မန်စီးတီးက အိမ်ကွင်းမှာ စတာလင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တာကြောင့် မြောက်လန်ဒန်ကလပ်ကတော့ ၂၀၁၅ နောက်ပိုင်း ထိပ်သီး၆သင်း ပြိုင်ဘက်ကို အဝေးကွင်းမှာ လုံး ဝမနိုင်သေးတဲ့ မှတ်တမ်းဆိုးကို ဆက်လက်ပိုင်ဆိုင်ခဲ့ပါတယ်။
အီတီဟဒ်မှာ မန်စီးတီးကို ၁-ဝနဲ့ ရှုံးခဲ့တဲ့ပွဲအတွင်း ဝီလီယံရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ အာဆင်နယ်နည်းပြ အာတီတာက ကာကွယ်ပေးခဲ့ပြီး ဘရာဇီးသား အနေနဲ့ အနာဂတ်မှာ ထပ်မံပြီး အထောင် တိုက်စစ်မှူး အဖြစ် ကစားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ခံစစ်သုံးယောက်မှာ ညာခြမ်းက ဘယ်လာရင်က အဆင်မပြေခဲ့တာနဲ့အတူ အာတီတာအနေနဲ့ ဗဟိုခံစစ်မှာ မက်ဂါးလက်စ်ရဲ့ တွဲဖော်ကိုရှာဖွေပြီး နောက်တန်း ၄ယောက် ပြောင်းလဲသင့်ပြီလို့ တိုနီအဒမ်က အကြံပေးခဲ့ပါတယ်။
ရော့ဘ်ဟိုးဒင်းဟာ တံကောက်ကြော ဒဏ်ရာကြောင့် မန်စီးတီးနဲ့ပွဲကို လွဲချော်ခဲ့တာ ဖြစ်ကြောင်း အာတီတာက အတည်ပြုခဲ့ပေမယ့် သူ့ဒဏ်ရာအခြေအနေကို အတိအကျ မပြောနိုင်သေးတာကြောင့် ဒေးဗစ်လူးဝစ်နဲ့ ဆက်ကစားရဦးမှာပါလို့ ပြောဆိုခဲ့ပါတယ်။
ကိုင်လီဝေါ်ကာဟာ ဧရိယာထောင့်နားမှာ မက်ဂါးလက်စ်နဲ့ ဘောလုံးယှဉ်လုရင်း ခေါင်းကို ခြေထောက်နဲ့ ကန်သလို ဖြစ်ခဲ့တာနဲ့အတူ အာဆင်နယ်အတွက် ပင်နယ်တီရနိုင်ဖွယ် ရှိခဲ့ပေမယ့် VAR က လုံလောက်တဲ့ စစ်ဆေးမှု မလုပ်ခဲ့ဘူးလို့ အာတီတာက ဝေဖန်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ အော်ဝါကို မခေါ်နိုင်ခဲ့ပေမယ့် ယူရို သန်း ၅ ဝတန် ကွင်းလယ်လူကို ဇန်နဝါရီမှာလဲ ခေါ်ယူဖို့ ကြိုးစားမှာမဟုတ်ပဲ ဈေးကျအောင် စောင့်ပြီး နောက်နွေရာသီမှသာ အပြောင်းအရွှေ့ လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မန်စီးတီးနဲ့ ပွဲမှာ အာဆင်နယ်ဟာ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပေမယ့် အီဒါဆန်က ကာကွယ်နိုင်ခဲ့တာကြောင့်သာ ၁-ဝနဲ့ ရှုံးခဲ့ရတာဖြစ်သလို ရာသီအစ ပုံစံကောင်းတွေကို ဆက်ထိန်းသိမ်းနိုင်ရင် ထိပ်ဆုံး ၄သင်းထဲ ဝင်နိုင်တယ်လို့ ဆိုလ်ကမ့်ဘဲက ယုံကြည်နေပါတယ်။
ရှုံးပွဲတွေ့ခဲ့ရပေမယ့်လည်း အာဆင်နယ်ဟာ သရေ တစ်မှတ်ရရှိဖို့ အခွင့်အရေးတွေ ရှိခဲ့ပြီး ဂိုး မသွင်းနိုင်တာကလွဲရင် မန်စီးတီးကိုထိန်းချုပ်ထားနိုင်ခဲ့တာနဲ့အတူ အဆုံးသတ်ပိုင်းကို တိုးတက်အောင် ပြင်ဆင်နိုင်ရင် ပိုကောင်းမှာပါလို့ ဂိုးသမား လီနိုက ပြောဆိုခဲ့ပါတယ်။
