ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (19/10/20)

စပို့တင်းလစ္စဘွန်းဟာ သူတို့ရဲ့ တက်သစ်စ ကြယ်ပွင့် လူးဝစ်ဂိုမက်ကို တချိန်မှာ ရောင်းချရဖို့ ဖြစ်လာရင် ပေါင် ၁၄သန်းနဲ့ ယူနိုက်တက်ထံ ရောင်းချမှာဖြစ်ကြောင်း အင်္ဂလန်ထိပ်သီးကလပ်နဲ့ သဘောတူညီမှု ယူခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားသစ် ပယ်လီစထွီဟာ လျင်မြန်ပြီး လွယ်လွယ်ကျော်ဖြတ်နိုင်သူ ဖြစ်သလို ရိုင်ယန်ဂစ်လို အလိမ်အခေါက်တွေ လုပ်တတ်ပြီး ကွင်းလယ်ကနေ တိုက်စစ်ဆီ ဘောလုံး ပံ့ပိုးမှု လုပ်နိုင်သူဖြစ်တယ်လို့ ဒီယေဂိုဖော်လန်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားသစ် ကာဗာနီဟာ ကလပ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီနေ့မှာ အသင်းဖော်သစ်တွေနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပြီး ပီအက်စ်ဂျီနဲ့ တွေ့ဆုံရမယ့် ပွဲဦးထွက် အတွက် ပြင်ဆင်နေပါတယ်။

မန်ချက်စတာယူနိုက်တက် အမျိုးသမီးအသင်းကတော့ မနေ့က ဝက်စ်ဟမ်းကို ၄-၂နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရာသီအစ ၅ပွဲမှာ ၄ပွဲနိုင်၊ ၁ပွဲသရေနဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းခဲ့ကာ အဆင့်၃ နေရာမှာ ရပ်တည်နေပါတယ်။

ပေါလ်စခိုးရဲ့ ပေါ့တ်ဗေးလ်အသင်းဟာ ဆဲလ်ဖို့ဒ်စီးတီးကို ၁-ဝနဲ့ အနိုင်ရခဲ့တဲ့နောက် ဆဲလ်ဖို့ဒ် အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂယ်ရီနဗီးနဲ့ ခရစ်ကက်စ်ပါတို့က သူတို့ အသင်းမှာ နည်းပြလာလုပ်ဖို့ စခိုးလ်ကို ကမ်းလှမ်းခဲ့ပေမယ့် စခိုးလ်ကတော့ ငြင်းပယ်ခဲ့ပါတယ်။

နယူးကာဆယ် ဂိုးသမား ကားလ်ဒါလိုးဟာ ဘရူနိုဖာနန်ဒက်စ် ကန်မယ့် ပင်နယ်တီကို ခန့်မှန်းနိုင်ခဲ့ပြီး ကာကွယ်နိုင်ခဲ့သလို သူ့ရဲ့ ပင်နယ်တီမလွဲတဲ့စံချိန်ကို ရပ်တန့်နိုင်ခဲ့တဲ့နောက် ယူနိုက်တက် ကွင်းလယ်လူက ချီးကျူးပြောဆိုခဲ့ပါတယ်။

ဒေါ့မွန်ဟာ ဘယ်ကစားသမားကိုမှ မရောင်းနိုင်ဘူး ဆိုတာ မရှိဘူးလို့ စီအီးအို ဝက်ဇ်ကီက ဝန်ခံခဲ့ပြီး ဆန်ချိုရဲ့ အပြောင်းအရွှေ့ကိစ္စကို တံခါးဖွင့်ပေးခဲ့တဲ့နောက် ယူနိုက်တက်အနေနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်တွေ ပြန်ရှင်သန် လာခဲ့ပါတယ်။

