အာဆင်နယ် ခံစစ်မှူး ဂါဘရီရယ်က ယုံရရဲ့လားလို့ အာတီတာကို ရစ်ချက် မေးခွန်းထုတ်

မန်စီးတီးနဲ့ အင်္ဂလန် ခံစစ်မှူးဟောင်း မီကာရစ်ချက်က နည်းပြ အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ် အသင်းရဲ့ တိုးတက်မှုကို ချီးကျူးခဲ့ပေမယ့် ယိုယွင်းနေဆဲ အာဆင်နယ်ရဲ့ ခံစစ်ကို စိတ်ပျက်နေပါတယ်။ ၎င်းက ဒီနွေမှာ အာဆင်နယ် ခေါ်ထားတဲ့ ဂေဘရီရယ် မက်ဂါးလက်စ်က အသင်းအတွက် လုံလောက်တဲ့ ကစားသမားကောင်း ဟုတ် မဟုတ်ဆိုတာ ပြောနိုင်ဖို့ မသေချာသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

အသက် ၂၂နှစ်အရွယ် ဘရာဇီးနောက်ခံလူ ဂေဘရီရယ်ဟာ နွေရာသီမှာ လိုင်လီကနေ ပြောင်းရွှေ့လာခဲ့တဲ့နောက် အာဆင်နယ်အတွက် အတော်လေး အထင်ကြီးစရာ ဖြစ်ခဲ့ပေမယ့် ရစ်ချတ်ကတော့ အပြည့်အဝ မယုံကြည်သေးတာပါ။

ရစ်ချတ်က “ အာဆင်နယ်ခံစစ်က စိုးရိမ်နေရတုန်းပါ၊ ဂေဘရီရယ်က လုံလောက်တဲ့ အဆင့်အတန်း ရှိရဲ့လားဆိုတာ မေးခွန်းထုတ်ရမယ်၊ ဒါပေမယ့် သူတို့က လမ်းကြောင်းမှန်ကို သွားနေတယ်ဆိုတာကတော့ ထင်ရှားပါတယ်။

သူတို့တွေက အာဆင်ဝင်းဂါး လက်အောက် အကောင်းဆုံး အချိန်တွေနဲ့ အတော်လေး ဝေးကွာနေသေးတယ်၊ ဒါပေမယ့် တဖြည်းဖြည်း တိုးတက်လာနေပါတယ်၊ အရေးအကြီးဆုံးက ဘယ်သူကမှ သူတို့ကို လှောင်ပြောင်တော့မှာ မဟုတ်ဘူး” လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီနှောင်းပိုင်းမှာ အာဆင်နယ်က အက်ဖ်အေဖလား ယူထားသလို ဒီရာသီ အစမှာလည်း ကွန်မြူနတီဒိုင်းကို ရယူပြထားပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ဖို့ဆို အာဆင်နယ် အသင်း လူစာရင်းမှာ ကွာလတီ ကစားသမားတွေ လိုအပ်နေသေးတယ်လို့ မီကာရစ်ချက်က ယုံကြည်နေပါတယ်။

Zawgyi – မန္စီးတီးနဲ႕ အဂၤလန္ ခံစစ္မွဴးေဟာင္း မီကာရစ္ခ်က္က နည္းျပ အာတီတာ ကိုင္တြယ္ေနတဲ့ အာဆင္နယ္ အသင္းရဲ႕ တိုးတက္မႈကို ခ်ီးက်ဴးခဲ့ေပမယ့္ ယိုယြင္းေနဆဲ အာဆင္နယ္ရဲ႕ ခံစစ္ကို စိတ္ပ်က္ေနပါတယ္။ ၄င္းက ဒီေႏြမွာ အာဆင္နယ္ ေခၚထားတဲ့ ေဂဘရီရယ္ မက္ဂါးလက္စ္က အသင္းအတြက္ လုံေလာက္တဲ့ ကစားသမားေကာင္း ဟုတ္ မဟုတ္ဆိုတာ ေျပာႏုိင္ဖို႔ မေသခ်ာေသးဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အသက္ ၂၂ႏွစ္အ႐ြယ္ ဘရာဇီးေနာက္ခံလူ ေဂဘရီရယ္ဟာ ေႏြရာသီမွာ လိုင္လီကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ေနာက္ အာဆင္နယ္အတြက္ အေတာ္ေလး အထင္ႀကီးစရာ ျဖစ္ခဲ့ေပမယ့္ ရစ္ခ်တ္ကေတာ့ အျပည့္အဝ မယုံၾကည္ေသးတာပါ။

ရစ္ခ်တ္က “ အာဆင္နယ္ခံစစ္က စိုးရိမ္ေနရတုန္းပါ၊ ေဂဘရီရယ္က လုံေလာက္တဲ့ အဆင့္အတန္း ရွိရဲ႕လားဆိုတာ ေမးခြန္းထုတ္ရမယ္၊ ဒါေပမယ့္ သူတို႔က လမ္းေၾကာင္းမွန္ကို သြားေနတယ္ဆိုတာကေတာ့ ထင္ရွားပါတယ္။

သူတို႔ေတြက အာဆင္ဝင္းဂါး လက္ေအာက္ အေကာင္းဆုံး အခ်ိန္ေတြနဲ႔ အေတာ္ေလး ေဝးကြာေနေသးတယ္၊ ဒါေပမယ့္ တျဖည္းျဖည္း တိုးတက္လာေနပါတယ္၊ အေရးအႀကီးဆုံးက ဘယ္သူကမွ သူတို႔ကို ေလွာင္ေျပာင္ေတာ့မွာ မဟုတ္ဘူး” လို႔ ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ျပီးခဲ့တဲ့ ရာသီေနွာင္းပိုင္းမွာ အာဆင္နယ္က အက္ဖ္ေအဖလား ယူထားသလို ဒီရာသီ အစမွာလည္း ကြန္ျမဴနတီဒိုင္းကို ရယူျပထားပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာ အဆင့္ ၄ အတြင္း ၀င္ဖို႔ဆို အာဆင္နယ္ အသင္း လူစာရင္းမွာ ကြာလတီ ကစားသမားေတြ လိုအပ္ေနေသးတယ္လို႔ မီကာရစ္ခ်က္က ယံုၾကည္ေနပါတယ္။