တီမိုဗာနာဟာ ချယ်ဆီးအတွက် အစ၅ပွဲမှာ ၁ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် ဆောက်သမ်တန် နဲ့ပွဲမှာ ၂ဂိုး သွင်းယူပြခဲ့သလို ဒါဟာ နောက်ထပ်မြင်တွေ့ရမယ့် သွင်းဂိုးများစွာရဲ့ အစဖြစ်တယ်လို့ အီယန်ရိုက်က ချီးကျူးပြောဆိုခဲ့ပါတယ်။
ဆောက်သမ်တန်ကို ၂ဂိုးအသာနဲ့ ဦးဆောင်နေပြီးမှ ပွဲအပြီးမှာ ၃ဂိုးစီ သရေကျခဲ့တဲ့အပေါ် ချယ်ဆီးခံစစ်ရဲ့ ပေါ့လျော့မှုကို လမ်းပတ်က စိတ်ပျက်နေခဲ့ပြီး ကိုယ်သာနေရင် တက်မ မထောင်ပဲ ဆက်ပြီးတော့ တောင့်တင်းတဲ့ ပုံစံကို ထိန်းသိမ်းဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဆောက်သမ်တန်နဲ့ ၃ဂိုးစီ သရေကျခဲ့ရတဲ့နောက် ကလပ်အနေနဲ့ ဂိုးတွေ ပေးနေရတာကို ရပ်တန့်ဖို့ လိုတယ်လို့ တီမိုဗာနာက ချယ်ဆီးအသင်းဖော်တွေကို တိုက်တွန်းခဲ့ပြီး ခံစစ်လုံခြုံမှုရှိမှသာ ဖလားတွေ အောင်မြင်နိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးရဲ့ ခံစစ်အမှားတွေမှာ ကီပါက အရေးပါခဲ့ပြီး ချီအဒမ်ရဲ့နောက်ဆုံးချေပဂိုးကို လက်ဆောင်ပေးခဲ့ပေမယ့် လမ်းပတ်ကတော့ သူ့ဂိုးသမားကို အပြစ်တင်ဖို့ ငြင်းပယ်ခဲ့ပြီး ဒီအခြေအနေကို ပြောင်းလဲဖို့ စိတ်ဓာတ် ကြံ့ခိုင်မှုရှိရမယ်လို့ အားပေးခဲ့ပါတယ်။
ဂိုးသမားသစ် မန်ဒီရဲ့ တံကောက်ကြော ဒဏ်ရာက အပြည့်အဝ ကောင်းမွန်လာခြင်း မရှိပဲ အနည်းဆုံး ၂ပတ်နီးပါး အနားယူရမှာဖြစ်တာကြောင့် ကီပါကို နောက်ထပ် တစ်ပွဲမှာ ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်တယ်လို့ သိရပြီး အဲ့ဒီ့ထက်တောင် ပိုနိုင်တယ်လို့ သိရပါတယ်။
ကီပါဟာ ဒီရာသီလိဂ်မှာ သူ့အမှားကြောင့် ဂိုးပေးရတာ ၃ကြိမ် ရှိခဲ့ပြီး ချယ်ဆီးရဲ့ ပေးဂိုး၉ဂိုးမှာ ၅ဂိုးက တစ်ဦးချင်းအမှားတွေကြောင့် ဖြစ်ခဲ့သလို အချက်အလက်တွေက စိုးရိမ်စရာဖြစ်နေပြီး လမ်းပတ်ရဲ့ ခံစစ် သင်ကြားပုံက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဆောက်သမ်တန်နဲ့ပွဲမှာ ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့ တီမိုဗာနဲ့ စွမ်းဆောင်ရည်ကောင်းတွေကို လမ်းပတ်က အထင်ကြီးနေခဲ့တာနဲ့အတူ ဂျာမန်သားဟာ ဒီဂိုးတွေက ယုံကြည်မှုတွေ ရရှိလာပြီးတော့ နောက်ထပ် အများကြီး သွင်းယူနိုင်လိမ့်မယ် လို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီး ကစားသမားသစ် ဘင်ချီဝဲဟာ တစ်ပတ်လုပ်ခ ပေါင် ၁၉၀,၀၀၀နဲ့အတူ ကလပ်မှာ လုပ်ခအမြင့်ဆုံးရတဲ့ ကစားသမားဖြစ်နေပြီး တီမိုဗာနာက အပိုဆုကြေးတွေအပါအဝင် ပေါင်၂၆၅,၀၀၀ ရတယ်လို့ သိရပေမယ့် ဒါကိုတော့ တရားဝင် အတည်မပြုထားပါဘူး။
