ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (18/10/20)

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ လာမယ့် သီတင်းပတ်များမှာ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ် ကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်း နေရာပေးသွားမယ်လို့ ကတိပေး ပြောဆိုသွားပါတယ်။ ဗန်ဒီဘိခ် ဟာ ပရီးမီးယားလိဂ် ပွဲတွေမှာ ပွဲထွက်စာရင်းကနေ မပါဘဲ လူစားဝင် ကစားခွင့်သာ ရနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဖက်ဒရီကို ဗယ်ဗာဒီကို အလိုရှိနေပြီး ၎င်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် သန်း ၆၄၀ ရှိနေပါတယ်။ ဒါကြောင့် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို အလိုက်ပေးပြီး ယူနိုက်တက်တို့ ညှိနှိုင်း ကမ်းလှမ်းနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ကွင်းတွင်း ကွင်းပြင်ပ အခက်အခဲတွေရှိနေပေမယ့်လဲ နယူးကာဆယ်နဲ့ပွဲမှာ ခြေစွမ်းပြပြီး ဂိုးပါသွင်းယူနိုင်ခဲ့တဲ့ မက်ဂွဲရားကို နည်းပြ ဆိုးလ်ရှားက ချီးကျူးခဲ့ပြီး ဒါဟာ ဝေဖန်မှုတွေကို တုံ့ပြန်တဲ့ အကောင်းဆုံး နည်းလမ်းပါ လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း ဒန်နီ ဝဲလ်ဘတ်ဟာ ဘရိုက်တန် အသင်းထံ တစ်နှစ် စာချုပ်နဲ့ သွားရောက် ပူးပေါင်းခဲ့ပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘတ်ပီကတော့ မန်ချက်စတာယူနိုက်တက်နဲ့ အတူ ချန်ပီယံလိဂ် ပွဲမှာ ပါဝင်လာဖွယ် ရှိတဲ့ အသင်းဖော်ဟောင်း ကာဗာနီအား ပြိုင်ဘက် အဖြစ် ရင်ဆိုင်ရရင် ညှာတာ နေမှာ မဟုတ်ဘဲ အနိုင်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချို ကို ဒေါ့မွန်က ပေါင် ၁၀၈ သန်း ရမှ ရောင်းမယ် အသိပေးထားပေမယ့် ညှိနှိုင်း ကြိုးစားရင် ဖြစ်နိုင်တယ်လို့ အယူလွဲကာ အခြေအနေကို သုံးသပ်တာ မှားယွင်းခဲ့ကြောင်း ဒေါ့မွန် စီအီးအို က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ကတော့ ယူနိုက်တက် ကစားပုံ ဝေဖန်ခဲ့ကြသူများအား မန်ချက်စတာ ယူနိုက်တက် ဘယ်လို ကစားနိုင်တယ် ဆိုတာ မြင်ကြရဲ့လား လို့ နယူးကာဆယ်နဲ့ ပွဲ အပြီးမှာ ပြောဆိုလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ လာမယ့္ သီတင္းပတ္မ်ားမွာ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ ကို ပြဲထြက္ လူစာရင္းမွာ ထည့္သြင္း ေနရာေပးသြားမယ္လို႔ ကတိေပး ေျပာဆိုသြားပါတယ္။ ဗန္ဒီဘိခ္ ဟာ ပရီးမီးယားလိဂ္ ပြဲေတြမွာ ပြဲထြက္စာရင္းကေန မပါဘဲ လူစား၀င္ ကစားခြင့္သာ ရေနတာ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ ဖက္ဒရီကို ဗယ္ဗာဒီကို အလိုရွိေနၿပီး ၎ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ သန္း ၆၄၀ ရွိေနပါတယ္။ ဒါေၾကာင့္ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာကို အလိုက္ေပးျပီး ယူနိုက္တက္တို႔ ညွိနိႈင္း ကမ္းလွမ္းႏိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။

ကြင္းတြင္း ကြင္းျပင္ပ အခက္အခဲေတြရွိေနေပမယ့္လဲ နယူးကာဆယ္နဲ႔ပြဲမွာ ေျခစြမ္းျပၿပီး ဂိုးပါသြင္းယူႏိုင္ခဲ့တဲ့ မက္ဂြဲရားကို နည္းျပ ဆိုးလ္ရွားက ခ်ီးက်ဴးခဲ့ၿပီး ဒါဟာ ေဝဖန္မႈေတြကို တုံ႔ျပန္တဲ့ အေကာင္းဆုံး နည္းလမ္းပါ လို႔ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အာဆင္နယ္အသင္း တိုက္စစ္မွဴးေဟာင္း ဒန္နီ ၀ဲလ္ဘတ္ဟာ ဘရိုက္တန္ အသင္းထံ တစ္နွစ္ စာခ်ဳပ္နဲ႕ သြားေရာက္ ပူးေပါငး္ခဲ့ျပီ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ ၾကယ္ပြင့္ အမ္ဘတ္ပီကေတာ့ မန္ခ်က္စတာယူနိုက္တက္နဲ႕ အတူ ခ်န္ပီယံလိဂ္ ပြဲမွာ ပါ၀င္လာဖြယ္ ရွိတဲ့ အသင္းေဖာ္ေဟာင္း ကာဗာနီအား ျပိဳင္ဘက္ အျဖစ္ ရင္ဆိုင္ရရင္ ညွာတာ ေနမွာ မဟုတ္ဘဲ အနိုင္ယူဖို႔ ၾကိဳးစားသြားမွာ ျဖစ္ေၾကာင္း သတိေပးလိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆန္ခ်ိဳ ကို ေဒါ့မြန္က ေပါင္ ၁၀၈ သန္း ရမွ ေရာင္းမယ္ အသိေပးထားေပမယ့္ ညွိနိႈင္း ၾကိဳးစားရင္ ျဖစ္နုိင္တယ္လို႔ အယူလြဲကာ အေျခအေနကို သံုးသပ္တာ မွားယြင္းခဲ့ေၾကာင္း ေဒါ့မြန္ စီအီးအို က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ကြင္းလယ္ ကစားသမား ဖာနန္ဒက္စ္ကေတာ့ ယူနိုက္တက္ ကစားပံု ေ၀ဖန္ခဲ့ၾကသူမ်ားအား မန္ခ်က္စတာ ယူနိုက္တက္ ဘယ္လို ကစားနိုင္တယ္ ဆိုတာ ျမင္ၾကရဲ႕လား လို႔ နယူးကာဆယ္နဲ႕ ပြဲ အျပီးမွာ ေျပာဆိုလိုက္ပါတယ္။