ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (18/10/20)

မန်ချက်စတာယူနိုက်တက်ဟာ ညက နယူးကာဆယ်နဲ့ ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄ဂိုး ၁ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပြည့် ၃ မှတ် ရခဲ့ပါတယ်။ ယူနိုက်တက် အတွက် ဂိုးတွေကို မက်ဂွဲရား၊ ဖာနန်ဒက်စ်၊ ဝမ်ဘစ်ဆာကာနဲ့ ရက်ဖို့ဒ်တို့က သွင်းယူခဲ့ပါတယ်။ နယူးကာဆယ် ရသွားတဲ့ တစ်ဂိုးကလည်း လုခ်ရှောရဲ့ Own Goal ဖြစ်ခဲ့ပါတယ်။

နယူးကာဆယ်ကို ၄-၁နဲ့ အနိုင်ရခဲ့ပေမယ့် ယူနိုက်တက်ဟာ လိဂ်၄ပွဲမှာ ၂ပွဲနိုင်၊ ၂ပွဲရှုံးခဲ့တာနဲ့အတူ ရာသီက အရှည်ကြီး ကျန်သေးတာကြောင့် ဒီထက်ပိုပြီး တိုးတက်ဖို့ လိုသေးတယ်လို့ အသင်းခေါင်းဆောင် မက်ဂွဲရားက ပြောဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဟာ နယူးကာဆယ်နဲ့ပွဲမှာ ပေါ့ဘာကို အရန်ခုံပို့ခဲ့ပြီး ၆၉မိနစ်မှ ဝင် ကစားစေခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ပြင်သစ်ကွင်းလယ်လူဟာ နိုင်ငံအသင်း တာဝန်နဲ့တုန်းက ဒဏ်ရာ အနည်းငယ် ရခဲ့တာကြောင့် ပွဲ မထွက်ခိုင်းခဲ့တာပါလို့ ရှင်းပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ စပါးကို ၆-၁နဲ့ရှုံးခဲ့တာအပါအဝင် ပထမဆုံးလိဂ်၃ပွဲမှာ ၂ပွဲရှုံးခဲ့တဲ့နောက် နယူးကာဆယ်နဲ့ပွဲမှာ ၄ဂိုးသွင်းပြကာ ပြန်လာနိုင်ခဲ့တဲ့နောက် ကလပ်ရဲ့ ရာသီက အခုမှစတာပါလို့ နည်းပြ ဆိုးလ်ရှားက သတိပေးစကားဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဟာ စပါးနဲ့ပွဲက လူစာရင်းကို နယူးကာဆယ်နဲ့ပွဲမှာ ၅နေရာ အပြောင်းအလဲ လုပ်ခဲ့ပြီး ပေါ့ဘာ၊ မာတစ်၊ ဂရင်းဝုဒ်တို့ကို ချန်လှပ်ထားခဲ့သလို ဒါဟာ နည်းပြအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အလန်ရှီးယားက ထောက်ခံခဲ့ပါတယ်။

စပါးနဲ့ပွဲမှာ မာရှယ် အနီကဒ်ထိခဲ့တာကြောင့် စိန့်ဂျိမ်းစ်ပက်ခ်မှာ ဂရင်းဝုဒ်က ဦးဆောင်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ပွဲထွက်စာရင်းထဲ မပါဝင်ခဲ့တာနဲ့အတူ သူဟာ ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိခဲ့တာပါ လို့ ဆိုးလ်ရှားက အသိပေးခဲ့ပါတယ်။

နောက်ဆုံး ပင်နယ်တီ ၁၀ကြိမ်လုံးကို အောင်မြင်ခဲ့ပေမယ့် မနေ့ကပွဲမှာ လွဲချော်ခဲ့တဲ့ ဖာနန်ဒက်စ်က သူဟာ ပင်နယ်တီကန်နည်း အသစ်ကို စမ်းလုပ်ခဲ့တာပါလို့ ဝန်ခံခဲ့ပြီး သူလဲ ပင်နယ်တီလွဲနိုင်တာကို ပြိုင်ဘက်တွေ ပြောစရာရသွားပြီလို့ တုံ့ပြန်ခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက နယူးကာဆယ္နဲ႕ ရင္ဆိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာ ၄ဂိုး ၁ဂိုးနဲ႕ အနုိင္ယူျပီး အမွတ္ျပည့္ ၃ မွတ္ ရခဲ့ပါတယ္။ ယူနိုက္တက္ အတြက္ ဂိုးေတြကို မက္ဂြဲရား၊ ဖာနန္ဒက္စ္၊ ၀မ္ဘစ္ဆာကာနဲ႕ ရက္ဖို႔ဒ္တို႔က သြင္းယူခဲ့ပါတယ္။ နယူးကာဆယ္ ရသြားတဲ့ တစ္ဂိုးကလည္း လုခ္ေရွာရဲ႕ Own Goal ျဖစ္ခဲ့ပါတယ္။