Zawgyi – စပို႔တင္းလစၥဘြန္းဟာ သူတို႔ရဲ႕ တက္သစ္စ ၾကယ္ပြင့္ လူးဝစ္ဂိုမက္ကို တခ်ိန္မွာ ေရာင္းခ်ရဖို႔ ျဖစ္လာရင္ ေပါင္ ၁၄သန္းနဲ႔ ယူႏိုက္တက္ထံ ေရာင္းခ်မွာျဖစ္ေၾကာင္း အဂၤလန္ထိပ္သီးကလပ္နဲ႔ သေဘာတူညီမႈ ယူခဲ့ပါတယ္။

ယူႏိုက္တက္ ကစားသမားသစ္ ပယ္လီစထြီဟာ လ်င္ျမန္ၿပီး လြယ္လြယ္ေက်ာ္ျဖတ္ႏိုင္သူ ျဖစ္သလို ႐ိုင္ယန္ဂစ္လို အလိမ္အေခါက္ေတြ လုပ္တတ္ၿပီး ကြင္းလယ္ကေန တိုက္စစ္ဆီ ေဘာလုံး ပံ့ပိုးမႈ လုပ္ႏိုင္သူျဖစ္တယ္လို႔ ဒီေယဂိုေဖာ္လန္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ ကစားသမားသစ္ ကာဗာနီဟာ ကလပ္ထံ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဒီေန႔မွာ အသင္းေဖာ္သစ္ေတြနဲ႔ ေလ့က်င့္ေရးဆင္းခဲ့ၿပီး ပီအက္စ္ဂ်ီနဲ႔ ေတြ႕ဆုံရမယ့္ ပြဲဦးထြက္ အတြက္ ျပင္ဆင္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အမ်ိဳးသမီးအသင္းကေတာ့ မေန႔က ဝက္စ္ဟမ္းကို ၄-၂နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ရာသီအစ ၅ပြဲမွာ ၄ပြဲႏိုင္၊ ၁ပြဲသေရနဲ႔ ရႈံးပြဲမရွိ မွတ္တမ္းကို ဆက္လက္ ထိန္းသိမ္းခဲ့ကာ အဆင့္၃ ေနရာမွာ ရပ္တည္ေနပါတယ္။

ေပါလ္စခိုးရဲ႕ ေပါ့တ္ေဗးလ္အသင္းဟာ ဆဲလ္ဖို႔ဒ္စီးတီးကို ၁-၀နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ ဆဲလ္ဖို႔ဒ္ အသင္းပိုင္ရွင္ေတြျဖစ္တဲ့ ဂယ္ရီနဗီးနဲ႔ ခရစ္ကက္စ္ပါတို႔က သူတို႔ အသင္းမွာ နည္းျပလာလုပ္ဖို႔ စခိုးလ္ကို ကမ္းလွမ္းခဲ့ေပမယ့္ စခိုးလ္ကေတာ့ ျငင္းပယ္ခဲ့ပါတယ္။

နယူးကာဆယ္ ဂိုးသမား ကားလ္ဒါလိုးဟာ ဘ႐ူႏိုဖာနန္ဒက္စ္ ကန္မယ့္ ပင္နယ္တီကို ခန႔္မွန္းႏိုင္ခဲ့ၿပီး ကာကြယ္ႏိုင္ခဲ့သလို သူ႔ရဲ႕ ပင္နယ္တီမလြဲတဲ့စံခ်ိန္ကို ရပ္တန္႔နိုင္ခဲ့တဲ့ေနာက္ ယူႏိုက္တက္ ကြင္းလယ္လူက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ေဒါ့မြန္ဟာ ဘယ္ကစားသမားကိုမွ မေရာင္းႏိုင္ဘူး ဆိုတာ မရွိဘူးလို႔ စီအီးအို ဝက္ဇ္ကီက ဝန္ခံခဲ့ၿပီး ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥကို တံခါးဖြင့္ေပးခဲ့တဲ့ေနာက္ ယူႏိုက္တက္အေနနဲ႔ သူ႔ကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ျပန္ရွင္သန္ လာခဲ့ပါတယ္။