ်ယူလိုနေတယ်။ သို့ပေမယ့်လို့ ယူနိုက်တက်ကလည်း ကလပ်ကို မောင်းနင်နိုင်စွမ်းရှိတဲ့ ကစားသမားကို လွယ်လွယ်ကူကူ ကမ်းလှမ်းခွင့်တွေ ပေးသွားဖို့ ဆန္ဒရှိနေမှာတော့ မဟုတ်ပါဘူး။

ZAWGYI – ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ဟာ ယူႏုိက္တက္ ကြင္းလယ္လူ ဘရူႏိုကို ေခၚယူဖို႔ အဆင္သင့္ျဖစ္ေနျပီး အျပိဳင္ ကမ္းလွမ္းမႈလုပ္ဖို႔ေတာင္ အစီအစဥ္ရွိတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

လြန္ခဲ့တဲ့ ၈ လက စပို႔တင္းကေန ေပါင္ ၆၈ သန္းထိ ေရာက္ႏုိင္တဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္လာတဲ့ ဘရူႏိုကို လာလီဂါကလပ္ ႏွစ္သင္းလံုးက သေဘာက်ေနတယ္။ စပါးကို အေရးနိမ့္တဲ့ပြဲအျပီးမွာ ဘရူႏိုက ကလပ္က အသင္းေဖာ္ေတြနဲ႔ ထိေတြ႔မႈရွိခဲ့ျပီး ပြဲစြမ္းေဆာင္ရည္ကို ေဒါသထြက္ခဲ့တယ္ဆိုတဲ့ သတင္းေတြလည္း က်ယ္ျပန္႔ထားပါတယ္။

ဇန္နဝါရီကမွ မန္ခ်က္စတာကို ေျပာင္းလာခဲ့တဲ့ ေပၚတူဂီသားဟာ ယူႏုိက္တက္တို႔ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရမႈအတြက္ ၾကီးၾကီးမားမား သက္ေရာက္မႈ ရွိခဲ့သူျဖစ္တယ္။ မႏွစ္က ေနာက္ဆံုးပြဲထိ အဆင့္ ၄ ဝင္ခြင့္ ၾကိဳးစားရမႈမွာ ဘရူႏိုရဲ႕ စြမ္းေဆာင္ရည္က အေရးပါခဲ့သလို ကလပ္ဟာ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္အဆင့္ထိ တက္ေရာက္ႏုိင္ခဲ့ပါတယ္။

မႏွစ္တုန္းက ယူႏုိက္တက္ဟာ ရာသီဝက္ထိ သာမာန္ စြမ္းေဆာင္ရည္ပဲ ရွိခဲ့ေပမယ့္ ဘရူႏို ေရာက္လာအျပီးမွာ စိတ္ဓါတ္ပိုင္းက အေတာ္ေလး အတက္ဘက္ကို ေရာက္သြားခဲ့တာျဖစ္တယ္။ မန္ေနဂ်ာဆိုးရွား ကိုယ္တုိင္က ဘရူႏိုရဲ႕ လံု႔ေဆာ္မႈဟာ အသင္းအတြက္ အဓိက က်တယ္ဆိုတာကို ဝန္ခံထားပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၁၄ ဂိုးထိ သြင္းယူႏုိင္ခဲ့ျပီး ယူႏုိက္တက္ အဝတ္လဲခန္းကို လႊမ္းမိုးမႈ ၾကီးမားလာခဲ့တယ္။ ဒါေပမယ့္လို႔ အဝတ္လဲခန္းထဲမွာ ဆက္ဆက္ထိ မခံဘဲ ႏုိင္လိုစိတ္ ၾကီးတဲ့ ဘရူႏိုဟာ မၾကာခဏ ျပႆနာတတ္တဲ့ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္တယ္။

ဘရူႏိုရဲ႕ ႏုိင္လိုစိတ္ ျပင္းထန္တဲ့ စိတ္ဓါတ္ကို လာလီဂါကလပ္ေတြက ႏွစ္သက္ေနျပီး ေခၚယူလိုေနတယ္။ သို႔ေပမယ့္လို႔ ယူႏိုက္တက္ကလည္း ကလပ္ကို ေမာင္းနင္ႏိုင္စြမ္းရွိတဲ့ ကစားသမားကို လြယ္လြယ္ကူကူ ကမ္းလွမ္းခြင့္ေတြ ေပးသြားဖို႔ ဆႏၵရွိေနမွာေတာ့ မဟုတ္ပါဘူး။