Zawgyi – မန္စီးတီးက အိမ္ကြင္းမွာ စတာလင္ရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ အာဆင္နယ္ကို အႏိုင္ရခဲ့တာေၾကာင့္ ေျမာက္လန္ဒန္ကလပ္ကေတာ့ ၂၀၁၅ ေနာက္ပိုင္း ထိပ္သီး၆သင္း ၿပိဳင္ဘက္ကို အေဝးကြင္းမွာ လုံး ဝမႏိုင္ေသးတဲ့ မွတ္တမ္းဆိုးကို ဆက္လက္ပိုင္ဆိုင္ခဲ့ပါတယ္။
အီတီဟဒ္မွာ မန္စီးတီးကို ၁-၀နဲ႔ ရႈံးခဲ့တဲ့ပြဲအတြင္း ဝီလီယံရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ အာဆင္နယ္နည္းျပ အာတီတာက ကာကြယ္ေပးခဲ့ၿပီး ဘရာဇီးသား အေနနဲ႔ အနာဂတ္မွာ ထပ္မံၿပီး အေထာင္ တိုက္စစ္မႉး အျဖစ္ ကစားႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ခံစစ္သုံးေယာက္မွာ ညာျခမ္းက ဘယ္လာရင္က အဆင္မေျပခဲ့တာနဲ႔အတူ အာတီတာအေနနဲ႔ ဗဟိုခံစစ္မွာ မက္ဂါးလက္စ္ရဲ႕ တြဲေဖာ္ကိုရွာေဖြၿပီး ေနာက္တန္း ၄ေယာက္ ေျပာင္းလဲသင့္ၿပီလို႔ တိုနီအဒမ္က အႀကံေပးခဲ့ပါတယ္။
ေရာ့ဘ္ဟိုးဒင္းဟာ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ မန္စီးတီးနဲ႔ပြဲကို လြဲေခ်ာ္ခဲ့တာ ျဖစ္ေၾကာင္း အာတီတာက အတည္ျပဳခဲ့ေပမယ့္ သူ႔ဒဏ္ရာအေျခအေနကို အတိအက် မေျပာႏိုင္ေသးတာေၾကာင့္ ေဒးဗစ္လူး၀စ္နဲ႔ ဆက္ကစားရဦးမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။
ကိုင္လီေဝၚကာဟာ ဧရိယာေထာင့္နားမွာ မက္ဂါးလက္စ္နဲ႔ ေဘာလုံးယွဥ္လုရင္း ေခါင္းကို ေျခေထာက္နဲ႔ ကန္သလို ျဖစ္ခဲ့တာနဲ႔အတူ အာဆင္နယ္အတြက္ ပင္နယ္တီရႏိုင္ဖြယ္ ရွိခဲ့ေပမယ့္ VAR က လုံေလာက္တဲ့ စစ္ေဆးမႈ မလုပ္ခဲ့ဘူးလို႔ အာတီတာက ေဝဖန္ခဲ့ပါတယ္။
အာဆင္နယ္ဟာ ဒီေႏြမွာ ေအာ္ဝါကို မေခၚႏိုင္ခဲ့ေပမယ့္ ယူ႐ို သန္း ၅ ၀တန္ ကြင္းလယ္လူကို ဇန္နဝါရီမွာလဲ ေခၚယူဖို႔ ႀကိဳးစားမွာမဟုတ္ပဲ ေဈးက်ေအာင္ ေစာင့္ၿပီး ေနာက္ေႏြရာသီမွသာ အေျပာင္းအေ႐ႊ႕ လုပ္ေဆာင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။
မန္စီးတီးနဲ႔ ပြဲမွာ အာဆင္နယ္ဟာ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ လုပ္ခဲ့ေပမယ့္ အီဒါဆန္က ကာကြယ္ႏိုင္ခဲ့တာေၾကာင့္သာ ၁-၀နဲ႔ ရႈံးခဲ့ရတာျဖစ္သလို ရာသီအစ ပုံစံေကာင္းေတြကို ဆက္ထိန္းသိမ္းႏိုင္ရင္ ထိပ္ဆုံး ၄သင္းထဲ ဝင္ႏိုင္တယ္လို႔ ဆိုလ္ကမ့္ဘဲက ယုံၾကည္ေနပါတယ္။
ရႈံးပြဲေတြ႕ခဲ့ရေပမယ့္လည္း အာဆင္နယ္ဟာ သေရ တစ္မွတ္ရရွိဖို႔ အခြင့္အေရးေတြ ရွိခဲ့ၿပီး ဂိုး မသြင္းႏိုင္တာကလြဲရင္ မန္စီးတီးကိုထိန္းခ်ဳပ္ထားႏိုင္ခဲ့တာနဲ႔အတူ အဆုံးသတ္ပိုင္းကို တိုးတက္ေအာင္ ျပင္ဆင္ႏိုင္ရင္ ပိုေကာင္းမွာပါလို႔ ဂိုးသမား လီႏိုက ေျပာဆိုခဲ့ပါတယ္။