Zawgyi – တီမိုဗာနာဟာ ခ်ယ္ဆီးအတြက္ အစ၅ပြဲမွာ ၁ဂိုးသာ သြင္းႏိုင္ခဲ့ေပမယ့္ ေဆာက္သမ္တန္ နဲ႔ပြဲမွာ ၂ဂိုး သြင္းယူျပခဲ့သလို ဒါဟာ ေနာက္ထပ္ျမင္ေတြ႕ရမယ့္ သြင္းဂိုးမ်ားစြာရဲ႕ အစျဖစ္တယ္လို႔ အီယန္႐ိုက္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ေဆာက္သမ္တန္ကို ၂ဂိုးအသာနဲ႔ ဦးေဆာင္ေနၿပီးမွ ပြဲအၿပီးမွာ ၃ဂိုးစီ သေရက်ခဲ့တဲ့အေပၚ ခ်ယ္ဆီးခံစစ္ရဲ႕ ေပါ့ေလ်ာ့မႈကို လမ္းပတ္က စိတ္ပ်က္ေနခဲ့ၿပီး ကိုယ္သာေနရင္ တက္မ မေထာင္ပဲ ဆက္ၿပီးေတာ့ ေတာင့္တင္းတဲ့ ပုံစံကို ထိန္းသိမ္းဖို႔ လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ေဆာက္သမ္တန္နဲ႔ ၃ဂိုးစီ သေရက်ခဲ့ရတဲ့ေနာက္ ကလပ္အေနနဲ႔ ဂိုးေတြ ေပးေနရတာကို ရပ္တန႔္ဖို႔ လိုတယ္လို႔ တီမိုဗာနာက ခ်ယ္ဆီးအသင္းေဖာ္ေတြကို တိုက္တြန္းခဲ့ၿပီး ခံစစ္လုံၿခဳံမႈရွိမွသာ ဖလားေတြ ေအာင္ျမင္ႏိုင္မွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးရဲ႕ ခံစစ္အမွားေတြမွာ ကီပါက အေရးပါခဲ့ၿပီး ခ်ီအဒမ္ရဲ႕ေနာက္ဆုံးေခ်ပဂိုးကို လက္ေဆာင္ေပးခဲ့ေပမယ့္ လမ္းပတ္ကေတာ့ သူ႔ဂိုးသမားကို အျပစ္တင္ဖို႔ ျငင္းပယ္ခဲ့ၿပီး ဒီအေျခအေနကို ေျပာင္းလဲဖို႔ စိတ္ဓာတ္ ၾကံ့ခိုင္မႈရွိရမယ္လို႔ အားေပးခဲ့ပါတယ္။
ဂိုးသမားသစ္ မန္ဒီရဲ႕ တံေကာက္ေၾကာ ဒဏ္ရာက အျပည့္အဝ ေကာင္းမြန္လာျခင္း မရွိပဲ အနည္းဆုံး ၂ပတ္နီးပါး အနားယူရမွာျဖစ္တာေၾကာင့္ ကီပါကို ေနာက္ထပ္ တစ္ပြဲမွာ ထပ္မံျမင္ေတြ႕ရဦးမွာ ျဖစ္တယ္လို႔ သိရျပီး အဲ့ဒီ့ထက္ေတာင္ ပိုႏိုင္တယ္လို႔ သိရပါတယ္။
ကီပါဟာ ဒီရာသီလိဂ္မွာ သူ႔အမွားေၾကာင့္ ဂိုးေပးရတာ ၃ႀကိမ္ ရွိခဲ့ၿပီး ခ်ယ္ဆီးရဲ႕ ေပးဂိုး၉ဂိုးမွာ ၅ဂိုးက တစ္ဦးခ်င္းအမွားေတြေၾကာင့္ ျဖစ္ခဲ့သလို အခ်က္အလက္ေတြက စိုးရိမ္စရာျဖစ္ေနၿပီး လမ္းပတ္ရဲ႕ ခံစစ္ သင္ၾကားပုံက ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။
ခ်ယ္ဆီး ကစားသမားသစ္ ဘင္ခ်ီဝဲဟာ တစ္ပတ္လုပ္ခ ေပါင္ ၁၉၀,၀၀၀နဲ႔အတူ ကလပ္မွာ လုပ္ခအျမင့္ဆုံးရတဲ့ ကစားသမားျဖစ္ေနၿပီး တီမိုဗာနာက အပိုဆုေၾကးေတြအပါအဝင္ ေပါင္၂၆၅,၀၀၀ ရတယ္လို႔ သိရေပမယ့္ ဒါကိုေတာ့ တရားဝင္ အတည္မျပဳထားပါဘူး။
ေဆာက္သမ္တန္နဲ႔ပြဲမွာ ၂ဂိုး သြင္းယူႏိုင္ခဲ့တဲ့ တီမိုဗာနဲ႔ စြမ္းေဆာင္ရည္ေကာင္းေတြကို လမ္းပတ္က အထင္ႀကီးေနခဲ့တာနဲ႔အတူ ဂ်ာမန္သားဟာ ဒီဂိုးေတြက ယုံၾကည္မႈေတြ ရရွိလာၿပီးေတာ့ ေနာက္ထပ္ အမ်ားႀကီး သြင္းယူႏိုင္လိမ့္မယ္ လို႔ ေျပာဆိုခဲ့ပါတယ္။