ရွိုင်ကိန်း၊ ပေါစခိုးလ်၊ ဖာဒီနန်၊ အီဗရာ တို့ရဲ့ ဝေဖန်ချက်တွေကို တိုက်ရိုက် တုန့်ပြန်လိုက်တဲ့ ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က ဒီကာလတွေမှာ ကလပ်ကို ဝေဖန်ထားကြသူတွေကို ပြန်လည် တုန့်ပြန်လိုက်ပြီး ဘယ်လို ကစားနိုင်တယ်ဆိုတာ မြင်ကြရဲ့လားလို့ ခြေပသွားပါတယ်။ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေ ဆက်တိုက် ကျဆင်းနေတာကြောင့် ဒီတလောမှာ အသင်း ဂန္တဝင်တွေ ဖြစ်တဲ့ ရွိုင်ကိန်း၊ ပေါစခိုးလ်၊ ဖာဒီနန်၊ အီဗရာ တို့က ဝေဖန်မှုတွေ ပြုလုပ်ထားကြတာပါ။

ဒီနွေမှာ ယူနိုက်တက်ဟာ ကစားသမားခေါ်ယူမှု မများခဲ့ပေမယ့် ဗန်ဒါဘိခ်၊ ကာဗာနီ၊ တဲလက်စ်နဲ့ ပယ်လီစထွီတို့ကို ခေါ်ယူထားပါတယ်။ ဒါ့အပြင် လူငယ်ကစားသမား ဒီယာလိုကလည်း ဇန်နဝါရီမှာ လာရောက် ပူးပေါင်းဖို့ ရှိနေတယ်။ ကစားသမား ခေါ်ယူမှုက အားမကောင်းခဲ့သလို ရလဒ်လည်း မကောင်းတဲ့နောက် ဂန္တဝင်ကြီးတွေကပါ ကလပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြတယ်။

ဖာနန်ဒက်စ်ကတော့ အသင်းရဲ့ စုစည်းမှုကို ဆက်လက် တည်ငြိမ်စေဖို့ တောင်းဆိုလိုက်ပြီး ပြင်ပက ဝေဖန်မှုတွေကို လူမှုကွန်ယက်ကနေ တုန့်ပြန်ဖို့ထက် ကွင်းထဲက ရလဒ်ဖြင့် တုန့်ပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဖာနန်ဒက်စ်က ” လူတိုင်းက ကျနေ်ာတို့အသင်းက ခံစစ်သမားတစ်ယောက်လိုတယ်၊ ကွင်းလယ်လူတစ်ယောက်၊ တိုက်စစ်သမားတစ်ယောက်နဲ့ တောင်ပံသမားတစ်ယောက် လိုတယ်လို့ ပြောကြတယ်။ အပြင်ကနေပြီး အားလုံးမှာ ကျနေ်ာတို့က လိုအပ်နေတယ်လို့ ပြောဖို့ဆိုတာ သိပ်လွယ်ပါတယ်။ ကွင်းထဲက အခြေအနေကိုတော့ အခု အားလုံးမြင်ပြီ မှတ်လား။

ကျနေ်ာတို့ အသင်းဖော်တွေ အချင်းချင်း ကြည့်ရှုပေးဖို့လိုတယ်။ အချင်းချင်း ကူညီပြီး အကောင်းမြင်နေဖို့လိုတယ်။ ကျျနေ်ာတို့တွေက လူမှုကွန်ယက်မှာမှာ မဟုတ်ဘဲ ကွင်းထဲမှာပဲ ကိုယ်ဘာသာ ကာကွယ်မှုတွေ ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ကျနော်အတွက်ကတော့ နိုင်ငံအသင်းကနေ ပြန်လာပြီးနောက်ပိုင်း ပွဲကစားရတဲ့ အခြေအနေတွေကပဲ အရေးကြီးပါတယ်။ ကိစ္စတိုင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ ကျနော်အတွက်တော့ ပြဿနာမရှိပါဘူး။ ကျနော်အတွက်တော့ ကွင်းထဲမှာ အနိုင်ရဖို့ဆိုတဲ့ ရလဒ်ကပဲ အရေးအကြီးဆုံး ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ညက ယူနိုက်တက်ရဲ့ နယူးကာဆယ်ကို ၄-၁ နဲ့ နိုင်တဲ့ ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ကိုယ်တိုင် တစ်ဂိုး သွင်းကာ ခြေစွမ်းပြခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏုိက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္က ဒီကာလေတြမွာ ကလပ္ကို ေဝဖန္ထားၾကသူေတြကို ျပန္လည္ တုန္႔ျပန္လုိက္ျပီး ဘယ္လို ကစားႏုိုင္တယ္ဆိုတာ ျမင္ၾကရဲ႕လားလို႔ ေျခပသြားပါတယ္။ ယူနိုက္တက္ရဲ႕ စြမ္းေဆာင္ရည္နဲ႕ ရလဒ္ေတြ ဆက္တိုက္ က်ဆင္းေနတာေၾကာင့္ ဒီတေလာမွာ အသင္း ဂႏၱ၀င္ေတြ ျဖစ္တဲ့ ရြိဳင္ကိန္း၊ ေပါစခိုးလ္၊ ဖာဒီနန္၊ အီဗရာ တို႔က ေ၀ဖန္မႈေတြ ျပဳလုပ္ထားၾကတာပါ။