နယူးကာဆယ္ကို ၄-၁နဲ႔ အႏိုင္ရခဲ့ေပမယ့္ ယူႏိုက္တက္ဟာ လိဂ္၄ပြဲမွာ ၂ပြဲႏိုင္၊ ၂ပြဲရႈံးခဲ့တာနဲ႔အတူ ရာသီက အရွည္ႀကီး က်န္ေသးတာေၾကာင့္ ဒီထက္ပိုၿပီး တိုးတက္ဖို႔ လိုေသးတယ္လို႔ အသင္းေခါင္းေဆာင္ မက္ဂြဲရားက ေျပာဆိုခဲ့ပါတယ္။

ဆိုးလ္ရွားဟာ နယူးကာဆယ္နဲ႔ပြဲမွာ ေပါ့ဘာကို အရန္ခုံပို႔ခဲ့ၿပီး ၆၉မိနစ္မွ ဝင္ ကစားေစခဲ့တဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္လို႔ ျပင္သစ္ကြင္းလယ္လူဟာ ႏိုင္ငံအသင္း တာဝန္နဲ႔တုန္းက ဒဏ္ရာ အနည္းငယ္ ရခဲ့တာေၾကာင့္ ပြဲ မထြက္ခိုင္းခဲ့တာပါလို႔ ရွင္းျပခဲ့ပါတယ္။

ယူႏိုက္တက္ဟာ စပါးကို ၆-၁နဲ႔ရႈံးခဲ့တာအပါအဝင္ ပထမဆုံးလိဂ္၃ပြဲမွာ ၂ပြဲရႈံးခဲ့တဲ့ေနာက္ နယူးကာဆယ္နဲ႔ပြဲမွာ ၄ဂိုးသြင္းျပကာ ျပန္လာႏိုင္ခဲ့တဲ့ေနာက္ ကလပ္ရဲ႕ ရာသီက အခုမွစတာပါလို႔ နည္းျပ ဆိုးလ္ရွားက သတိေပးစကားဆိုခဲ့ပါတယ္။

ဆိုးလ္ရွားဟာ စပါးနဲ႔ပြဲက လူစာရင္းကို နယူးကာဆယ္နဲ႔ပြဲမွာ ၅ေနရာ အေျပာင္းအလဲ လုပ္ခဲ့ၿပီး ေပါ့ဘာ၊ မာတစ္၊ ဂရင္းဝုဒ္တို႔ကို ခ်န္လွပ္ထားခဲ့သလို ဒါဟာ နည္းျပအတြက္ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ျဖစ္တယ္လို႔ အလန္ရွီးယားက ေထာက္ခံခဲ့ပါတယ္။

စပါးနဲ႔ပြဲမွာ မာရွယ္ အနီကဒ္ထိခဲ့တာေၾကာင့္ စိန႔္ဂ်ိမ္းစ္ပက္ခ္မွာ ဂရင္းဝုဒ္က ဦးေဆာင္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ပြဲထြက္စာရင္းထဲ မပါဝင္ခဲ့တာနဲ႔အတူ သူဟာ ကစားဖို႔ လုံေလာက္တဲ့ ၾကံ့ခိုင္မႈ မရွိခဲ့တာပါ လို႔ ဆိုးလ္ရွားက အသိေပးခဲ့ပါတယ္။

ေနာက္ဆုံး ပင္နယ္တီ ၁၀ႀကိမ္လုံးကို ေအာင္ျမင္ခဲ့ေပမယ့္ မေန႔ကပြဲမွာ လြဲေခ်ာ္ခဲ့တဲ့ ဖာနန္ဒက္စ္က သူဟာ ပင္နယ္တီကန္နည္း အသစ္ကို စမ္းလုပ္ခဲ့တာပါလို႔ ဝန္ခံခဲ့ၿပီး သူလဲ ပင္နယ္တီလြဲႏိုင္တာကို ၿပိဳင္ဘက္ေတြ ေျပာစရာရသြားၿပီလို႔ တုံ႔ျပန္ခဲ့ပါတယ္။