ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (19/10/20)

အသင်းခေါင်းဆောင် မက်ဂွဲရားဟာ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နေရပေမယ့် ဝေဖန်သူတွေကို တုံ့ပြန်နိုင်ခဲ့သလို ၎င်းဟာ ကလပ်ကို ပိုတောက်ပတဲ့ အနာဂတ်ဆီ တွန်းပို့ပေးနိုင်သူ ဖြစ်တယ်လို့ ဘရူနိုဖာနန်ဒက်စ်က ထောက်ခံခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်း ပရိသတ်များကတော့ အသင်း ကွင်းလယ်မှာ မာတစ်နဲ့ ဗန်ဒီဘိခ် တို့ကို တွဲဖက် ကစားစေလိုနေကြပြီး နယူးကာဆယ်နဲ့ ပွဲမှာ ထိုအတွဲအဖက်ကို မြင်ခဲ့ရတာ သဘောကျနေကြပါတယ်။

ပေါ့ဘာဟာ ကွင်းလယ်သမား တစ်ယောက် ရှိရမယ့် အလုံးစုံ အရည်အချင်းတွေ ရှိပြီး တစ်ဦးချင်း ရင်ဆိုင်မှု၊ ဧရိယာထဲ လှုပ်ရှားမှု၊ လိုင်းအနိမ့် အမြင့်အတိုင်း ကစားတာ အားလုံး လုပ်နိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ဟာရဲရားက ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

ယူနိုက်တက်မှ ဒဏ်ရာရှိ ကစားသမားတွေ ဖြစ်တဲ့ တူရမ်ဇီဘီနဲ့ ရိုဂျိုတို့ဟာ ပီအက်စ်ဂျီနဲ့ ပွဲ အတွက် ပွဲကြို ထရိန်နင် လေ့ကျင့်မှုတွေထဲ ပူးပေါင်းပါဝင်လာခဲ့တာ တွေ့ရပါတယ်။

ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ဗာရက်တီဟာ ပေါင်ခြံ ဒဏ်ရာ ရသွားတာကြောင့် သီတင်းပတ် ၃ ပတ်လောက် နားရဖို့ ရှိရာ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ပွဲကို သေချာပေါက် လွဲချော်ပြီ ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့နောက် ယူနိုက်တက်နဲ့ ရာနှုန်းပြည့် ပင်နယ်တီ ကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်တဲ့ မှတ်တမ်းကောင်း ကျိုးပျက်ခဲ့ရတဲ့ ဖာနန်ဒက်စ်က နောက်အကြိမ်များမှာ ဒီလို ထပ် မဖြစ်စေရဘူးလို့ ပရိသတ်တွေအား ကတိပေးလိုက်ပါတယ်။

Zawgyi – အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ေနရေပမယ့္ ေဝဖန္သူေတြကို တုံ႔ျပန္ႏိုင္ခဲ့သလို ၎ဟာ ကလပ္ကို ပိုေတာက္ပတဲ့ အနာဂတ္ဆီ တြန္းပို႔ေပးႏိုင္သူ ျဖစ္တယ္လို႔ ဘ႐ူႏိုဖာနန္ဒက္စ္က ေထာက္ခံခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္း ပရိသတ္မ်ားကေတာ့ အသင္း ကြင္းလယ္မွာ မာတစ္နဲ႕ ဗန္ဒီဘိခ္ တို႔ကို တြဲဖက္ ကစားေစလိုေနၾကျပီး နယူးကာဆယ္နဲ႕ ပြဲမွာ ထိုအတြဲအဖက္ကို ျမင္ခဲ့ရတာ သေဘာက်ေနၾကပါတယ္။

ေပါ့ဘာဟာ ကြင္းလယ္သမား တစ္ေယာက္ ရွိရမယ့္ အလံုးစံု အရည္အခ်င္းေတြ ရွိျပီး တစ္ဦးခ်င္း ရင္ဆိုင္မႈ၊ ဧရိယာထဲ လႈပ္ရွားမႈ၊ လိုင္းအနိမ့္ အျမင့္အတိုင္း ကစားတာ အားလံုး လုပ္နိုင္တဲ့ ကစားသမား ျဖစ္ေၾကာင္း ဟာရဲရားက ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ပါတယ္။

ယူနိုက္တက္မွ ဒဏ္ရာရွိ ကစားသမားေတြ ျဖစ္တဲ့ တူရမ္ဇီဘီနဲ႕ ရိုဂ်ိဳတို႔ဟာ ပီအက္စ္ဂ်ီနဲ႕ ပြဲ အတြက္ ပြဲၾကိဳ ထရိန္နင္ ေလ့က်င့္မႈေတြထဲ ပူးေပါင္းပါ၀င္လာခဲ့တာ ေတြ႕ရပါတယ္။

ပီအက္စ္ဂ်ီ ကြင္းလယ္ကစားသမား ဗာရက္တီဟာ ေပါင္ျခံ ဒဏ္ရာ ရသြားတာေၾကာင့္ သီတင္းပတ္ ၃ ပတ္ေလာက္ နားရဖို႔ ရွိရာ ယူနိုက္တက္နဲ႕ ခ်န္ပီယံလိဂ္ ပြဲကို ေသခ်ာေပါက္ လြဲေခ်ာ္ျပီ ျဖစ္ပါတယ္။

နယူးကာဆယ္နဲ႕ ပြဲမွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ေနာက္ ယူနိုက္တက္နဲ႕ ရာႏႈန္းျပည့္ ပင္နယ္တီ ကေန ဂိုးအျဖစ္ ေျပာင္းလဲနိုင္တဲ့ မွတ္တမ္းေကာင္း က်ိဳးပ်က္ခဲ့ရတဲ့ ဖာနန္ဒက္စ္က ေနာက္အၾကိမ္မ်ားမွာ ဒီလို ထပ္ မျဖစ္ေစရဘူးလို႔ ပရိသတ္ေတြအား ကတိေပးလိုက္ပါတယ္။