ဒီေႏြမွာ ယူႏိုက္တက္ဟာ ကစားသမားေခၚယူမႈ မမ်ားခဲ့ေပမယ့္ ဗန္ဒါဘိခ္၊ ကာဗာနီ၊ တဲလက္စ္နဲ႔ ပယ္လီစထီြတို႔ကို ေခၚယူထားပါတယ္။ ဒါ့အျပင္ လူငယ္ကစားသမား ဒီယာလိုကလည္း ဇန္နဝါရီမွာ လာေရာက္ ပူးေပါင္းဖို႔ ရွိေနတယ္။ ကစားသမား ေခၚယူမႈက အားမေကာင္းခဲ့သလို ရလဒ္လည္း မေကာင္းတဲ့ေနာက္ ဂႏၱဝင္ၾကီးေတြကပါ ကလပ္ကို ျပင္းျပင္းထန္ထန္ ေဝဖန္ေနၾကတယ္။

ဖာနန္ဒက္စ္ကေတာ့ အသင္းရဲ႕ စုစည္းမႈကို ဆက္လက္ တည္ျငိမ္ေစဖို႔ ေတာင္းဆိုလိုက္ျပီး ျပင္ပက ေဝဖန္မႈေတြကို လူမႈကြန္ယက္ကေန တုန္႔ျပန္ဖို႔ထက္ ကြင္းထဲက ရလဒ္ျဖင့္ တုန္႔ျပန္ဖို႔ တိုက္တြန္းခဲ့ပါတယ္။

ဖာနန္ဒက္စ္က ” လူတိုင္းက က်ေန္ာတို႔အသင္းက ခံစစ္သမားတစ္ေယာက္လိုတယ္၊ ကြင္းလယ္လူတစ္ေယာက္၊ တိုက္စစ္သမားတစ္ေယာက္နဲ႔ ေတာင္ပံသမားတစ္ေယာက္ လိုတယ္လို႔ ေျပာၾကတယ္။ အျပင္ကေနျပီး အားလံုးမွာ က်ေန္ာတို႔က လိုအပ္ေနတယ္လို႔ ေျပာဖို႔ဆိုတာ သိပ္လြယ္ပါတယ္။ ကြင္းထဲက အေျခအေနကိုေတာ့ အခု အားလံုးျမင္ျပီ မွတ္လား။

က်ေန္ာတို႔ အသင္းေဖာ္ေတြ အခ်င္းခ်င္း ၾကည့္ရႈေပးဖို႔လိုတယ္။ အခ်င္းခ်င္း ကူညီျပီး အေကာင္းျမင္ေနဖို႔လိုတယ္။ က််ေန္ာတို႔ေတြက လူမႈကြန္ယက္မွာမွာ မဟုတ္ဘဲ ကြင္းထဲမွာပဲ ကိုယ္ဘာသာ ကာကြယ္မႈေတြ ျပဳလုပ္ၾကရမွာျဖစ္ပါတယ္။ က်ေနာ္အတြက္ကေတာ့ ႏုိင္ငံအသင္းကေန ျပန္လာျပီးေနာက္ပိုင္း ပြဲကစားရတဲ့ အေျခအေနေတြကပဲ အေရးၾကီးပါတယ္။ ကိစၥတိုင္းကို ပြင့္ပြင့္လင္းလင္း ထုတ္ေျပာဖို႔ က်ေနာ္အတြက္ေတာ့ ျပႆနာမရွိပါဘူး။ က်ေနာ္အတြက္ေတာ့ ကြင္းထဲမွာ အႏုိင္ရဖို႔ဆိုတဲ့ ရလဒ္ကပဲ အေရးအၾကီးဆံုး ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဘရူနို ဖာနန္ဒက္စ္ဟာ ညက ယူနိုက္တက္ရဲ႕ နယူးကာဆယ္ကို ၄-၁ နဲ႕ နိုင္တဲ့ ပြဲမွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့ေပမယ့္ ကုိယ္တိုင္ တစ္ဂိုး သြင္းကာ ေျခစြမ္းျပခဲ့ပါတယ္။